မိုးညှင်းမြို့နယ် KIA တပ်ရင်း ၂၆ နယ်မြေကို စစ်ကောင်စီမှ ဂျက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်

မိုးညှင်းမြို့နယ် KIA တပ်ရင်း ၂၆ နယ်မြေကို စစ်ကောင်စီမှ ဂျက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်

မိုးညှင်းခရိုင် အင်းတော်ကြီးဒေသ သုန်ပြင်ကျေးရွာတောင်ဘက်ခြမ်းရှိ ကချင်လွတ်လပ်ရေးတပ်တော် KIA တပ်ရင်း (၂၆) နယ်မြေတွင် နိုဝင်ဘာလ ၂၅ရက် ယနေ့နံနက်အစောပိုင်းက စစ်ကောင်စီမှ ဂျက်လေယာဉ် ၂စီးဖြင့် ၅ကြိမ် ထက်မနည်း လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယနေ့ နံနက်ပိုင်း မိုးမလင်းမှီ ၁ နာရီ နှင့် ၂ နာရီကြားတွင် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု KIA တပ်ရင်း (၂၆) ဘက်မှ တာဝန်ရှိသူတစ်ဦးက KNG ကိုပြောသည်။

“လေယာဉ် ၂စီးနဲ့ လာတိုက်တာ မှန်ပါတယ်။ မနက်ပိုင်း ၁ နာရီဝန်းကျင်ကနေ စပြီး လာပစ်တယ်။ အသွားအပြန်နဲ့ဆို ၂ခေါက်တိတိရှိတယ်။ ဗုံးကြဲတဲ့ အရေအတွက်က ၅ကြိမ်လောက်ရှိတယ်။ ဒါပေမယ့် ထိခိုက်တာတွေလုံးဝမရှိပါဘူ။ သူတို့အနနဲ့ ဘာလို့လာပစ်တယ်ဆိုတာလည်း မသိပါဘူး။ ပုံမှန်လာပစ်တယ်လို့တောင်ပြောလို့ရတယ်” ဟု ပြောဆိုသည်။

ထိုနေရာတွင် စစ်ကောင်စီဘက်မှ လေကြောင်းဖြင့် KIA တပ်ရင်း (၂၆) ကို လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သော်လည်း ယခုပတ်အတွင်းနှင့် နိုဝင်ဘာလ ၂၅ရက်နေ့အထိ ၂ဖက်တပ် တိုက်ပွဲတစ်စုံတစ်ရာ ဖြစ်ပွားခြင်းလည်းမရှိခဲ့ကြောင်း သူကဆက်ဆိုသည်။

လက်ရှိ စစ်ကောင်စီအဖွဲ့မှ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည့် သုန်ပြင်ကျေးရွာမှာ အင်းတော်ကြီး မြို့နှင့် ၁၀ မိုင်ခန့်ကွာဝေးသည်။

ယခုနှစ်အတွင်း အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့က KIA တပ်မဟာ ၉ တပ်ရင်း (၂၆) တည်ရှိသည့် အဆိုပါနေရာဘက်သို့ လေကြောင်းလိုင်းဖြင့် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့သည်မှာ ၃ကြိမ်မြောက်ရှိပြီ ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ကချင်ပြည်နယ်တွင် ယခုလအတွင်း စစ်ကောင်စီ နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ ငြိမ်သက်နေသည်ကို တွေ့ရသည်။

ဓာတ်ပုံ - (ရွှေကူမြို့နယ်အတွင်း စစ်အုပ်စုတပ်မှ ဗုံးကြဲတိုက်ခိုက်ခံရသည့် မြင်ကွင်း။ / Crd)
September 14, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် တစ်လခွဲအတွင်း ကျေးရွာပေါင်း ၁၈ ရွာအထိ စစ်အုပ်စုတပ်၏ လေကြောင်း...
စစ်အုပ်စု၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC / Crd
September 14, 2026
စစ်အုပ်စု၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) က ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)...
မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့ကို ဆက်သွယ်ထားသည့် ဗလမင်းထင်တံတား မြင်ကွင်း။
September 12, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့သို့ အခြေခံ စားသောက်ကုန်များ ဝင်ရောက်ရာ ဗလမင်းထင်တံတားမှ ကုန်ပစ္စည်း...
ရှေ့တန်းတစ်နေရာတွင် မြင်တွေ့ရသည့် KIA နှင့် PDF ပူးပေါင်းတပ်များ
September 11, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးဒေသတွင် စစ်အုပ်စုတပ်၊ ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်အဖွဲ့နှင့် ကချင်လွတ်လပ်ရေး...