မွန်ပြည်နယ်အတွင်း အစားအသောက်များ ခွင့်မပြုဆိုးဆေးရှိမရှိစစ်ဆေး

မွန်ပြည်နယ်အတွင်း အစားအသောက်များ ခွင့်မပြုဆိုးဆေးရှိမရှိစစ်ဆေး
by -
မွန်သတင်းအေဂျင်စီ/ယဉ်ချိုင်း
ဆေးဆိုင်များ စပ်ဆေးရောင်းချက်မှု ကွင်းဆင်းစစ်ဆေးစဉ်(photo: MNA)
ဆေးဆိုင်များ စပ်ဆေးရောင်းချက်မှု ကွင်းဆင်းစစ်ဆေးစဉ်(photo: MNA)
မွန်ပြည်နယ်စျေးကွက်အတွင်း ရောင်းချနေသည့် အစားအသောက် အမျိုးအစား ရ၀ မျိုးခန့်ကို ခွင့်မပြုဆိုးဆေး ပါဝင်မှုရှိ မရှိ စစ်ဆေးမှုများပြုလုပ်လျက်ရှိသည်ဟု ပြည်နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးက ပြောသည်။

စျေးကွက်အတွင်း သံသယရှိသည့် ငရုပ်သီးမှုန့်၊ ငရုပ်ဆီ၊ အချိုရည်၊ ငါးပိ၊ ယိုစုံ၊ လက်ဖက်၊ မက်မန်းသီး၊ သကြားလုံးများ အစရှိသည့် အစားအသောက် အမျိုးအစား ရ၀ ခန့်ကို ခွင့်မပြုဆိုးဆေး ပါဝင်ခြင်းမရှိ မရှိ စစ်ဆေးမှု ပြုလုပ်လျက်ရှိသည်။

မွန်ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဖြူဖြူခင်က “စစ်ဆေးမှုပြုပြီးတဲ့ အမျိုးအစားတွေကို သက်ဆိုင်ရာမြို့နယ် အစားအသောက်နှင့် ဆေးဝါး ကြီးကြပ်ကွက်ကဲရေးကော်မတီကို ပို့ထားတယ်၊ အကြောင်းပြန်ကြားထားတဲ့ အစားအသောက်တွေက အခုချိန်ထိ ခွင့်မပြုဆိုးဆေးပါတာမရှိဘူး” ဟု ပြောသည်။

လက်ရှိတွင် အစားအသောက် အမျိုးအစား ၃၀ ခန့်၏အဖြေကို ရရှိထားပြီးဖြစ်ကြောင်း ကျန်ရှိနေသေးသည့် အစားအသောက် အမျိုးအစားများကိုလည်း စစ်ဆေးမှု ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း ၄င်းက ဆက်ပြောသည်။

ပြည်နယ်အတွင်းရှိ စျေးကွက်များတွင် ရောင်းချနေသည့် အစားအသောက်များကို တစ်ပတ်တစ်ခါ ပုံမှန်စစ်ဆေးမှု ပြုလုပ်နေသည်ဟု ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ သိရသည်။

၄င်းပြင် မြို့နယ်အသီးသီးရှိ ဆေးဆိုင်များ၊ အလှကုန်ပစ္စည်းအရာင်းဆိုင်များကိုလည်း ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ သိရသည်။

ပြည်နယ် အစားအသောက်နဲ့ ဆေးဝါးကြီးကြပ်ရေး ကော်မတီ ဥက္ကဌ ဒေါက်တာစိုးနိုင်က ကွင်းဆင်းစစ်ဆေးမှုနှင့်အတူ အသိပညာပေးခြင်းလုပ်ငန်းတို့ကိုလည်း ပူးတွဲဆောင်ရွက်နေသည်ဟု ပြောသည်။

၂၀၁၇ ခုနှစ်စကလည်း မွန်ပြည်နယ် ၁၀ မြို့နယ်ရှိ စျေးကွက်များအတွင်း ရောင်းချနေသည့် ငရုပ်သီးမှုန့်အပါအဝင် အစားအသောက်ကို အဆိပ်တောက်ဖြစ်စေသည့် မှိုများပါဝင်သည့် အလှော်နှင့် အထောင်းမှုန့်များကို သက်ဆိုင်ရာမြို့နယ်အဖွဲ့တို့က စစ်ဆေးပြုလုပ်ခဲ့ရာ စားသုံးရန်မသင့်သော ငရုပ်သီးမှုန့် အမှတ်တံဆိပ် ၅ မျိုးကို သိမ်းဆည်းရမိခဲ့သည်ဟု မွန်ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဦးစီးဌာနထံမှ သိရသည်။

Most read this week

January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...
January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...
January 20, 2026
မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားနေသည့်...
မော်လမြိုင်မြို့ နယ်မြေခံသင်တန်းကျောင်းတွင် သင်တန်းအမှတ်စဉ် (၂၁) (၁/၂၀၂၆) တက်ရောက်ရန် စုဆောင်းခံရသူများ
January 19, 2026
စစ်ကော်မရှင်၏ ပြည်သူ့စစ်မှုထမ်း အပတ်စဉ်များလာသည်နှင့်အမျှ သင်တန်းသားလိုအပ်ချက်လည်း များလာပြီး...