မုံးကိုးနဲ့သိန္နီ မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီကား ၉ စီး MNDAA ဖျက်ဆီးခဲ့

မုံးကိုးနဲ့သိန္နီ မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီကား ၉ စီး MNDAA ဖျက်ဆီးခဲ့

စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တပ်ဖွဲ့တို့ နိုဝင်ဘာ ၁၁ ရက်နေ့က မုံးကိုး နှင့် သိန္နီ မြို့နယ်တွေမှာ တိုက်ပွဲ‌ ဆက်လက် ဖြစ်ပွားခဲ့ပြီး  စစ်ကောင်စီဘက်ကို စစ်ကူလာသည့်ယာဉ်တန်းအနက် စစ်ကား ၉ စီးကို MNDAA ဖျက်ဆီးနိုင်ခဲ့ကြောင်း ကိုးကန့်သတင်းမှာ ဖော်ပြထားပါတယ်။

"မန်းယန် ဘက်မှာတော့ သူတို့ (စစ်ကောင်စီ) အကြီးအကျယ် လှုပ်ရှား နေကြတယ်။ နောင်ထွဲဘက်မှာရော။ မန်းယန်မှာ ဗျူဟာ ၁ ခု ထိုင်တယ်။ ဖောင်းဆိုင်မှာ ရောပဲ။ မနက်ဖြန် သဘက်ခါ ဘယ်လို ဖြစ်လာမလဲတောင် မသိဘူး" လို့ ဖောင်းဆိုင် ဒေသခံ တစ်ဦးက ပြောပါတယ်။

နိုဝင်ဘာလ ၁၁ ရက်နေ့ မနက်ပိုင်းက သိန္နီမြို့နယ် နမ့်စလပ် မှ ကိုးကန့် ကွမ်းလုံဒေသသို့ စေလွှတ်လိုက်တဲ့ စစ်ကူကား ၂၈ စီးကို ကိုးကန့် MNDAA မှ အဆင့်အဆင့်  ကြားဖြတ်တိုက်ခိုက်ရာ စုစုပေါင်း ကား ၉ စီး ဖျက်ဆီးခဲ့ကြောင်း ကိုးကန့် သတင်းအရ သိရပါတယ်။

ဒါ့အပြင် အဲဒီနေ့ကပဲ စစ်ကောင်စီက မုံးကိုး ပန်ရင်လပ်ကို ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့်  ညနေပိုင်းထိ တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း၊ မုံးကိုးမြို့နယ် မန်ဖာရွာ နှင့် သိန္နီမြို့နယ် ပန်လုံရွာ တို့တွင်လည်း တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

လက်ရှိ အဆိုပါနေရာများရှိ ပြည်သူများကို အမြန်ပြောင်းရွေ့ရန် စစ်ကောင်စီဘက်မှ ပြောဆိုနေကြောင်း မုံးကိုးဒေသခံတစ်ဦးကပြောပါတယ်။

"စစ်ကောင်စီက ရွာထဲမှာ တယောက်မှ မနေခိုင်းတော့ဘူးခု နမ့်ဟာ၊ ကောင်းလုံမှာ။ အားလုံး မုံးကိုးဘက် ပြောင်း လာခဲ့ပြီ။ စစ်ကောင်စီ တပ်က ကောင်းလုံမှာ ‌နေနေတယ်။ ရွာမှာ နေရင် ရန်သူလို့ သတ်မှတ်လိုက်တာကို သူတို့က" လို့ မုံးကိုး စစ်ရှောင် ပြည်သူတစ်ဦးက ပြောပါတယ်။

ဓာတ်ပုံ - (ရွှေကူမြို့နယ်အတွင်း စစ်အုပ်စုတပ်မှ ဗုံးကြဲတိုက်ခိုက်ခံရသည့် မြင်ကွင်း။ / Crd)
September 14, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် တစ်လခွဲအတွင်း ကျေးရွာပေါင်း ၁၈ ရွာအထိ စစ်အုပ်စုတပ်၏ လေကြောင်း...
စစ်အုပ်စု၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC / Crd
September 14, 2026
စစ်အုပ်စု၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) က ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)...
မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့ကို ဆက်သွယ်ထားသည့် ဗလမင်းထင်တံတား မြင်ကွင်း။
September 12, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့သို့ အခြေခံ စားသောက်ကုန်များ ဝင်ရောက်ရာ ဗလမင်းထင်တံတားမှ ကုန်ပစ္စည်း...
ရှေ့တန်းတစ်နေရာတွင် မြင်တွေ့ရသည့် KIA နှင့် PDF ပူးပေါင်းတပ်များ
September 11, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးဒေသတွင် စစ်အုပ်စုတပ်၊ ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်အဖွဲ့နှင့် ကချင်လွတ်လပ်ရေး...