မြောက်ဦးမှ လူငယ်စာရေးဆရာ၏အမှုကို လာမည့်ရုံးချိန်းတွင် နှစ်ဖက်ရှေ့နေများ လျှောက်လဲချက်ပေးမည်

မြောက်ဦးမှ လူငယ်စာရေးဆရာ၏အမှုကို လာမည့်ရုံးချိန်းတွင် နှစ်ဖက်ရှေ့နေများ လျှောက်လဲချက်ပေးမည်

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)နှင့် ဆက်စပ်သည်ဆိုသည့် စွပ်စွဲချက်ဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသော မြောက်ဦးမြို့နယ်၊ ပန်းမော်ကျေးရွာမှ လူငယ်စာရေးဆရာအမှုတွင် သက်သေအားလုံးစစ်ဆေးပြီးဖြစ်၍ လာမည့်ရုံးချိန်းတွင် နှစ်ဖက်ရှေ့နေလျှောက်လဲချက်ကြားနာသွားမည်ဖြစ်ကြောင်း ရှေ့နေထံမှသိရသည်။

အမှုကို ယနေ့ ဒီဇင်ဘာလ ၃ ရက်နေ့တွင် မြောက်ဦးခရိုင်တရားရုံး၌ရုံးထုတ်စစ်ဆေးကာ ကျန်ရှိနေသည့် တရားလိုပြသက်သေ ၃ ဦးကို စစ်ဆေးနိုင်ခဲ့ကြောင်း သဇင်ဥပဒေဆိုင်ရာအဖွဲ့အစည်းမှ အထက်တန်းရှေ့နေ ဦးကျော်စိုးလင်းကပြောသည်။

“ဒီနေ့မှာ ကျန်တဲ့တရားလိုပြသက်သေသုံးယောက်ကို စစ်ဆေးခဲ့တယ်။ လာမယ့်ရုံးချိန်းမှာ စွဲချက်လျှောက်လဲချက်ကြားနာဖို့ချိန်းထားတယ်”ဟု ရှေ့နေဦးကျော်စိုးလင်းက ပြောသည်။

လူငယ်စာရေးဆရာ မင်းဒီပါကို ပြီးခဲ့သည့်အောက်တိုဘာလ ၁၅ ရက် နေ့လည်ပိုင်းတွင်ဖမ်းဆီးခံရပြီး (PDF)ကို ငွေကြေးထောက်ပံ့သည်ဆိုသည့်စွပ်စွဲချက်နှင့် မြောက်ဦးမြို့ရဲစခန်းမှ ဒုရဲမှူးစိုးတင်က တရားလိုပြုလုပ်ကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၀(ည)ဖြင့် တရားစွဲဆိုထားသည်။

အဆိုပါအမှုတွင် တရားလိုအပါအဝင် လိုပြသက်သေစုစုပေါင်း ၇ ဦးရှိပြီး ပြီးခဲ့သည့်ရုံးချိန်းမှာ လိုပြသက်သေ ၄ ဦးကို စစ်ဆေးနိုင်ခဲ့ကြောင်း သိရသည်။

အမှုနှင့်ပတ်သက်၍ နှစ်ဖက်ရှေ့နေများ၏ လျှောက်လဲချက်ကိုကြားနာရန် လာမည့်ဒီဇင်ဘာလ ၁၀ ရက်နေ့ကို ရုံးချိန်းပေးလိုက်ကြောင်း သိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)နှင့် ဆက်စပ်သည်ဆိုသည့်စွပ်စွဲချက်ဖြင့် ရခိုင်ပြည်အတွင်းမှ ဖမ်းဆီးခံထားရသူ ၆ ဦးရှိပြီး မြောက်ဦးမြို့နယ်မှ ၁ ဦးနှင့် သံတွဲမြို့နယ်မှ ၅ ဦးတို့ဖြစ်ကြသည်။

PDF နှင့်ဆက်စပ်ဖမ်းဆီးပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၂(က)ဖြင့် တရားစွဲဆိုခံထားရသည့် ကိုစိန်ချစ်နှင့် ကိုရဲနိုင်ဦးတို့အမှုတွင် တရားလိုပြသက်သေ ၁၃ ဦးရှိပြီး ပြီးခဲ့သည့် ဒီဇင်ဘာ ၁ ရက်နေ့ရုံးချိန်းတွင် လိုပြသက်သေ ၃ ဦးကို စစ်ဆေးနိုင်ခဲ့ပြီး ကျန်သက်သေများအားဆက်လက်စစ်ဆေးရန် လာမည့်ဒီဇင်ဘာလ ၈ ရက်နေ့ကို ရုံးချိန်းထားကြောင်းသိရသည်။

(DMG) နှစ်နိုင်ငံ ကုန်သွယ်မှုပြုလုပ်နေသော မောင်တော ကညင်ချောင်း စီးပွားရေးဇုန် နေရာ
August 11, 2026
ရခိုင်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား နယ်စပ်ကုန်သွယ်မှုများ ရှိနေသော်လည်း အခွန်နှုန်းထား...
ဓါတ်ပုံ - (EPA/EFE) ရွှေသောင်ယံကမ်းခြေတွင် ပြုလုပ်ခဲ့သော စစ်အုပ်စု၏ စစ်ဆင်ရေး လေ့ကျင့်မှု။ (ပုံဟောင်း)
August 11, 2026
တိုက်ပွဲများ ပြင်းထန်နေသည့် ရခိုင်ပြည်၊ ကျောက်ဖြူ စစ်မျက်နှာများတွင် စစ်တပ်က အကျအရှုံး...
August 10, 2026
စစ်အုပ်စုတပ်က ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပေါ်တွင် ရန်ကုန်မှ ကုန်တင်သင်္ဘော...
ဓာတ်ပုံ - စစ်တပ်ပြန်ကြားရေး (စစ်တပ်၏ စစ်ရေးလေ့ကျင့်မှုတစ်ခုကို တွေ့ရစဉ်)
August 8, 2026
ရခိုင်ပြည်နှင့် မကွေးတိုင်းအစပ်၊ မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းအနီးရှိ...