မုံးကိုးမြို့ MNDAA တပ်စခန်းတစ်ခုကို စစ်ကောင်စီက အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်

မုံးကိုးမြို့ MNDAA တပ်စခန်းတစ်ခုကို စစ်ကောင်စီက အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မုံးကိုးမြို့ ဖော်ဂျုံး ရွာဟောင်း (ဖုတ်ဂျောင်ရွာ) တောင်အပေါ်ဘက်က MNDAA တပ်စခန်းတစ်ခုကို စစ်ကောင်စီက နိုဝင်ဘာလ ၁၅ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်ကစ အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း ဒေသခံတွေနဲ့ ရှေ့တန်းသတင်းတွေ အရသိရပါတယ်။

“ကောင်းလုံ ဘက်နားမှာ ဒီမနက် ကတည်းက အမြှောက်တွေ မုံးကိုးကနေ ပစ်ပေးတယ်။ ကောင်းလုံ၊ နမ့်ဟာ ကျွန်တော့် တို့ရွာဘက် ပစ်လိုက်သလိုပဲ” လို့ ဒေသ ခံ တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီဘက်က စစ်မျက်နှာ နှစ်ဖက်ကနေ အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပေမယ့် တပ်စခန်းကို ချဉ်းကပ်နိုင်ခြင်း မရှိခဲ့ကြောင်း ရှေ့တန်းသတင်းအရ သိရပါတယ်။

တိုက်ပွဲမှာ နှစ်ဖက် ထိခိုက်ဒဏ်ရာရရှိမှုကိုတော့ အတိအကျ မသိရသေးပေမယ့် စစ်တပ်ဘက်က ထိခိုက်ဒဏ်ရာ ရတာများတယ်လို့ ဆိုပါတယ်။

တရုတ်ဘက်က ဖိအားပေးခံရမှုကြောင့်  လတ်တလော စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့အကြား နယ်စပ် တလျှောက် တိုက်ပွဲဖြစ်ပွားမှုကို လျှော့ချ‌နေတာဖြစ်ပြီး ကွတ်ခိုင်အောက်ဘက်ပိုင်း ထိုးစစ်ဆင် တိုက်ပွဲ ဖြစ်နိုင်ချေကို လျို့ဝှက်ထားတာတွေ့ရကြောင်း အမည်မဖော်လိုသူ နယ်စပ် နိုင်ငံရေးစစ်ရေး သုံးသပ်သူ ဒေသခံ တစ်ဦးက လည်း ပြောပါတယ်။

မကြာသေးမီက မုံးကိုးမြို့နယ်နဲ့ ကြူကုတ် (ပန်ဆိုင်း) မြို့နယ်အတွင်းရှိ ကိုးကန့် MNDAA တပ်စခန်း ၃ ခုနဲ့ စနိုက်ပါ ချုံခိုနေရာ ၂ နေရာကို တပ်ဆုတ်ဖို့ ကိုးကန့်ဘက်က ကြေငြာထားတာလည်း ဖြစ်ပါတယ်။

Most read this week

ဓာတ်ပုံ - (မန္တလေး - မြစ်ကြီးနား ကားလမ်းပိုင်းတစ်ခုကို တွေ့ရစဉ်။ / Credit)
September 15, 2026
ကချင်ပြည်၊ မြစ်ကြီးနားနှင့် မန္တလေးကို ဆက်သွယ်ထားသည့် အဓိကလမ်းပိုင်း၌ သွားလာရေး အခက်အခဲများ...
ကောင့်ဂျာယန်တိုက်ပွဲအတွင်းက စစ်အုပ်စုတပ်ဖွဲ့ဝင်အချို့၏ ရုပ်အလောင်းများ။
September 15, 2026
ကချင်ပြည်၊ ဗန်းမော်မြို့သို့ စစ်သင်္ဘောအချို့ ရောက်ရှိလာပြီးနောက် စစ်ရေးလှုပ်ရှားလာသည့်...
ဓာတ်ပုံ - (ရွှေကူမြို့နယ်အတွင်း စစ်အုပ်စုတပ်မှ ဗုံးကြဲတိုက်ခိုက်ခံရသည့် မြင်ကွင်း။ / Crd)
September 14, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် တစ်လခွဲအတွင်း ကျေးရွာပေါင်း ၁၈ ရွာအထိ စစ်အုပ်စုတပ်၏ လေကြောင်း...
စစ်အုပ်စု၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC / Crd
September 14, 2026
စစ်အုပ်စု၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) က ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)...