ရွှေကူမြို့အဝင် စစ်ကောင်စီ တပ်သား ၂ ဦးမိုင်ခွဲခံရသဖြင့် သေဆုံး

ရွှေကူမြို့အဝင် စစ်ကောင်စီ တပ်သား ၂ ဦးမိုင်ခွဲခံရသဖြင့် သေဆုံး

ရွှေကူမြို့အဝင်တွင် စစ်ကောင်စီတပ်ဖွဲ့မှ အရာရှိတစ်ဦးနှင့် တပ်သားတစ်ဦး နိုဝင်ဘာ ၅ ရက် နံနက်ပိုင်းက မိုင်းခွဲခံရသဖြင့် သေဆုံးသွားကြောင်းသိရသည်။

နံနက် ၅ နာရီခွဲဝန်းကျင်တွင် ရွှေကူမြို့အဝင်တွင် အခြေစိုက်ထားသော စစ်တပ်မှ စစ်သား ၂ ဦးသည် ဆိုင်ကယ်ဖြင့် ရွှေကူမြို့  စစ်တပ်စစ်ဆေးရေးဂိတ်ရှိသော (၄) ဆုံးဆုံဘက်သို့ ဖြတ်လာခဲ့ရာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က မိုင်း ၂ ကြိမ်ထက်မနည်း ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း ရွှေကူဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

“တစ်ပွင့် ဗိုလ်တစ်ယောက်နဲ့ နောက်တစ်ယာက်တပ်သားအဆင့်ဘဲရှိမယ် ထင်တယ်။ စစ်တပ်ကနေ စစ်တပ်ဂိတ်အရှေ့တည့်တည့်ဘက်ကို ဖြတ်လာခဲ့တယ်။ KIA က ကြိုစောင့်ပြီး မိုင်းခွဲတိုက်ခိုက်ခဲ့တယ်။ ၂ ယောက်စလုံး အဲ့မှာ ပွဲချင်းပြီး သေဆုံးသွားတယ်လို့ကြားတယ်။ မြို့ဘက်ကနေ လူနာတင်ကာနဲ့လာတင်သွားကြတယ်” ဟု ပြောသည်။

အဆိုပါ စစ်သား ၂ ဦးကို မိုင်းခွဲ တိုက်ခိုက်ခဲ့သည့်အပြင် ရွှေကူမြို့အဝင်အထွက် စစ်တပ် စစ်ဆေးရေးဂိတ်ကိုလည်း KIA ပစ်ခတ်ခဲ့ရာတွင် စစ်ဆေးရေးဂိတ်၏ ထိခိုက်မှု အခြေအနေကို အသေးစိတ်မသိရသေးကြောင်း သူက ဆက်ဆိုသည်။

ထို့ပြင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး ပစ်သတ်ခံရသည့်အပြင် စစ်ဆေးရေးဂိတ်ပါ ပစ်ခတ်ခံရသောကြောင့် အာဏာသိမ်းစစ်ကောင်စီမှလည်း လက်နက်ကြီး လက်နက်ငယ်များဖြင့် ၁ နာရီခန့်အကြာ ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ရွှေကူမြို့သည် ဧရာဝတီမြစ်ဘေးတွင်တည်ရှိပြီး စစ်ကောင်စီမှ ကချင်ပြည်နယ်သို့ စစ်အင်အားတိုးချဲ့စဉ် KIA နှင့် PDF တို့ ပူးပေါင်းတိုက်ခိုက်မှု ပုံမှန်ပြုလုပ်ခဲ့သော ဒေသဖြစ်သည်။

ဓာတ်ပုံ - (ရွှေကူမြို့နယ်အတွင်း စစ်အုပ်စုတပ်မှ ဗုံးကြဲတိုက်ခိုက်ခံရသည့် မြင်ကွင်း။ / Crd)
September 14, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် တစ်လခွဲအတွင်း ကျေးရွာပေါင်း ၁၈ ရွာအထိ စစ်အုပ်စုတပ်၏ လေကြောင်း...
စစ်အုပ်စု၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC / Crd
September 14, 2026
စစ်အုပ်စု၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) က ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)...
မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့ကို ဆက်သွယ်ထားသည့် ဗလမင်းထင်တံတား မြင်ကွင်း။
September 12, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့သို့ အခြေခံ စားသောက်ကုန်များ ဝင်ရောက်ရာ ဗလမင်းထင်တံတားမှ ကုန်ပစ္စည်း...
ရှေ့တန်းတစ်နေရာတွင် မြင်တွေ့ရသည့် KIA နှင့် PDF ပူးပေါင်းတပ်များ
September 11, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးဒေသတွင် စစ်အုပ်စုတပ်၊ ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်အဖွဲ့နှင့် ကချင်လွတ်လပ်ရေး...