မိုးမောက်မြို့ ဘုရားကျောင်းနှင့် စစ်ရှောင်စခန်းကို စစ်ကောင်စီတပ်ဖွဲ့ လက်နက်ကြီးပစ်ခတ်

မိုးမောက်မြို့ ဘုရားကျောင်းနှင့် စစ်ရှောင်စခန်းကို စစ်ကောင်စီတပ်ဖွဲ့ လက်နက်ကြီးပစ်ခတ်

မိုးမောက်မြို့တွင် လူနေရပ်ကွက်ကို အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ လက်နက်ကြီးများ ပစ်ခတ်ခဲ့သောကြောင့် ကြေးနန်းရပ်ကွက်ရှိ ဘုရားကျောင်းနှင့် စစ်ရှောင်စခန်းဝန်းတွင် ထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၂၈ ရက်နေ့ ညနေပိုင်း ၃ နာရီခွဲဝန်းကျင်ခန့်တွင် ခမရ ၄၃၇ တပ်ရင်းမှ စစ်အင်အား ၁၀၀ ဝန်းကျင်ခန့်က ကြေးနန်းရပ်ကွက်ဘက်သို့ လက်နက်ကြီးများ ပစ်ခတ်ခဲ့သဖြင့် ကချင်နှစ်ခြင်းခရစ်ယာန်ကျောင်းဝင်းနှင့် ဧဒင်စစ်ရှောင်စခန်းတွင် လက်နက်ကြီးထိမှန်ထားသည်ဟု မိုးမောက်ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုထားသည်။

“စစ်သားတွေက သူတို့ရဲ့စခန်းကနေ ကြေးနန်းရပ်ကွက်ဘက်ကို တက်လာတဲ့အချိန် ဘုရားကျောင်းဝင်းအနီးမှာ မိုင်းတစ်ခါဖောက်ခွဲတယ်။ ပြီးတာနဲ့ အနီးတဝိုက် အကုန် လက်နက်ကြီးတွေပစ်ခတ်တယ်။ ဘုရားကျောင်းဝင်းအတွင်းမှာလည်း လက်နက်ကြီးကျတယ်။ နောက် စစ်ရှောင်စခန်းလည်း ထိသွားတယ်”ဟုပြောဆိုသည်။

စစ်ကောင်တပ်ဖွဲ့က လက်နက်ကြီးများ ပစ်ခတ်မှုများပြုလုပ်ခဲ့သည့်သာမက ဒေသခံပြည်သူများ ၃၀ ဝန်းကျင်ခန့်ကို လူသားဒိုင်းအဖြစ်အသုံးပြုကာ မြို့ပတ် စစ်ရေးလှုပ်ရှားမှုများပြုလုပ်ခဲ့သည်ဟု သူကဆက်ဆိုထားသည်။

“စျေးနားအနီးတဝိုက်သွားလာနေတဲ့ ပြည်သူတွေကို သူတို့သွားတဲ့ဘက်ကို အတူတူခေါ်သွားတယ်လို့ သိရတယ်။ ဘယ်ကို ခေါ်သွားတယ်ဆိုတာက သေချာမသိဘူး။ ဒါပေမယ့် သိရသလောက်က မြို့တွင်းမှာဘဲတဲ့။ ဆေးရုံကြီးနဲ့ အ.ထ.က ကျောင်းအနီးတဝိုက်တွေမှာ အကုန်ပတ်ခေါ်တယ်လို့ဘဲကြားတယ်။ ပြီးရင် သူတို့ရဲ့စခန်းဘက်ကို ပြန်ဆင်းသွားကြတယ်”ဟုပြောဆိုသည်။

အဆိုပါ လူသားဒိုင်းအဖြစ်ခေါ်ဆောင်သွားသည့် ဒေသခံပြည်သူများ ၃၀ ကျော်ခန့်ကို ညနေပိုင်း ၅နာရီဝန်းကျင်တွင် ပြန်လွတ်ပေးလိုက်ကြောင်းလည်း သိရသည်။

စစ်ကောင်စီ၏ လက်ချက်ကြောင့် စစ်ရှောင်စခန်းအတွင်းရှိ စစ်ရှောင်ပြည်သူများ ဝတ်ပြုဆောင်လည်း ကျည်ထိမှန်ထားပြီး စစ်ရှောင်ပြည်သူများ အသုံးပြုနေသည့် အိမ်စီးကားတစ်စီးလည်း ထိခိုက်ပျက်စီးသွားကြောင်းသိရသည်။

စစ်ကောင်တပ်ဖွဲ့အနေဖြင့် လူနေရပ်ကွက်အတွင်း လက်နက်ကြီးများ လာရောက်ပစ်ခတ်မှုများပြုလုပ်ခဲ့သောကြောင့် မိုးမောက်ဒေသခံများအနေဖြင့် သတိထားပြီး သွားလာနေရသည်ဟု သိရသည်။

ဓာတ်ပုံ - (ရွှေကူမြို့နယ်အတွင်း စစ်အုပ်စုတပ်မှ ဗုံးကြဲတိုက်ခိုက်ခံရသည့် မြင်ကွင်း။ / Crd)
September 14, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် တစ်လခွဲအတွင်း ကျေးရွာပေါင်း ၁၈ ရွာအထိ စစ်အုပ်စုတပ်၏ လေကြောင်း...
စစ်အုပ်စု၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC / Crd
September 14, 2026
စစ်အုပ်စု၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) က ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)...
မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့ကို ဆက်သွယ်ထားသည့် ဗလမင်းထင်တံတား မြင်ကွင်း။
September 12, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့သို့ အခြေခံ စားသောက်ကုန်များ ဝင်ရောက်ရာ ဗလမင်းထင်တံတားမှ ကုန်ပစ္စည်း...
ရှေ့တန်းတစ်နေရာတွင် မြင်တွေ့ရသည့် KIA နှင့် PDF ပူးပေါင်းတပ်များ
September 11, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးဒေသတွင် စစ်အုပ်စုတပ်၊ ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်အဖွဲ့နှင့် ကချင်လွတ်လပ်ရေး...