လှေစီးဒုက္ခသည်များအရေး ရခိုင်ပြည်နယ်မှ မြို့ ၉ မြို့တွင် ဆန္ဒပြ ကန့်ကွက်

လှေစီးဒုက္ခသည်များအရေး ရခိုင်ပြည်နယ်မှ မြို့ ၉ မြို့တွင် ဆန္ဒပြ ကန့်ကွက်
by -
နိရဥ္စရာ
မြန်မာနိုင်ငံမှ ကယ်တင်ခဲ့သော လှေစီး ဘင်္ဂလီဒုက္ခသည်များအား ရခိုင်ပြည်နယ်တွင် နေရာချထားခြင်းနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ်မှ မြို့ ၉ မြို့တွင် ဇွန်လ ၁၄ ရက်နေ့က တစ်ပြိုင်တည်း ဆန္ဒပြခဲ့ကြသည်ဟု သတင်း ရရှိသည်။

ကန့်ကွက်ဆန္ဒပြမှုများကို မောင်တော၊ ဘူးသီးတောင်၊ စစ်တွေ၊ ပုဏ္ဍားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံနှင့် ပေါက်တောမြို့ တို့တွင် ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

ထိုဆန္ဒပြပွဲများအနက် စစ်တွေမြို့တွင် ပြုလုပ်သော ဆန္ဒပြပွဲကို စည်းကမ်းထိန်းသိမ်းရေးနှင့် ကူညီစောင့်ရှောက်ရေး ရဟန်းတော်များက ဦးဆောင်ဦးရွက် ပြုလုပ်ကာ စစ်တွေမြို့ပေါ်ရှိ လူမှုအဖွဲ့အစည်းများ၊ ရခိုင်အမျိုးသားပါတီမှ ခေါင်းဆောင်တစ်ချို့နှင့် ရခိုင်ပြည်သူတို့ ပူးပေါင်းဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြရခြင်း အကြောင်းအရင်းနှင့် ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီ ဒုဥက္ကဋ္ဌ ဒေါ်အေးနုစိန်က “လွန်ခဲ့တဲ့ သုံးနှစ်ကတည်းက ဘင်္ဂလီကုလား အရှုပ်အထုပ်တွေနဲ့ ရခိုင်ပြည်ဟာ ပြည်ထောင်စုထဲမှာ အောက်အကျဆုံး၊ ပညာရေးမှာ အောက်ဆုံးကို ရောက်ရှိသွားပါတယ်။ အောက်အကျဆုံးဖြစ်နေတဲ့ ကိုယ့်ပြည်နယ်က အရှုပ်အထုပ်ကို ဘယ်လိုမှ ဖြေရှင်းလို့မရနိုင်သေးတဲ့ကာလမှာ လှေစီးပြေးဘင်္ဂလီအရေးက ထပ်ပြီးအပူကပ်လာတာကို မကျေနပ်လို့ ဆန္ဒပြရခြင်း ဖြစ်ပါတယ်”ဟု ဆန္ဒပြလူထုကို ပြောကြားခဲ့သည်။

DSC06035

ပြည်ထောင်စုကြီးတစ်ရပ်လုံး၏ အချုပ်အခြာအာဏာကို ခြိမ်းခြောက်နေသည့် ဤဘင်္ဂလီကိစ္စသည် ရခိုင်ပြည်၌ မဖြေရှင်းနိုင်ရုံမကဘဲ နိုင်ငံတကာဖိအားကို အကြောင်းပြကြသည်။ မလေးရှားမှ မဟာသီယာက လူမျိုးတုံး သတ်ဖြတ်နေသည်ဟု အခြေအမြစ် မရှိ စွပ်စွဲကာ မြန်မာနိုင်ငံ အာစီယံကထွက်ပါဟုဆိုပြီး ပြောကြားလာသည်။ အာစီယံ၌ ပြည်တွင်းကိစ္စ ၀င်မစွက်ဖက်ရဆိုပြီး မူရှိပြီးသားဖြစ်သည်။ သို့သော် မူဆလင်အရေးနှင့် ပတ်သက်လာလျှင် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကိုတောင် ၀င်ရောက် စွက်ဖက်လာကြသည်ဟု ဒေါ်အေးနုစိန်က ပြောသည်။

ဆန္ဒပြပွဲကို စစ်တွေမြို့ဝင်္ကဘာကွင်းမှ စတင်ပြီး ဦးဥတ္တမလမ်း၊ မင်းဘာကြီးလမ်း၊ ကုန်သည်လမ်း၊ လမ်းမကြီး၊ စက်ရုံစုလမ်းတိုင်း ချီတက်ပြီး ၀င်္ကဘာကွင်းတွင် ပြန်လည်စုရုံခဲ့ကြသည်။

ဆန္ဒပြပွဲတွင် (၁) ငြိမ်းချမ်းရေး ရခိုင်ပြည်ကြီးငြိမ်းချမ်းရေး၊ (၂) ငြိမ်းချမ်းရေး ပြည်ထောင်စုကြီးငြိမ်းချမ်းရေး၊ (၃) ရခိုင်တွေပိုင်တဲ့ ရခိုင်မြေ ဘင်္ဂလီအထုပ် လာမရှုပ်နဲ့၊ (၄) ရေမျှောကမ်းတင်ဘင်္ဂလီများ ရခိုင်လူမျိုးနဲ့ လုံးဝမဆိုင်ဘူး၊ (၅) ပြည်တွင်းခိုးဝင် ဘင်္ဂလီအရေး ပြည်ထောင်စုကပြတ်သားပါ၊ (၆) ရခိုင်ပြည်က ပြဿနာ ပြည်ထောင်စုမှာ တာဝန်မရှိဘူးလား၊ (၇) ဘင်္ဂလီကိစ္စဖြစ်တိုင်းမှာ ရခိုင်ပြည်ကို ပုံမချနဲ့၊ (၈) INGO/NGO အမှန်တရားကို လေးစားပါ၊ (၉) ပြည်တွင်းပြည်ပ မီဒီယာ အမှန်တရားကို ဖေါ်ပြပါ၊ (၁၀) အမျိုး ဘာသာ ပြည်စောင့်ထား၊ ရခိုင်သားကို လာမစမ်းနဲ့ စသည့်ကြွေးကြော်သံများဖြင့် ချီတက် ဆန္ဒပြခဲ့ကြပြီး စစ်တွေမြို့နှင့် ရခိုင်ပြည်နယ်အနှံ့ ဆန္ဒပြပွဲများသို့ ဦးပါမောက္ခနှင့် ဦးဝီရသူတို့ထံမှ သဝဏ်လွှာများ ပေးပို့ခဲ့ကြောင်း သိရသည်။

ဦးပါမောက္ခ၏ သဝဏ်လွှာတွင် “ကမ္ဘာတည်သရွေ့ ရခိုင်လူမျိုးတည်ရှိစေရမည်”၊ “ကမ္ဘာတည်သရွေ့ ဗုဒ္ဓဘာသာ တည်ရှိစေရမည်”ဟု ပါရှိကြောင်းသိရသည်။

ဆန္ဒပြပွဲတွင် ပါဝင်သော သက်တော် ရ၉ နှစ်အရွယ်ရှိ ဆရာတော်ဦးပညာဝံသက “ကိုယ့်ရခိုင်ပြည်ကို ချစ်လို့ ဆန္ဒလာပြတာပါ” ဟု နိရဥ္စရာသတင်းဌာနသို့ပြောသည်။

ဇွန်လ ၁၄ ရက်နေ့ စစ်တွေမြို့ဆန္ဒပြပွဲတွင် ရဟန်းသံဃာတော်များ၊ သီလရှင်များ၊ လူမှုအဖွဲ့အစည်းများ၊ ရခိုင်အမျိုးသားပါတီမှခေါင်းဆောင်များ၊ ကျောင်းသူ ကျောင်းသားများနှင့် မြို့သူမြို့သား ၂၀၀၀ ခန့် ပါ၀င်ဆန္ဒပြခဲ့ကြောင်း သိရသည်။

ဆန္ဒပြပွဲကို မွန်းလွဲ တစ်နာရီခန့်တွင် စတင်ပြီး ၃ နာရီခန့်တွင် ပြီးဆုံးခဲ့သည်။

January 27, 2026
ကျော်သီဟ — ရခိုင်ပြည်အတွင်း အာရက္ခတပ်တော်(AA)က သိမ်းပိုက်ထိန်းချုပ်ထားသည့် မင်းပြားမြို့နယ်ရှိ...
January 26, 2026
မောင်စာဂ — ရခိုင်ပြည်၊ ရှေးဟောင်းယဉ်ကျေးမှုမြို့တော် မြောက်ဦးမြို့တွင်...
January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...