စစ်ကောင်စီနှင့် PDF ဖယ်ခုံမြို့နယ်တွင်တိုက်ပွဲဆက်ဖြစ် စစ်ကောင်စီကျဆုံးမှုရှိ

စစ်ကောင်စီနှင့် PDF ဖယ်ခုံမြို့နယ်တွင်တိုက်ပွဲဆက်ဖြစ် စစ်ကောင်စီကျဆုံးမှုရှိ

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် ခေါင်းအိကျေးရွာအုပ်စု စက်တော်ကျေးရွာတဝိုက် စစ်ကောင်စီတပ်ဖွဲ့ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ယနေ့ (နိုဝင်ဘာ ၅ ရက်) နံနက် ၈ နာရီမှ စပြီး တိုက်ပွဲ ဖြစ်ပွားမှုပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်မှ ကျဆုံးမှုရှိကြောင်း စုံစမ်းသိရှိရသည်။

 

“ကျနော်တို့ဘက်လည်း ဒဏ်ရာရတာရှိတယ်။ ဒါပေမဲ့ ဒဏ်ရာကြီးကြီးရတာတော့မဟုတ်ဘူး။ ထိရှတာတွေလောက်ပါပဲဗျ။ အရမ်းကြီး ဒဏ်ရာရတာ မရှိပါဘူး။ စစ်ကောင်စီဘက်ကတော့ သေဆုံးတာတွေလည်းရှိပါတယ်” ဟု ဖယ်ခုံမြို့ PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

 

ထိုတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ (၁၅)ဦးခန့် ထိခိုက် သေဆုံးမှုရှိပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ ဒဏ်ရာရရှိသူများလည်း ရှိကြောင်း ဖယ်ခုံမြို့ PDF တပ်ဖွဲ့ဝင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

 

“စစ်ကောင်စီဘက်တော့ ၁၅ ယောက်ထက်မနည်း ဒဏ်ရာ ရရှိကြမှာပါ။ အတိကျတော့ ကျနော်တို့လည်း မသိရသေးဘူး။ သွားကြည့်တာတော့ သွေးတွေကျနေတာတွေ့ရတယ်။ အကုန်မသွားကြည့်ရသေးဘူး” ဟု အထက်ပါ PDF က ဆိုသည်။

 

ဖယ်ခုံမြို့နယ်အတွင်း ဖြစ်ပွားသည့် ယနေ့ တိုက်ပွဲသည် မနက် ၈ နာရီမှ စတင်ခဲ့ပြီး နေ့လည် ၂ နာရီခွဲဝန်းကျင်ထိ ဖြစ်ပွားခဲ့ကြောင်း၊ ထိုတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများလည်း ရှိခဲ့ကြောင်း သိရသည်။

 

“အခုတော့ ငြိမ်သွားပြီ၊ မနက် ၈ နာရီကတည်းကနေ ဖြစ်လာတာ။ တောက်လျှောက်ဘဲ။ ၂ နာရီခွဲလောက်မှပြီးတယ်။ စစ်ကောင်စီဘက်ကနေ လက်နက်ကြီးတွေ အများကြီးပစ်ခတ်ခဲ့တယ်” ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။

 

ဖယ်ခုံမြို့နယ်တွင် ယမန်နေ့ နိုဝင်ဘာ ၄ ရက်တွင်လည်း စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ (၂၀)ဦး သေဆုံးခဲ့ကြောင်း သိရသည်။

 

အလားတူ ယနေ့တိုက်ပွဲတွင် လွိုင်ကော် PDF၊ ဖယ်ခုံ PDF/ KA၊ ဒီမော့ဆို PDF၊ မိုးဗြဲ PDF၊ အလယ်ပိုင်းတိုင်း PDF/ KGZ/KNDF တို့က အတူ ပူးပေါင်းပါဝင်ပြီး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...
May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...