ကသာမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် PDF တို့ တိုက်ပွဲ ဆက်လက်ဖြစ်ပွား

ကသာမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် PDF တို့ တိုက်ပွဲ ဆက်လက်ဖြစ်ပွား

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ် ဝဲကြီး‌ကျေးရွာအနီးတွင် PDF နှင့် စစ်ကောင်စီတပ်တို့ နိုဝင်ဘာ ၉ ရက် ညနေ ၃ နာရီဝန်းကျင်မှစကာ  တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသခံများမှ သိရသည်။

“ခုနက စဖြစ်တာဟုတ်တယ် အဲရွာနားက စစ်ကောင်စီတပ်တွေရှိတဲ့နေရာ PDF တွေက မိုင်းသွားဆွဲလိုက်တာ အဲကနေ သူတို့လည်း ပြန်ခံပစ်ပြီး တိုက်ပွဲဖြစ်တာ” ဟု မြေပြင်သတင်းပေးပို့သူ တစ်ဦးက ပြောသည်။

ဝဲကြီးရွာသည် နိုဝင်ဘာ ၈ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့သည့် မိုး‌တားလေးကျေးရွာအနီးတွင် တည်ရှိနေပြီး စစ်ကောင်စီတပ်က ကျေးရွာအတွင်း လာရောက်တပ်စွဲထားသေးကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ မိုးတားလေးကျေးရွာအနီး တိုက်ပွဲကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင် နေကြရသည့်အပြင် ယ‌ခုတိုက်ပွဲထပ်မံဖြစ်နေသည့်မတွက် ထွက်ပြေးတိမ်းရှောင်သူ ပိုမိုများလာကြောင်း ဒေသခံများ‌က ပြောသည်။

“အိမ်က မပြန်ကြရသေးဘူး ပြေးနေရတာ မနေ့ကတည်းက ခုထိရွာမပြန်နိုင်သေးဘူး စစ်တပ်က ရွာထဲမှာ ရှိနေသေးတယ် ခုလည်း ကျမတို့ရွာနားမှာဘဲ တိုက်ပွဲကဖြစ် တစ်ချို့အိမ်တွေ မီးရှို့နေတယ်လို့ ကြားရတယ်”ဟု  ဒေသခံတစ်ဦးကပြောသည်။

ကသာမြို့နယ် မိုးတားလေးကျေးရွာတွင် ယမန်နေ့ PDF နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားခဲ့သည့်အတွက် ဒေသခံပြည်သူများ၏ နေအိမ် ၁၁ လုံးမီးရှို့ခံရကြောင်း၊ ကလေးတစ်ဦးနားရွက်နား ကျည်ဆအနည်းငယ်ထိမှန်ကာ နွား ၇ ကောင်လည်း သေဆုံးခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းအတွင်း အောက်တိုဘာလမှ စကာ စစ်ကောင်စီနှင့် ဒေသခံကာကွယ်ရေးတပ်များ နေရာအနှံ့ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်သည့်အတွက် စစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်းနေရာဒေသအနှံ့ ပြည်သူများအား ဖမ်းဆီးမူများပြုလုပ်နေသည့်အပြင် ပြီးခဲ့သည့် အောက်တိုဘာလ ၂ ရက်နေ့တွင် ကသာဒေသခံတစ်ဦးအား စစ်ကောင်စီမှ လမ်းပြအဖြစ် ခေါ်ဆောင်သွားပြီးနောက် သေနတ်ဖြင့် သတ်ဖြတ်ခဲ့သည်။

ဓာတ်ပုံ - (ရွှေကူမြို့နယ်အတွင်း စစ်အုပ်စုတပ်မှ ဗုံးကြဲတိုက်ခိုက်ခံရသည့် မြင်ကွင်း။ / Crd)
September 14, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် တစ်လခွဲအတွင်း ကျေးရွာပေါင်း ၁၈ ရွာအထိ စစ်အုပ်စုတပ်၏ လေကြောင်း...
စစ်အုပ်စု၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC / Crd
September 14, 2026
စစ်အုပ်စု၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) က ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)...
မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့ကို ဆက်သွယ်ထားသည့် ဗလမင်းထင်တံတား မြင်ကွင်း။
September 12, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့သို့ အခြေခံ စားသောက်ကုန်များ ဝင်ရောက်ရာ ဗလမင်းထင်တံတားမှ ကုန်ပစ္စည်း...
ရှေ့တန်းတစ်နေရာတွင် မြင်တွေ့ရသည့် KIA နှင့် PDF ပူးပေါင်းတပ်များ
September 11, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးဒေသတွင် စစ်အုပ်စုတပ်၊ ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်အဖွဲ့နှင့် ကချင်လွတ်လပ်ရေး...