Published
Monday, June 26, 2017
မြန်မာဘာသာ အစီအစဉ် (ဇွန်လ ၂၅၊ ၂၀၁၇)
ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၊ ၂၁ ရာစု ပင်လုံ ညီလာခံ ကနေပြီး ပြည်ထောင်စု အစိတ်အပိုင်းအဖြစ် အတည်ပြု လက်မှတ်ရေးထိုးခဲ့တဲ့အချက် ၃၇ ချက်ဟာ တိုင်းရင်းသားအားလုံးကို ကိုယ်စားမပြုဘူးလိုု့ UNFC ဥက္ကဋ္ဌက ပြောဆိုုလိုုက်ပါတယ်။
ကချင်ပြည်နယ်မှာတော့ အစိုးရတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ တိုက်ပွဲကြောင့် တနိုင်းမြို့ပေါ် ထပ်မံရောက်ရှိလာကြတဲ့ စစ်ဘေးဒုက္ခသည်တွေ အကူအညီ လိုအပ်နေတယ်လို့ ပြောပါတယ်။
ရခုုိင်ပြည်နယ်မှာတော့ မိုရာမုန်တိုင်းပြီးတဲ့နောက်ပိုင်း ရွှံ့စေးတွေပါဝင်တဲ့ နောက်ကျိနေတဲ့ရေတွေကို စစ်တွေမြို့နယ်မှာရှိတဲ့ ဒေသခံပြည်သူလူထုတွေ သုံးစွဲနေကြရပါတယ်။






