ဝိုင်းမော်မြို့အနီး ပြည်သူ့စစ်စခန်းတည်ဆောက်နေမှုကို KIA သွားရောက်ပစ်ခတ် ဖျက်ဆီး

ဝိုင်းမော်မြို့အနီး ပြည်သူ့စစ်စခန်းတည်ဆောက်နေမှုကို KIA သွားရောက်ပစ်ခတ် ဖျက်ဆီး

ကချင်ပြည်နယ် ဝိုင်းမော်မြို့အထွက် ဝူယန်ကျေးရွာတွင် ဆောက်လုပ်ေနသော ပြည်သူ့စစ်စခန်းတစ်ခုကို နိုဝင်ဘာ ၄ ရက် နံနက်စောစောပိုင်းက ကချင်လွတ်လပ်ရေးတပ်မတော် KIA မှ သွားရောက် ပစ်ခတ်ဖျက်ဆီးလိုက်ကြောင်း သိရသည်။

 

ဝူယန်ကျေးရွာ လမ်းမကြီးပေါ်  နံနက်စျေးအထက် အုပ်ချုပ်ရေးရုံးဝင်းအနီး ဆောက်လုပ်သည့် အဆိုပါပြည်သူ့စစ်ဂိတ်ကို KIA က လက်နက်ကြီး ၁၅ ချက် ထက်မနည်း သွားရောက်ပစ်ခတ်ခဲ့သည်ဟု ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

 

"KIA လာပစ်တာက ၃ နာရီ ဝန်းကျင်လောက်ဖြစ်မယ်။ အဲ့ပြည်သူ့စစ်ဂိတ်ဆောက်ထားတာလည်း မကြာသေးဘူး။ ၄ ရက်လောက်ဘဲရှိသေးတယ်။ KIA ကရွာအတွင်းမှာ စစ်တပ်ဂိတ်ရှိတာ မလိုလားဘူးထင်တယ်။ အဲ့ကြောင့် လာပစ်တယ်လို့ဘဲမြင်တယ်။ ဒီတစ်ခေါက်တော့ တဲဆောက်ထားတာကို သွားပစ်ခြိမ်းခြောက်တဲ့ အဆင့်လောက်ဘဲ။ ထိခိုက်သေဆုံးတဲ့အဆင့်အထိတော့ မရှိသေးဘူး" ဟု ဆိုသည်။

 

ပြည်သူပိုင် အုပ်ချုပ်ရေးရုံးဝင်းမြေနေရာတွင် စစ်တပ်ဂိတ် နေရာချလာသည့် လုပ်ရပ်ကို ဒေသခံပြည်သူအများ ကန့်ကွက် နေကြောင်းလည်း သူက ဆက်ပြောသည်။

 

" စလုပ်လာကတည်းက ကျနော်တို့ ဒေသခံတွေ ကန့်ကွက်ကြတယ်။ ဘာလို့ ကန့်ကွက်လည်း ဆိုတော့ အများပြည်သူပိုင်နေရာမှာ ပြည်သူ့စစ်အဖွဲ့ဘဲ နေရာယူ သိမ်းပိုက်တာမလိုချင်ဘူး။ ပြီးရင် ရွာအတွင်းမှာလည်း ဖြစ်နေတယ်။ ဒါက လုံးဝမဖြစ်သင့်ဘူး" ဟု ပြောဆိုသည်။

 

အဆိုပါ ပြည်သူ့စစ်ဂိတ်မှာ ဝိုင်းမော်မြို့  ခလရ (၅၈) တပ်ရင်းလက်အောက်ရှိ စခန်းတစ်ခုအဖြစ် တည်ဆောက်နေခြင်းဖြစ်သည်ဟု သိရသည်။

 

ပြီးခဲ့သည့် ဇူလိုင်လ ၁၁ ရက်ညကလည်း ဝိုင်းမော်မြို့နယ် ရွှေညောင်ပင် ခမရ ၃၂၁ တပ်အနီးရှိ ပြည်သူ့စစ်စခန်းတစ်ခုကို KIA က သွားရောက်တိုက်ခိုက် ဖျက်ဆီးခဲ့သည်။

ဓာတ်ပုံ - (ရွှေကူမြို့နယ်အတွင်း စစ်အုပ်စုတပ်မှ ဗုံးကြဲတိုက်ခိုက်ခံရသည့် မြင်ကွင်း။ / Crd)
September 14, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် တစ်လခွဲအတွင်း ကျေးရွာပေါင်း ၁၈ ရွာအထိ စစ်အုပ်စုတပ်၏ လေကြောင်း...
စစ်အုပ်စု၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC / Crd
September 14, 2026
စစ်အုပ်စု၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) က ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)...
မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့ကို ဆက်သွယ်ထားသည့် ဗလမင်းထင်တံတား မြင်ကွင်း။
September 12, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့သို့ အခြေခံ စားသောက်ကုန်များ ဝင်ရောက်ရာ ဗလမင်းထင်တံတားမှ ကုန်ပစ္စည်း...
ရှေ့တန်းတစ်နေရာတွင် မြင်တွေ့ရသည့် KIA နှင့် PDF ပူးပေါင်းတပ်များ
September 11, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးဒေသတွင် စစ်အုပ်စုတပ်၊ ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်အဖွဲ့နှင့် ကချင်လွတ်လပ်ရေး...