စစ်ကောင်စီတပ်ဖမ်းဆီးသွားသည့် ကောလင်းဒေသခံ ၃ ဦး လက်ပြန်ကြိုးတုတ်ကာ သေနတ်ဒဏ်ရာဖြင့် သေဆုံးနေ

စစ်ကောင်စီတပ်ဖမ်းဆီးသွားသည့် ကောလင်းဒေသခံ ၃ ဦး လက်ပြန်ကြိုးတုတ်ကာ သေနတ်ဒဏ်ရာဖြင့် သေဆုံးနေ

စစ်ကိုင်းတိုင်း၊ ကောလင်းအနောက်ဘက် ရှမ်းကလုံး‌‌ရွာအနီး နိုဝင်ဘာလ ၇ ရက်နေ့ တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ဖမ်းဆီးသွားသော အရပ်သား ၃ ဦးမှာ လက်ပြန်ကြိုးတုတ်ထားကာ သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည့်အလောင်း ပြန်လည်တွေ့ရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

"ဦးစက်အောင်ရဲ့ လယ်တောတဲအောက်မှာ သူ့အမျိုးသမီးသွားတွေ့တာတဲ့။ လက်တွေကိုလည်း နောက်ပြန်ချည်ထားတယ်။ သေနတ်ဒဏ်ရာတွေ နဲ့ အဲမှာ ၉ တန်း တက်မယ့် ကလေးက ဦးစက်အောင်သားလို့ သိရတယ်" ဟု ဒေသခံတစ်ဦးက ပြောသည်။

အသတ်ခံထားရသည့် အရပ်သား ၃ ဦးသည် ဦးစက်အောင် အသက် ၃၅ နှစ် (ခန့်မှန်း)၊ မောင်ဖိုးချစ် ၉ တန်း ကျောင်းသား၊ ဦးမြင့်ငွေ ၄၅ နှစ်တို့ ဖြစ်ကြောင်း သိရသည်။

အဆိုပါ သေဆုံးနေသည့် ရုပ်အလောင်းများကို ဦးစက်အောင်ဇနီးဖြစ်သူက ‌နိုဝင်ဘာ ၁၁ ရက် နေ့လည်ခန့်က ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောသည်။

ရှမ်းကလုံးရွာသည် ကောလင်းနယ်၏ အနောက်ချမ်း ၁၅ မိုင်ခန့်အကွာတွင် တည်ရှိပြီး အိမ်ခြေပေါင်း ၄၀၀ နီးပါးခန့်ရှိသည့် ကျေးရွာဖြစ်သည်။

စစ်တပ်မှ အာဏာသိမ်းပြီးနောက် ပြီးခဲ့သည့် စက်တင်ဘာလမှစကာ အင်တာနက်ဖုန်းလိုင်းများ ဖြတ်တောက်ခံရခဲ့ရသည့် ပြည်နယ်၊ တိုင်းများအနက် စစ်ကိုင်းတိုင်းသည် အဆိုးရွားဆုံးဖြစ်သည်။

အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရသောကြောင့် စစ်ကိုင်းဒေသကြီးအတွင်း စစ်တပ်၏ ထိုးစစ်ဆင်မှုများကို အသေးစိတ်သိရှိနိုင်ရန် ခက်ခဲနေဆဲဖြစ်သည်။

May 6, 2026
မြစ်ကြီးနား လေကြောင်းခရီးစဉ်တွေမှာ လေယာဉ်လက်မှတ်ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတာကြောင့်...
May 5, 2026
အမိုး — စစ်ကိုင်းနဲ့ကချင်အစပ် အင်းတော်မြို့နယ်အတွင်းမှာရှိတဲ့ Star Link Wifi...
May 1, 2026
ကချင်ပြည်နယ်၊ မချမ်းဘော့မြို့နယ် အရှေဘက် အလန်ဂါးကျေးရွာအဝင်က...
April 30, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က အမျိုးသားညီညွတ်ရေးအစိုးရ NUGသိမ်းပိုက်ထားတဲ့...