မြစ်ကြီးနား အထက်တန်းကျောင်းသူတချို့တွင် ကိုဗစ်ရောဂါပိုးတွေ့ရှိ

မြစ်ကြီးနား အထက်တန်းကျောင်းသူတချို့တွင် ကိုဗစ်ရောဂါပိုးတွေ့ရှိ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းတက်နေသောကျောင်းသူတစ်ချို့ထံ ပြီးခဲ့သော ရက်ပိုင်းက ကိုဗစ်-၁၉ ပိုးကူးစက်မှုဖြစ်ခဲ့သော်လည်း စစ်ကောင်စီအာဏာပိုင်များက ကျောင်းဆက်လက်ဖွင့်ထားကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၂၀ ရက်နေ့က သတ္တမတန်းမှ ကျောင်းသူ ၂ ဦးထံမှ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ပြီးနောက် စစ်ကောင်စီမှ သတင်းမပေါက်ကြားအောင် ဆောင်ရွက်ထားကြောင်း အခြေခံပညာကျောင်းသားသမဂ္ဂမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

“ကျောင်းသူ ၂  ဦးမှာ ကိုဗစ်ပိုးတွေ့ပြီး သူတို့အတန်းတွေတောင် ခွဲလိုက်တယ်ပြောတယ်။ သိရတာတော့ ကျောင်းသူ (၂) ဦးအတိအကျပဲ။ ဒါပေမဲ့ ကျောင်းမှာဆိုတော့ အရမ်းနီးကပ်စွာနေရတော့ ဒီနေ့ထိဆို ဘယ်နှစ်ယောက်တောင် ကူးနေပြီလဲမသိဘူး။ စစ်ကောင်စီက (၂၀) ရက်နေ့ကတည်းက ဖြစ်တာကို သတင်းမပျံ့အောင် ဖုံးဖိထားတယ်။” ဟု ၄င်းက ပြောသည်။

အာဏာသိမ်းစစ်ကောင်စီမှ ဖွင့်လှစ်ထားသော အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် လက်ရှိကျောင်းသားအနည်းငယ်သာ ကျောင်းဆက်တက်ရောက်နေဆဲဖြစ်သည်။

စစ်ကောင်စီမှ ယခုကဲ့သို့ ကျောင်းတွင်း ကိုဗစ်ကူးစက်မှုသတင်းအား မပျံ့နှံ့အောင်ပြုလုပ်ကာ ကျောင်းဆက်လက်ဖွင့်နိုင်ဖို့ကြိုးစားရင်း ၎င်းတို့အာဏာတည်မြဲအောင် ပြုလုပ်နေသည်ဟု အခြေခံပညာ ကျောင်းသားသမဂ္ဂမှ တာဝန်ရှိသူတစ်ဦး က ယခုလို သုံးသပ်ပြောဆိုသည်။

“ကျောင်းမှာ ကိုဗစ်ဖြစ်နေပေမယ့် စစ်ကောင်စီက သတင်းမပျံ့အောင်ပြုလုပ်ပြီး ကျောင်းသားထုရဲ့ ကျန်းမာရေး လုံခြံမှုကို ဂရုမစိုက်ပဲ ကျောင်းသားထုရဲ့အသက်ကို ဂရုမစိုက်တာပဲ၊ ပြောရရင်တော့ ဒါက အင်မတန် ယုတ်ညံ့တယ်၊  မလုပ်သင့်ဘူး။ ကျောင်းသားတွေရဲ့ ကျန်းမာရေး လုံခြုံရေးအတွက် ကျောင်းအမြန်ဆုံးပိတ်သင့်တယ်။ အစကတည်းသူတို့က ကျောင်းသားတွေကို လူသားဒိုင်း လုပ်ချင်ပြီးသားပဲ။ အခုကျတော့ ကိုဗစ်ဖြစ်ပေမဲ့ သတင်းအမှောင်ချ ကျောင်းဆက်လက်ဖွင့်မယ်ဆိုတော့ သူတို့က နိုင်ငံရေးအတွက် ကျောင်းသားတွေကို အသုံးချနေတယ်လို့ပဲ မြင်တယ်။” ဟု မြစ်ကြီးနားမြို့နယ် အခြေခံပညာကျောင်းသားသမဂ္ဂမှ တာဝန်ရှိသူတစ်ဦးက KNG ကို ပြောသည်။

ထိုနည်းတူ မြစ်ကြီးနားမြို့ပေါ်ရှိ အခြားအခြေခံပညာကျောင်းများတွင်လည်း ကိုဗစ်ပိုး ကူးစက်မှုရှိနေကြောင်း ပြောဆိုမှုများရှိနေသည်။

မြစ်ကြီးနားမြို့နယ်အပါအဝင် ကချင်တစ်ပြည်လုံးတွင် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ပျံနှံနေဆဲဖြစ်သည်။

ဓာတ်ပုံ - (ရွှေကူမြို့နယ်အတွင်း စစ်အုပ်စုတပ်မှ ဗုံးကြဲတိုက်ခိုက်ခံရသည့် မြင်ကွင်း။ / Crd)
September 14, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် တစ်လခွဲအတွင်း ကျေးရွာပေါင်း ၁၈ ရွာအထိ စစ်အုပ်စုတပ်၏ လေကြောင်း...
စစ်အုပ်စု၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC / Crd
September 14, 2026
စစ်အုပ်စု၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) က ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)...
မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့ကို ဆက်သွယ်ထားသည့် ဗလမင်းထင်တံတား မြင်ကွင်း။
September 12, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့သို့ အခြေခံ စားသောက်ကုန်များ ဝင်ရောက်ရာ ဗလမင်းထင်တံတားမှ ကုန်ပစ္စည်း...
ရှေ့တန်းတစ်နေရာတွင် မြင်တွေ့ရသည့် KIA နှင့် PDF ပူးပေါင်းတပ်များ
September 11, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးဒေသတွင် စစ်အုပ်စုတပ်၊ ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်အဖွဲ့နှင့် ကချင်လွတ်လပ်ရေး...