ရခိုင်ရာဇဝင်သစ်ကျမ်းရေးသားပြုစုသူ အရှင်စန္ဒမာလာလင်္ကာရအထိမ်းအမှတ်ပွဲကို ရခိုင်တစ်ပြည်နယ်လုံးပြုလုပ်ရန် ရမ်းဗြဲဒေသခံများလိုလား

ရခိုင်ရာဇဝင်သစ်ကျမ်းရေးသားပြုစုသူ အရှင်စန္ဒမာလာလင်္ကာရအထိမ်းအမှတ်ပွဲကို ရခိုင်တစ်ပြည်နယ်လုံးပြုလုပ်ရန် ရမ်းဗြဲဒေသခံများလိုလား

ရခိုင်ရာဇဝင်သစ်ကျမ်းကိုရေးသားပြုစုခဲ့သည့် ရမ်းဗြဲတောင်ကျောင်းဆရာတော် အရှင်စန္ဒမာလာလင်္ကာရပျံလွန်တော်မူခြင်း နှစ်(၉၀)ပြည့်အထိမ်းအမှတ်ပွဲတော်ကို ရမ်းဗြဲလူငယ်ကွန်ယက်မှ ဦးဆောင်ကာ ရမ်းဗြဲမြို့တွင် ဒီဇင်ဘာ ၃ ရက်နေ့က  နေ့ပြုလုပ်ခဲ့သည်။

ဘာသာရေးသာမက အမျိုးသားရေးအတွက်ပါ စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သော ဆရာတော်၏အထိမ်းအမှတ်ပွဲကို ရခိုင်တစ်ပြည်နယ်လုံးတွင်ပြုလုပ်စေလိုကြောင်း ရမ်းဗြဲလူငယ်ကွန်ယက် ဥက္ကဋ္ဌ မဆုမြတ်ထွေးကပြောသည်။

"ရခိုင်တစ်ပြည်နယ်လုံးကို ဆရာတော်ကြီးအထိမ်းအမှတ်လုပ်စေချင်တယ်။ ပြီးတော့ ဒီဇင်ဘာ ၃ ရက်နေ့ကို ဆရာတော်ကြီးအထိမ်းအမှတ်နေ့အဖြစ်လဲ ရခိုင်ပြက္ခဒိန်တွေမှာပါ ထည့်စေချင်တယ်"ဟု ၎င်းကပြောသည်။

ယမန်နေ့ကပြုလုပ်သည့် ဆရာတော်ပျံလွန်တော်မူခြင်း နှစ်(၉၀)ပြည့်အထိမ်းအမှတ်ပွဲတွင် ဆရာတော်အကြောင်းနှင့်ပတ်သက်သည့် ဉာဏ်စမ်းပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲများကို ထည့်သွင်းကျင်းပခဲ့ကြသည်။

ရမ်းဗြဲလူငယ်များမှဦးဆောင်ပြီး ဆရာတော်ကြီး၏အခမ်းအနားလုပ်ဆောင်သည့်အပေါ် ဝမ်းမြောက်ကြောင်း ရမ်းဗြဲမြို့ခံ ကိုထွန်းနိုင်ကပြောသည်။

"အရင်တုန်းက အခုလိုမျိုးလုပ်တာမရှိခဲ့ဘူး။ အခုလူငယ်တွေ စည်စည်ကားကားနဲ့ လုပ်တာတွေ့တော့ဝမ်းမြောက်မိတယ်။ ဆရာတော်က အမျိုးသားရေးအတွက် အရေးပါတဲ့ပုဂ္ဂိုလ်တစ်ဦးလဲဖြစ်တော့ ရခိုင်က မြို့နယ်တွေအကုန်လုံးလုပ်စေချင်တယ်"ဟု ၎င်းကဆိုသည်။

ဆရာတော်အရှင်စန္ဒမာလာလင်္ကာရ၏ အထိမ်းအမှတ်ပွဲတော်ကို ရမ်းဗြဲမြို့တွင် ဒုတိယအကြိမ်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဆရာတော်စန္ဒမာလာလင်္ကာရမှာ ရမ်းဗြဲမြို့နယ် ဇာတိဖြစ်ပြီး ဘာသာရေးအပြင် ရခိုင်သမိုင်းနှင့်ရာဇဝင်များကိုပါ ရေးသားခဲ့သူဖြစ်သည်။ ၁၉၃၁ ခုနှစ်တွင် ဆရာတော်အရှင်စန္ဒမာလာလင်္ကာရ ပျံလွန်တော်မူခဲ့သည်။

August 10, 2026
စစ်အုပ်စုတပ်က ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပေါ်တွင် ရန်ကုန်မှ ကုန်တင်သင်္ဘော...
ဓာတ်ပုံ - စစ်တပ်ပြန်ကြားရေး (စစ်တပ်၏ စစ်ရေးလေ့ကျင့်မှုတစ်ခုကို တွေ့ရစဉ်)
August 8, 2026
ရခိုင်ပြည်နှင့် မကွေးတိုင်းအစပ်၊ မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းအနီးရှိ...
ဓာတ်ပုံ - ပေးပို့ / တရုတ်နိုင်ငံ၊ ကျင်းဟုန်မြို့တွင် ဖမ်းဆီးခံရသည့် မြန်မာလုပ်သားများကို တွေ့ရစဉ်
August 7, 2026
တရုတ်အာဏာပိုင်များက ဖမ်းဆီးပြီးနောက် ပြန်လည်လွှဲပြောင်းပေးလိုက်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမား...
ဓာတ်ပုံ - (DMG) ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် တွေ့ရသည့် AA တပ်ဖွဲ့ဝင်တစ်ဦး။
August 7, 2026
စစ်အုပ်စုနှင့် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တို့ သဘောတူညီထားကြသည့် ဘင်္ဂလားဒေ့ရှ်-မြန်မာ...