ကွတ်ခိုင်မြို့နယ်တွင် အသက် ၆၂ နှစ်အရွယ်အမျိုးသမီးတစ်ဦးကို စစ်ကောင်စီတပ်သားအဓမ္မ ပြုကျင့်

ကွတ်ခိုင်မြို့နယ်တွင် အသက် ၆၂ နှစ်အရွယ်အမျိုးသမီးတစ်ဦးကို စစ်ကောင်စီတပ်သားအဓမ္မ ပြုကျင့်

ကွတ်ခိုင်မြို့နယ်၊ နမ့်ဖလွန်ကျေးရွာ အုပ်စု၊ အဝေးပြေးလမ်းမဘေး ဖာခေတ်ကျေးရွာက အသက် ၆၂ နှစ် အရွယ် အမျိုးသမီးတစ်ဦးကို စစ်ကောင်စီတပ် ခလရ ၃၃၆ မှ တပ်သား ၁ ဦး နိုဝင်ဘာလ ၇ ရက်နေ့ မွန်းလွဲ ၂ နာရီဝန်းကျင်က အဓမ္မပြုကျင့်ခဲ့ကြောင်း ဒေသခံတစ်ဦးထံက သိရှိရသည်။

"အိမ်ခြံစောင့်နေထိုင်တာ။ အမျိုးသမီးကြီး ၂ ဦး။ အဲဒီ အမျိုးသမီးနဲ့ နေထိုင်တဲ့ အဖော်အမျိုးသမီးကြီးက ဝက်စာလိုက်ယူနေတာ။ စစ်သား ၃ ယောက်က ဟင်းသီးဟင်းရွက် လာတောင်းတော့ ပေးလိုက်တယ်။ သူတို့ ပြန်သွားပြီး။ ၃ ယောက်ထဲက ၁ ယောက်က ပြန်လှည့်လာပြီး နေမကောင်းလို့ နေပူဆာလှုံနေတဲ့ အမျိုးသမီးကိုအိမ်ထဲ ဆွဲသွားပြီး အဓမ္မပြုကျင့် လိုက်တာ" လို့ ဒေသခံ တစ်ဦးက ပြောသည်။

၎င်း အမျိုးသမီး၏အဖော်ဖြစ်သူ နှင့် စစ်သား ၂ ဦးပြန်လာချိန် အဓမ္မပြုကျင့်နေသော စစ်သားက ဓါးဖြင့် ပြန်လည်တိုက်ခိုက်လာသည့်အတွက် အဲဒီစစ်သား၂ ဦးမှလည်း ဓားဖြင့်ပြန်လည်ခုခံရာ အဓမ္မ ပြုကျင့်သည့်စစ်သား၏ ခေါင်းကို ဓါးဒဏ်ရာထိမှန်သွားကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါအဓ္ဓမပြစ်မှုကျူးလွန်မှုကို စစ်တပ်တာဝန်ရှိသူထံ တိုင်တန်းထားကြောင်း ဒေသခံက ဆိုသည်။  

ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်ခန့်ကလည်း ကွတ်ခိုင် နမ့်ကွတ်ရွာက အသက် ၁၇ နှစ် အရွယ် အမျိုးသမီးငယ် ၁ ဦးကို စစ်ကောင်စီ စစ်ကြောင်းက အဓမ္မပြုကျင့်ခဲ့မှုကြောင့် ထောင်ဒဏ် ၁၄ နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။

 

ဓာတ်ပုံ - (ရွှေကူမြို့နယ်အတွင်း စစ်အုပ်စုတပ်မှ ဗုံးကြဲတိုက်ခိုက်ခံရသည့် မြင်ကွင်း။ / Crd)
September 14, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် တစ်လခွဲအတွင်း ကျေးရွာပေါင်း ၁၈ ရွာအထိ စစ်အုပ်စုတပ်၏ လေကြောင်း...
စစ်အုပ်စု၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC / Crd
September 14, 2026
စစ်အုပ်စု၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) က ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)...
မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့ကို ဆက်သွယ်ထားသည့် ဗလမင်းထင်တံတား မြင်ကွင်း။
September 12, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့သို့ အခြေခံ စားသောက်ကုန်များ ဝင်ရောက်ရာ ဗလမင်းထင်တံတားမှ ကုန်ပစ္စည်း...
ရှေ့တန်းတစ်နေရာတွင် မြင်တွေ့ရသည့် KIA နှင့် PDF ပူးပေါင်းတပ်များ
September 11, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးဒေသတွင် စစ်အုပ်စုတပ်၊ ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်အဖွဲ့နှင့် ကချင်လွတ်လပ်ရေး...