ရွှေလီကို လော့ခ်ဒေါင်း ဖြေလျှော့ပေးပြီး ကျယ်ဂေါင်မှာနေသူအချို့ ပြန်နေခွင့်ပြု

ရွှေလီကို လော့ခ်ဒေါင်း ဖြေလျှော့ပေးပြီး ကျယ်ဂေါင်မှာနေသူအချို့ ပြန်နေခွင့်ပြု



မြန်မာ-တရုတ်နယ်စပ် ရွှေလီမြို့ကို လော့ခ်ဒေါင်းဖြေလျှော့ပေးပြီး ကျယ်ဂေါင်မှာနေသူအချို့ကိုလည်း ပြန်နေခွင့်ပြုပြီဖြစ်ကြောင်း သိရပါတယ်။

ရွှေလီမြို့ကို ၇ ရက်ကြာ လော့ခ်ဒေါင်းချခဲ့ပြီးတဲ့နောက် ယမန်နေ့ နိုဝင်ဘာလ ၁၅ ရက်နေ့ တရုတ်စံတော်ချိန် ည ၁၂ နာရီမှာ လော့ခ်ဒေါင်း ဖြေလျှော့ပေးပြီဖြစ်ကြောင်း ယူနန်ကျန်းမာရေးဌာနက အခုလိုသတင်း ထုတ်ပြန်ထားပါတယ်။

“ရွှေလီ လော့ခ်ဒေါင်း ဖွင့်ပြီ။ ၁၅ ရက် တရုတ် အချိန် ည ၁၂ နာရီမှာ။ ၁၄ ရက်အတွင်း ရောဂါဖြစ်ခဲ့တဲ့ နေရာကလွဲလို့ ကျယ်ဂေါင်မှာ နေတဲ့လူတွေလည်း သူ့စည်းကမ်းနဲ့အညီ ပြန်နေခိုင်းမယ် လို့ သိရတယ်။” လို့ မြန်မာရွှေ့ပြောင်းလုပ်သား တစ်ဦးက ပြောပါတယ်။

သို့ပေမယ့် ၁၄ ရက်အတွင်း ပိုးတွေ့ အတည်ပြုလူနာရှိခဲ့တဲ့နေရာတွေနဲ့ ပိုးတွေ့လူနာနဲ့ ထိတွေ့ခဲ့တဲ့ လူတွေရှိတဲ့ နေရာတွေကို ဆက်ပိတ်ထားမှာဖြစ်တယ်လို့ သိရပါတယ်။

ကျယ်ဂေါင်မြို့ အပါအဝင် ရွှေလီမြို့ကို နိုဝင်ဘာလ ၈ ရက်နေ့ကစ လော့ခ်ဒေါင်း ၇ ရက် ပြန်လည် သတ်မှတ်ခဲ့ပြီး ရောဂါအခြေနေအရ ရက် ထပ်တိုး၊ ထပ်လျှော့မှာဖြစ်ကြောင်း ယူနန်ပြည်နယ် ကျန်းမာရေးဌာနက အသိပေးထုတ်ပြန်ခဲ့ တာလည်း ဖြစ်ပါတယ်။

မြန်မာ – တရုတ် နယ်စပ် နှစ်နိုင်ငံ ကုန်သွယ်ရေး ဂိတ်ပေါက်တွေ ဖွင့်နိုင်ဖို့ ပြင်ဆင်ကြိုးစားနေကြောင်း သတင်းတွေပြန့်နေပေမယ့် ပန်ဆိုင်း – ဝမ်တိန်ဂိတ်ပေါက်ကို နိုဝင်ဘာလ ၇ ရက်နေ့က သံတံခါးနဲ့ အလုံပိတ်ခဲ့ပြီး မူဆယ် နန်းတော်ပေါက်ကိုလည်း ယခုရက်ပိုင်းအတွင်း ထပ်မြှင့်ကာရံကာ ပိတ်လိုက်တာကို တွေ့ရပါတယ်။

ဓာတ်ပုံ - (ရွှေကူမြို့နယ်အတွင်း စစ်အုပ်စုတပ်မှ ဗုံးကြဲတိုက်ခိုက်ခံရသည့် မြင်ကွင်း။ / Crd)
September 14, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် တစ်လခွဲအတွင်း ကျေးရွာပေါင်း ၁၈ ရွာအထိ စစ်အုပ်စုတပ်၏ လေကြောင်း...
စစ်အုပ်စု၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC / Crd
September 14, 2026
စစ်အုပ်စု၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) က ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)...
မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့ကို ဆက်သွယ်ထားသည့် ဗလမင်းထင်တံတား မြင်ကွင်း။
September 12, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့သို့ အခြေခံ စားသောက်ကုန်များ ဝင်ရောက်ရာ ဗလမင်းထင်တံတားမှ ကုန်ပစ္စည်း...
ရှေ့တန်းတစ်နေရာတွင် မြင်တွေ့ရသည့် KIA နှင့် PDF ပူးပေါင်းတပ်များ
September 11, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးဒေသတွင် စစ်အုပ်စုတပ်၊ ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်အဖွဲ့နှင့် ကချင်လွတ်လပ်ရေး...