ပင်လောင်းမြို့ လော့ဒေါင်းကာလ ကိုဗစ်လူနာ ၁ ဦးသေ

ပင်လောင်းမြို့ လော့ဒေါင်းကာလ ကိုဗစ်လူနာ ၁ ဦးသေ

သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့တွင် Semi Lockdown ချပြီးနောက်ပိုင်း ကိုဗစ်-၁၉ လူနာတစ်ဦး ထပ်မံသေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။

နိုဝင်ဘာ (၂)ရက်နေ့ ည ၇ နာရီ ဝန်းကျင်တွင် အသက် ၆၈ အဘိုးသည် ကိုဗစ် -၁၉ ရောဂါကြောင့် ဆေးရုံမှဆင်းပြီး နေအိမ်အပြန်တွင် သေဆုံးသွားကြောင်း သိရသည်။

“သူက အသက်ကြီးပြီ။ ဆေးရုံးကနေ ဆင်းလာပြီးတော့ နေအိမ်ရောက်တော့ ဆုံးသွားတယ်။ ရောဂါအခံလည်း ရှိမှာပေါ့။ သူက တခြားမြို့ဆေးရုံမှာ ဆေးသွားကုပြီးပြန်လာတာ။ လော့ဒေါင်းချပြီးနောက်ပိုင်း သေဆုံးသူတော့ ၁ ဦးဘဲရှိသေးတယ်။” ဟု ပင်လောင်းမြို့ ပရဟိတအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ပင်လောင်းမြို့တွင် semi lockdown ချပြီးနောက်ပိုင်း ကိုဗစ်- ၁၉ ပိုးကူးစက်မှုနှုန်း ကျဆင်းလာကြောင်း သိရသည်။

သို့သော် လော့ဒေါင်းပြန်ဖွင့်ပေးပါက ကိုဗစ်- ၁၉ ပိုးကူစက်မှုနှုန်း ပြန်လည်မြင့်မားလာမှာကို စိုးရိမ်ရကြောင်း ပင်လောင်းမြို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“ဟုတ်တယ်။ လော့ဒေါင်းချလိုက်တော့ ကူးစက်မှုကျဆင်းလာတယ်။ ၁၀ အောက်လောက်ရောက်လာတယ်။ ဒါပေမဲ့ လော့ဒေါင်းပြန်ဖွင့်လိုက်ရင်တော့ ပိုးတွေ့လူနာ ထပ်များလာမှာကို ကျမတို့တော့ စိုးရိမ်တယ်။ လော့ဒေါင်းပြန်ဖွင့်ရင်လည်း ပြည်သူတွေက mask တပ်ပြီး အပြင်သွားလာရင် ကူးစက်မှု ကျဆင်းလာ နိုင်ပါတယ်” ဟု ပင်လောင်းမြို့ ဒေသခံ တစ်ဦးက ပြောသည်။

ပင်လောင်းမြို့တွင် ယနေ့ နိုဝင်ဘာ ၄ ရက်နေ့ထိ ကိုဗစ် ၁၉ ပိုးကူစက်လူနာ စုစုပေါင်း ၂၅ ဦးသာ ကျန်ရှိကြောင်းသိရသည်။

ပင်လောင်းမြို့ semi lockdown ကို လာမည့် နိုဝင်ဘာ ၁၄ တွင် ပြန်ဖွင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...
May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...