ငွေပျော်စံပြကျေးရွာတွင် မူးယစ်ဆေးသုံးစွဲမှုကြောင့် တပတ်အတွင်း လူငယ် ၃ ဦးသေဆုံး

ငွေပျော်စံပြကျေးရွာတွင် မူးယစ်ဆေးသုံးစွဲမှုကြောင့် တပတ်အတွင်း လူငယ် ၃ ဦးသေဆုံး

KNGကချင်ပြည်နယ် မြစ်ကြီးနားမြို့  ငွေပျော်စံပြကျေးရွာတွင် မူးယစ်ဆေးဝါး သုံးစွဲမှုကြောင့် တစ်ပတ်အတွင်း သေဆုံးသူ ၃ ဦး ရှိပြီဟု ဒေသခံများထံမှ သိရသည်

မြစ်ကြီးနားမြို့မှ ၁၃ မိုင်ခန့် ကွာဝေးသော ပလနအုပ်စု၊ ငွေပျော်စံပြကျေးရွာတွင် မူးယစ်ဆေးဝါးရောင်းသူနဲ့ သုံးစွဲသူ အလွန်များပြားလာပြီး မူးယစ်ဆေးထိုးသွင်းမှုကြောင့် ပြီးခဲ့အပတ်အတွင်း အသက် ၂၀ ကျော်လူငယ် အမျိုးသား ၂ ဦး နှင့် အသက် ၃၀ ဝန်းကျင် အမျိုးသား ၁ ဦး စုစုပေါင်း ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသခံများပြောသည်။

“ရောင်းတဲ့သူလည်း လွတ်လွတ်လပ်လပ် ရောင်း ၊ သုံးစွဲတဲ့သူလည်း ဆိုးဆိုးရွားရွား ၊ သူခိုးကသောင်းကျန်း ငွေပျော်က အိမ်ကို စက္ကန့်ပိုင်းတောင် ထားခဲ့လို့မရဘူး။ အရမ်းဆိုးရွားနေပြီ။ အပြင်ကသူတွေလည်း ရွာသို့လာပြီး လာလာထိုးယူပြီး(မူးယစ်ဆေးဝါး) ပြန်ပြန်သွား၊ ဘယ်သူ့မှ ကြည့်ကြပ်တဲ့သူမရှိ၊ တာဝန်ယူတဲ့သူလည်းမရှိ” ဟု ငွေပျော်ကျေးရွာဒေသခံ တစ်ဦးက ပြောသည်။

မူးယစ်ဆေးဝါးသုံးစွဲသူများပြားလာသောကြောင့် ခိုးမှုနှင့် လုယက်မှုလည်း များပြားလာကြောင်း သူက ဆက်ပြောသည်။

ကျေးရွာအတွင်း မူးယစ်ဆေးဝါးကို မြန်မာငွေ ၅၀၀ ကျပ်ဖြင့် အလွယ်တကူ ဝယ်ယူရရှိနေသောကြောင့် နေရာအရပ်ရပ်မှ မူးယစ်ဆေးသုံးစွဲသူများ လာရောက်သုံးစွဲရာ ကျေးရွာတစ်ခုဖြစ်လာကြောင်း ဒေသခံများ ပြောသည်။

ငွေပျော်စံပြကျေးရွာသည် ၂၀၁၄ ခုနှစ်က စစ်ရှောင်ပြည်သူများကို ပြန်လည်နေရာချထားပေးသော ကျေးရွာတစ်ခုဖြစ်သော်လည်း လက်ရှိအခြေအနေတွင် မူးယစ်ဆေးဝါး လွတ်လပ်စွာ သုံးစွဲခွင့်ပေးထားသော နေရာတစ်ခုသဖွယ်ဖြစ်နေပြီဟု ဆိုသည်။

ယခင်က ဖမ်းဆီးမှုများရှိသော်လည်း စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မူးယစ်ဆေးဝါးရောင်းဝယ်သူများကို ဒေသခံများကိုယ်တိုင် တိုင်ကြားသော်လည်း ဖမ်းဆီးမှုမရှိတော့ကြောင်း ဒေသခံများ ပြောသည်။

“အရင်မူးယစ်ဆေးဝါးကြောင့် ထောင်ကျခံဖူးတဲ့သူတွေ ပြန်လာပြီး ဒီနေရာမှာ အဲ့ဒါနဲ့ ပြန်လည်စီးပွားရေးလို လုပ်နေကြတာဖြစ်တယ်။ အာဏာသိမ်းထားတဲ့အခြေအနေဖြစ်နေရင်တောင် ဒါကို တာဝန်ယူပြီး နှိမ်နင်းပေးတဲ့သူ ရှိစေချင်တယ်။ KIA ဘက်ကလည်း အရင်ကဆို ဖမ်းဆီးမှု အနည်းငယ်ရှိပေမဲ့ အခုက ငြိမ်နေတာ၊ တာဝန်မယူပေးဘူး။” ဟုငွေပျော်စံပြကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။

ထို့ကြောင့် မူးယစ်ဆေးဝါး လွတ်လပ်စွာ ရောင်းဝယ်ဖြန့်ဖြူးနေသူများကို လုပ်ပိုင်ခွင့်ရှိသူများအနေဖြင့် နှိမ်နင်းပေးရန် လိုလားသည်ဟု ငွေပျော်ဒေသခံများက ပြောဆိုနေကြသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ် နေရာအများအပြားတွင် မူးယစ်ဆေးဝါး ရောင်းဝယ်သူနဲ့ သုံးစွဲသူများလာကြောင်း သတင်းပေးပို့ချက်များအရ သိရသည်။

ဓာတ်ပုံ - (ရွှေကူမြို့နယ်အတွင်း စစ်အုပ်စုတပ်မှ ဗုံးကြဲတိုက်ခိုက်ခံရသည့် မြင်ကွင်း။ / Crd)
September 14, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် တစ်လခွဲအတွင်း ကျေးရွာပေါင်း ၁၈ ရွာအထိ စစ်အုပ်စုတပ်၏ လေကြောင်း...
စစ်အုပ်စု၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC / Crd
September 14, 2026
စစ်အုပ်စု၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) က ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)...
မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့ကို ဆက်သွယ်ထားသည့် ဗလမင်းထင်တံတား မြင်ကွင်း။
September 12, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့သို့ အခြေခံ စားသောက်ကုန်များ ဝင်ရောက်ရာ ဗလမင်းထင်တံတားမှ ကုန်ပစ္စည်း...
ရှေ့တန်းတစ်နေရာတွင် မြင်တွေ့ရသည့် KIA နှင့် PDF ပူးပေါင်းတပ်များ
September 11, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးဒေသတွင် စစ်အုပ်စုတပ်၊ ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်အဖွဲ့နှင့် ကချင်လွတ်လပ်ရေး...