အမ်းတွင် နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်စဉ် တောင်းယူထားသည့်ငွေကို ပြန်ပေးလာ

အမ်းတွင် နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်စဉ် တောင်းယူထားသည့်ငွေကို ပြန်ပေးလာ

ရခိုင်ပြည်နယ် အမ်းမြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်စဉ် တောင်းယူထားသည့်ငွေကို မြို့နယ်လဝကရုံးဝန်ထမ်းများမှ နေအိမ်သို့လာ၍ ပြန်လည်ပေးအပ်လာကြောင်း ကာယကံရှင်ထံမှ သိရသည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရန်အတွက် ယခုနိုဝင်ဘာလ တတိယအပတ်က အမ်းမြို့နယ်လဝကရုံးတွင် နိုင်ငံသားစိစစ်ကတ်သွားရောက်ပြုလုပ်ခဲ့စဉ် ငွေ ၅၀၀၀ ကျပ်ပေးဆောင်ခဲ့ရကြောင်း ကာယကံရှင်က DMG သို့ ပြောသည်။

ယင်းသို့အမ်းမြို့နယ်လဝကရုံးတွင် နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်ခအဖြစ် ငွေ ၅၀၀၀ ကျပ်ပေးဆောင်ရကြောင်းကို လူမှုကွန်ယက်စာမျက်နှာပေါ်ပြန့်နှံ့လာပြီးနောက်တွင် လဝကရုံးဝန်ထမ်းများမှ ငွေအားပြန်လည်ပေးအပ်လာခြင်းဖြစ်ကြောင်း သိရသည်။

"မှတ်ပုံတင်ခ ၅၀၀၀ ပေးရတာကို လဝကရုံးကလူတွေ လာပေးသွားတယ်။ နောက်တစ်ကြိမ်မှတ်ပုံတင်လုပ်မယ်ဆိုရင် ခင်ဗျားတို့ တော်တော်ခက်ခဲမှုရှိလိမ့်မယ်လို့လဲ ခြိမ်းခြောက်ပြောဆိုသွားတယ်"ဟု ကာယကံရှင်ကပြောသည်။

မြန်မာနိုင်ငံသားတစ်ဦးဖြစ်သော်လည်း နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်ရန် ခက်ခဲမည်ဟုပြောဆိုခြင်းမှာမဖြစ်သင့်ကြောင်း ၎င်းကဆိုသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ အမ်းမြို့နယ်လဝကရုံးမှ တာဝန်ရှိသူများကို DMG မှ ဆက်သွယ်မေးမြန်းရန်ကြိုးပမ်းခဲ့သော်လည်း အဆက်အသွယ်မရခဲ့ပေ။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်ကလည်း ရခိုင်ပြည်နယ်နယ် မင်းပြားမြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ်လှဲလှယ်ခြင်းအတွက် ငွေကျပ်တစ်သောင်းခွဲပေးရသည့်ကိစ္စ လူမှုကွန်ယက်ပေါ်ပျံနှံ့ခဲ့မှုကြောင့် လဝကဝန်ထမ်းများမှ နေအိမ်သို့လာရောက်တောင်းပန်ကာ ငွေပြန်ပေးအပ်ခဲ့သည်ဖြစ်စဉ်လည်းရှိခဲ့သည်။

နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်ရန်အတွက် လိုအပ်သည့် ကျောင်းထောက်ခံစာ၊ ရပ်ကွက်ထောက်ခံစာတို့အတွက်လည်း ငွေကြေးပေးဆောင်ရသည့်အပြင် လဝကရုံးတွင်လည်း ငွေပေးဆောင်ရသဖြင့် နိုင်ငံသားစိစစ်ရေးကတ်တစ်ခုပြုလုပ်ရန် အနည်းဆုံးရှစ်ထောင်မှ တစ်သောင်းကြား ကုန်ကျမှုရှိနေကြောင်းဆိုကြသည်။

မြို့နှင့်အလှမ်းဝေးသည့်ကျေးရွာများမှ ဒေသခံများမှာ လမ်းခရီးစရိတ်အကုန်အကျများခြင်းကြောင့်လည်း နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်ရာတွင် အခက်အခဲရှိကြသည်။

ယင်းသို့ဝေးလံသည့်ကျေးရွာများသို့ တစ်နှစ်လျှင်တစ်ကြိမ်မျှလာရောက်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်ပေးစေလိုကြောင်း အမ်းမြို့နယ်၊ လင်ပန်းကျကျေးရွာမှ ဦးနုမောင်ကပြောသည်။

"သမီးဆယ်တန်းဖြေဖို့ မှတ်ပုံတင်လာလုပ်တာ ၄၀၀၀၀ လောက်ကုန်ကျတယ်။ ရုံးမှာကတော့ ၅၀၀၀ ပေးရတယ်။ ရွာမှာ လဝကရုံးက မှတ်ပုံတင်လာမလုပ်ပေးတာ ၅ နှစ်လောက်ရှိနေပြီ။ တစ်နှစ်တစ်ခေါက်လောက် လာလုပ်ပေးဖို့လိုအပ်တယ်။ မြို့ကိုလာရင် ငွေကတော်တော်အကုန်အကျများတယ်"ဟု ၎င်းကပြောသည်။

လင်ပန်းကျကျေးရွာမှ အမ်းမြို့ပေါ်သို့လာရောက်မည်ဆိုပါက ကုန်လမ်း၊ ရေလမ်းတို့ဖြင့် အတန်တန်လာရသဖြင့် ငွေကြေးအကုန်အကျများကြောင်းလည်း ၎င်းကဆိုသည်။

လက်ရှိမှာ ပန်းခင်းစီမံချက်ပြုလုပ်ကာ နိုင်ငံသားစိစစ်ရေးကတ်များကို အခမဲ့ထုတ်ပေးလျက်ရှိရာ နိုဝင်ဘာလ ၂၆ ရက်နေ့က  စစ်တွေမြို့နယ်အတွင်းမှ ရခိုင်တိုင်းရင်းသား ၁၅၇၈ ဦးတို့အတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ထုတ်ပေးခဲ့သည်။

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...