မုံးကိုးမြို့နယ်မှာ စစ်ကောင်စီက လက်နက်ကြီးဆက်တိုက်ပစ်ခတ်

မုံးကိုးမြို့နယ်မှာ စစ်ကောင်စီက လက်နက်ကြီးဆက်တိုက်ပစ်ခတ်

ရှမ်းပြည်နယ် မြောက်ပိုင်း တရုတ်နယ်စပ် မုံးကိုးမြို့နယ်ခွဲမှာ ယနေ့ နိုဝင်ဘာလ ၂၇ ရက်နေ့ မနက်ပိုင်း ၁၀ နာရီ ဝန်းကျင်ကစတင်၍ မုံးကိုး ဗျူဟာကနေ လက်နက်ကြီးများနဲ့ ပစ်ခတ်မှု ဆက်တိုက်ပြုလုပ်ခဲ့ကြောင်း ဒေသခံများထံမှ သိရပါတယ်။

“နာရီဝက်လောက်ရှိပြီ။ အကြီးရော အသေးရော အသံကြားနေရတယ်။ ကြားရတာ မုံးကိုး မန်ဂျက်တောင်ဘက် ဖြစ်မယ်။ မုံးကိုးဗျူဟာ ကုန်းကနေ လက်နက်ကြီးတွေ ဒီမနက် ၁၀ နာရီဝန်းကျင်က မိန်စ် အနည်းငယ်ကြာအပြင်းအထန် ပစ်ပေးနေတယ်။ ပြန်ငြိမ်သွားပြီး နေ့လည် ၁၂ ဝန်းကျင် ကတည်းက နားလိုက် ပစ်လိုက် ဖြစ်နေတယ်။” လို့ မုံးကိုး ဒေသခံ တဦးက ပြောပါတယ်။

နိုဝင်ဘာလ ၂၆ ရက်နေ့ကလည်း မုံးမြို့နယ် တခွင်လုံးမှာ လေယာဉ်ဖြင့် ပျံဝဲမှုများရှိခဲ့ကြောင်း ဒေသခံများထံမှ သိရပါတယ်။

“ဒီနေ့ လေယာဉ်က တရုတ်ဘက်ကလားမသိဘူး။ ဒီ နယ်စပ် တလျှောက်မှာ လိုက်ပတ် ပျံဝဲနေတယ်။” လို့ ဒေသ ခံ တဦးက ပြောပါတယ်။

နိုဝင်ဘာလ ၂၄ ရက်နေ့က ၁၄ မိုင်အနီး မန်ဟွမ်လမ်းဆုံမှာ မနက် ၁ နာရီ ခွဲခန့်ကစ ၂ နာရီ ကျော်အထိ၊ ချင်ချိုင့်ထန်တောင်မှာ မနက် ၉ နာရီ ၄၅ မိနစ်မှ နေ့လည် ၁၂ နာရီကျော်အထိ၊ ရှိစန်းဒေသ၊ ဝကျိရွာမှာ ညနေ ၃ နာရီ ဝန်းကျင်က စစ်ကောင်စီ ကင်းလှည့်အဖွဲ့နဲ့ ၁၀ မိနစ်ခန့် ထိတွေ့ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ဖောင်းဆိုင် စစ်ကောင်စီ အမြောက်တပ်ကနေ MNDAA တပ်စခန်းရှိရာ ဆုတောင်းတောင်နဲ့ မန်းယန် ဘက်ကို တနေကုန် လက်နက်ကြီးကျည် ၆၀ ကျော်ခန့်ပစ်ခတ်ခဲ့ကြောင်း ကိုးကန့်ဘက်က နိုဝင်ဘာလ ၂၅ ရက်နေ့က သတင်း ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီက မုံးကိုးမြို့နယ်သို့ အဆက်မပြတ် စစ်အင်အားတိုးချဲ့ စစ်ကြောင်းထိုးလာနေပြီး ကိုးကန့်  MNDAA နဲ့ သံလွင်မြစ်အနောက်ဘက်ခြမ်းတလျှောက်သာမက ရှမ်းမြောက် နေရာအနံ့တွင် တိုက်ပွဲဆက်လက်ဖြစ်ပွား နေကြောင်း ၎င်း သတင်းအရသိရပါတယ်။

ဓာတ်ပုံ - (ရွှေကူမြို့နယ်အတွင်း စစ်အုပ်စုတပ်မှ ဗုံးကြဲတိုက်ခိုက်ခံရသည့် မြင်ကွင်း။ / Crd)
September 14, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် တစ်လခွဲအတွင်း ကျေးရွာပေါင်း ၁၈ ရွာအထိ စစ်အုပ်စုတပ်၏ လေကြောင်း...
စစ်အုပ်စု၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC / Crd
September 14, 2026
စစ်အုပ်စု၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) က ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)...
မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့ကို ဆက်သွယ်ထားသည့် ဗလမင်းထင်တံတား မြင်ကွင်း။
September 12, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့သို့ အခြေခံ စားသောက်ကုန်များ ဝင်ရောက်ရာ ဗလမင်းထင်တံတားမှ ကုန်ပစ္စည်း...
ရှေ့တန်းတစ်နေရာတွင် မြင်တွေ့ရသည့် KIA နှင့် PDF ပူးပေါင်းတပ်များ
September 11, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးဒေသတွင် စစ်အုပ်စုတပ်၊ ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်အဖွဲ့နှင့် ကချင်လွတ်လပ်ရေး...