ကောလင်း ရှမ်းကလုံးကျေးရွာမှ ဒေသခံရွာသား ၃ ဦးကို စစ်ကောင်စီတပ်ဖမ်းဆီးသွား

ကောလင်း ရှမ်းကလုံးကျေးရွာမှ ဒေသခံရွာသား ၃ ဦးကို စစ်ကောင်စီတပ်ဖမ်းဆီးသွား

စစ်ကိုင်းတိုင်း၊ ကောလင်းနယ်၊ ရှမ်းကလုံးကျေးရွာမှ လူလတ်ပိုင်း ၂ ဦးနှင့် အသက် ၂၀ ဝန်းကျင်လူငယ် ၁ ဦး စုစုပေါင်း ဒေသခံရွာသား ၃ ဦ နိုဝင်ဘာလ ၁၀ ရက်နေ့တွင် စစ်ကောင်စီတပ်မှ ဖမ်းဆီးသွားကြောင်း သိရသည်။

“ရှမ်းကလုံးရွာက ဒေသခံ ယောကျ်ားလေး သုံးယောက်ဖမ်းဆီး ခေါ်ဆောင်သွားတယ်။ တစ်ယောက်ကိုနောက်ပြန်ကြိုးတုတ်တယ်။ ကျန်တဲ့နှစ် ယောက်ကိုတော့ ဒီအတိုင်းဖမ်းဆီးသွားတယ်။ နောက်ပြန် ကြိုးတုတ်ခံရတဲ့သူက နှိပ်စက်ခံထားရတယ်လို့ သိရတယ်” ဟု ပြောသည်။

ရှမ်းကလုံးကျေးရွာသို့ စစ်ကောင်စီတပ်အင်အား ၁၀၀ ဝန်းကျင်ဝင်ရောက်လာကာ ဘုန်းကြီးကျောင်းဝင်းအတွင်းရှိ စစ်ရှောင်နေသူများအား မိမိနေအိမ်ပြန်ခိုင်းခဲ့သည့်အပြင် အသက်ကြီးပိုင်းနဲ့ စစ်ရှောင်များအား ကူညီပေးနေသူအချို့ကို စစ်ဆေးမေးမြန်းပြီးနောက် ယခုကဲ့သို့ ဒေသခံ ၃ ဦး ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

စစ်ကောင်စီတပ်သည် ရှမ်းကလုံးကျေးရွာတွင် ယခင်ရက်များကလည်း ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ရွာသားတဦးနဲ့တခြားရွာသားတစ်ဦးကိုလည်း လမ်းပြအဖြစ် ခေါ်ဆောင်ခဲ့ပြီး ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

ရှမ်းကလုံးရွာသည် ကောလင်းနယ်၏ အနောက်ချမ်းတွင် တည်ရှိပြီး အိမ်ခြေပေါင်း ၄၀၀ နီးပါးခန့်ရှိသည့် ကျေးရွာဖြစ်ပြီး စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းသည် အင်တာနက်ဖုန်းလိုင်းများဖြတ်တောက်မှု အဆိုးရွားဆုံး ခံခဲ့ရသည်။

ဓာတ်ပုံ - (ရွှေကူမြို့နယ်အတွင်း စစ်အုပ်စုတပ်မှ ဗုံးကြဲတိုက်ခိုက်ခံရသည့် မြင်ကွင်း။ / Crd)
September 14, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် တစ်လခွဲအတွင်း ကျေးရွာပေါင်း ၁၈ ရွာအထိ စစ်အုပ်စုတပ်၏ လေကြောင်း...
စစ်အုပ်စု၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC / Crd
September 14, 2026
စစ်အုပ်စု၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) က ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)...
မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့ကို ဆက်သွယ်ထားသည့် ဗလမင်းထင်တံတား မြင်ကွင်း။
September 12, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့သို့ အခြေခံ စားသောက်ကုန်များ ဝင်ရောက်ရာ ဗလမင်းထင်တံတားမှ ကုန်ပစ္စည်း...
ရှေ့တန်းတစ်နေရာတွင် မြင်တွေ့ရသည့် KIA နှင့် PDF ပူးပေါင်းတပ်များ
September 11, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးဒေသတွင် စစ်အုပ်စုတပ်၊ ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်အဖွဲ့နှင့် ကချင်လွတ်လပ်ရေး...