ကျောက်မဲ ဟိုင်းပုကျေးရွာထိ တပ်ပေါင်းစု ရောက်လာ ဒေသခံများ ထိတ်လန့်ထွက်ပြေး

ကျောက်မဲ ဟိုင်းပုကျေးရွာထိ တပ်ပေါင်းစု ရောက်လာ ဒေသခံများ ထိတ်လန့်ထွက်ပြေး

သျှမ်းမြောက် ကျောက်မဲမြို့ မန်ခါစစ်ရှောင်စခန်းအနီးရှိ ဟိုင်းပုကျေးရွာအတွင်း ယနေ့ (အောက်တိုဘာ ၉)ရက် မနက်ပိုင်းတွင် တပ်ပေါင်းစု အင်အား (၁၀၀)ခန့် ရောက်ရှိလာသဖြင့် ဒေသခံများ ထိတ်လန့်ကာ ထွက်ပြေး တိမ်းရှောင်ခဲ့ကြကြောင်း သတင်းရရှိသည်။

ဟိုင်းပု ကျေးရွာအတွင်း တပ်ပေါင်းစုတို့ ရောက်ရှိလာပြီးနောက် ဟိုင်းပုဒေသခံ အပါအဝင် အနီးကပ်လျက်ရွာမှ ဒေသခံများလည်း ထိတ်လန့်ကာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြတာဖြစ်ကြောင်း သိရသည်။

“ဟိုင်းပု ရွာထဲထိ ရောက်လာတာ၊ အင်အားက များတယ် ၁၀၀ ကျော်လောက်ရှိတယ်၊ ရွာအဝင်လမ်းတွေမှာရော ရွာထဲမှာရော ရှိတယ်၊ တိုက်ပွဲဖြစ်တာတော့ မဟုတ်ဘူး၊ ဖမ်းခံရမှာကြောက်လို့ ထွက်ပြေးကြတာ” ဟု ဟိုင်းပု ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဟိုင်းပုကျေးရွာသည် လက်ရှိစစ်ရှောင်(၂၀၀)ဝန်းကျင် ခိုလုံနေသည့် မန်ခါ ဘုန်းကြီးကျောင်းနှင့် ရွာချင်း ကပ်လျက်သာ ရှိနေသည့်အတွက် မန်ခါဒေသခံများလည်း ကြောက်ရွံ့ကာ ထွက်ပြေးတိမ်းရှောင်ခဲ့ရတာ ဖြစ်ကြောင်း သိရသည်။

“လူလာရှာတာလို့ ကြားတာပဲ၊ သူတို့တပ်က မနေ့က ကြူရှောဘက်မှာရှိတာ၊ ကြူရှောနဲ့ ဟိုင်းပုကလည်း (၅)မိုင်လောင်ပဲ ဝေးတာလေ၊ ဒီမနက်ကြတော့ ဟိုင်းပုရွာထဲထိ ရောက်လာတော့တာ၊ မန်မိုင်မှာက ဗမာတပ်သားတွေ ရှိတယ်လေ၊ နီးနီးလေးပဲ” ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်း ဟူးဆွန်ကျေးရွာအုပ်စုအနီးတစ်ဝိုက်တွင် RCSS နှင့် တပ်ပေါင်းစု တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံ တစ်ထောင်ကျော် မြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး သျှမ်းစာပေနှင့်ယဥ်ကျေးမှုအသင်း သင်တန်းကျောင်းတွင် (၆၀၀)ကျော်၊ တောင်နောက်ဘုန်းကြီးကျောင်းတွင် (၃၀၀)ကျော်၊ သန္တိသုခ ဓမ္မာရုံတွင် (၂၀၀)ကျော် စစ်ရှောင်ခိုလှုံနေကြောင်း သိရသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...