ဝိုင်းမော်မြို့အနီး ပြည်သူ့စစ်စခန်းတည်ဆောက်နေမှုကို KIA သွားရောက်ပစ်ခတ် ဖျက်ဆီး

ဝိုင်းမော်မြို့အနီး ပြည်သူ့စစ်စခန်းတည်ဆောက်နေမှုကို KIA သွားရောက်ပစ်ခတ် ဖျက်ဆီး

ကချင်ပြည်နယ် ဝိုင်းမော်မြို့အထွက် ဝူယန်ကျေးရွာတွင် ဆောက်လုပ်ေနသော ပြည်သူ့စစ်စခန်းတစ်ခုကို နိုဝင်ဘာ ၄ ရက် နံနက်စောစောပိုင်းက ကချင်လွတ်လပ်ရေးတပ်မတော် KIA မှ သွားရောက် ပစ်ခတ်ဖျက်ဆီးလိုက်ကြောင်း သိရသည်။

 

ဝူယန်ကျေးရွာ လမ်းမကြီးပေါ်  နံနက်စျေးအထက် အုပ်ချုပ်ရေးရုံးဝင်းအနီး ဆောက်လုပ်သည့် အဆိုပါပြည်သူ့စစ်ဂိတ်ကို KIA က လက်နက်ကြီး ၁၅ ချက် ထက်မနည်း သွားရောက်ပစ်ခတ်ခဲ့သည်ဟု ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

 

"KIA လာပစ်တာက ၃ နာရီ ဝန်းကျင်လောက်ဖြစ်မယ်။ အဲ့ပြည်သူ့စစ်ဂိတ်ဆောက်ထားတာလည်း မကြာသေးဘူး။ ၄ ရက်လောက်ဘဲရှိသေးတယ်။ KIA ကရွာအတွင်းမှာ စစ်တပ်ဂိတ်ရှိတာ မလိုလားဘူးထင်တယ်။ အဲ့ကြောင့် လာပစ်တယ်လို့ဘဲမြင်တယ်။ ဒီတစ်ခေါက်တော့ တဲဆောက်ထားတာကို သွားပစ်ခြိမ်းခြောက်တဲ့ အဆင့်လောက်ဘဲ။ ထိခိုက်သေဆုံးတဲ့အဆင့်အထိတော့ မရှိသေးဘူး" ဟု ဆိုသည်။

 

ပြည်သူပိုင် အုပ်ချုပ်ရေးရုံးဝင်းမြေနေရာတွင် စစ်တပ်ဂိတ် နေရာချလာသည့် လုပ်ရပ်ကို ဒေသခံပြည်သူအများ ကန့်ကွက် နေကြောင်းလည်း သူက ဆက်ပြောသည်။

 

" စလုပ်လာကတည်းက ကျနော်တို့ ဒေသခံတွေ ကန့်ကွက်ကြတယ်။ ဘာလို့ ကန့်ကွက်လည်း ဆိုတော့ အများပြည်သူပိုင်နေရာမှာ ပြည်သူ့စစ်အဖွဲ့ဘဲ နေရာယူ သိမ်းပိုက်တာမလိုချင်ဘူး။ ပြီးရင် ရွာအတွင်းမှာလည်း ဖြစ်နေတယ်။ ဒါက လုံးဝမဖြစ်သင့်ဘူး" ဟု ပြောဆိုသည်။

 

အဆိုပါ ပြည်သူ့စစ်ဂိတ်မှာ ဝိုင်းမော်မြို့  ခလရ (၅၈) တပ်ရင်းလက်အောက်ရှိ စခန်းတစ်ခုအဖြစ် တည်ဆောက်နေခြင်းဖြစ်သည်ဟု သိရသည်။

 

ပြီးခဲ့သည့် ဇူလိုင်လ ၁၁ ရက်ညကလည်း ဝိုင်းမော်မြို့နယ် ရွှေညောင်ပင် ခမရ ၃၂၁ တပ်အနီးရှိ ပြည်သူ့စစ်စခန်းတစ်ခုကို KIA က သွားရောက်တိုက်ခိုက် ဖျက်ဆီးခဲ့သည်။

January 26, 2026
ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်မှာ ဆိုင်ကယ်ကယ်ရီသမားတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရပြီး...
January 24, 2026
စစ်ကိုင်းနဲ့ကချင်အစပ်ဒေသတွေမှာ ဇန်နဝါရီလ ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ၆ ရက်အတွင်း...
January 23, 2026
နော်ထွယ့်(ဟူးကောင့်) — ဗန်းမော်မြို့၊ ကောင်ဂျာကျေးရွာမှာ နာရေးဆုတောင်းပွဲပြုလုပ်ဖို့...
January 22, 2026
အမိုး — စစ်ကိုင်းနဲ့ ကချင်အစပ်က တိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈...