ကောလင်းမြို့နယ်တွင် ကျောင်းဆရာတစ်ဦးအပါအဝင် ပြည်သူ ၄ ဦးထက်မနည်း စစ်ကောင်စီဖမ်းဆီးသတ်ဖြတ်ခဲ့

ကောလင်းမြို့နယ်တွင် ကျောင်းဆရာတစ်ဦးအပါအဝင် ပြည်သူ ၄ ဦးထက်မနည်း စစ်ကောင်စီဖမ်းဆီးသတ်ဖြတ်ခဲ့

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ တောင်မော်ကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖမ်းဆီးခဲ့သည့် ပြည်သူ ၄ ဦးထက်မနည်း နိုဝင်ဘာလ ၃ ရက် နေ့လယ်ခန့်က အသတ်ခံထားရကြောင်း ဒေသခံများထံမှ သိရသည်။

 

"ဖြစ်စဥ်က နေ့လည်လောက်မှာဖြစ်တာဗျာ၊ အတည်ပြုနိုင်ခဲ့တာတော့ ညနေပိုင်းမှပါ။ မတရားဖမ်းဆီးသတ်ခံထားရတာ အမျိုးသားကြီးဘဲ။ လူငယ်ပိုင်း သုံးဦးနဲ့ လူကြီးတစ်ဦး ၄ ဦးရှိပြီ" ဟု ဒေသခံတစ်ဦးက KNG ကို ပြောသည်။

 

ကိုအောင်ကြည်လွင်၊ ကိုဝေမင်းသူ ( အထက်တန်းပြ) ၊ ကိုအောင်နိုင်ဝင်း၊ ကိုဖိုးလပြည့် (ခ)ကျော်လင်းအောင်တို့ သတ်ဖြတ်ခံထားရကြောင်း သိရသည်။

 

တောင်မော်ကျေးရွာသည် ကောလင်းခရိုင်၊ ကောလင်းမြို့နယ်၊ အရှေ့ဘက် ၈ မိုင် အကွာတွင် တည်ရှိသည့်ကျေးရွာဖြစ်ကာ လက်ရှိချိန် ကျေးရွာရှိပြည်သူအချို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း နီးစပ်သူများကပြောသည်။

 

ကျေးရွာအတွင်း သတင်းပေး(ဒလန်)များ လက်ညိုးထိုးရာအိမ်များနှင့် မသင်္ကာကာသည့် နေအိမ်များတွင်းသို့ စစ်ကောင်စီတပ်ဖွဲ့များ ဝင်ရောက်စစ်ဆေးဖမ်းဆီးနှိပ်စက် သတ်ဖြတ်မှုများ ကျူးလွန်နေဆဲဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

 

"စစ်သားတွေက ခုထိ ရွာထဲမှာ ရှိနေတုန်းမို့ ခုသတ်ခံရတာ ဘယ်လောက်တောင်ရှိနေပြီလဲဆိုတာ တိတိကျကျမသိရသေးဘူး" ဟု ဒေသခံများနှင့် နီးစပ်သူများ ပြောသည်။

 

လက်ရှိ တောင်မော်ကျေးရွာတွင် ဝင်ရောက်နေသည့် စစ်ကောင်စီတပ်များသည် နိုဝင်ဘာလ ၂ ရက်နေ့ ၁ နာရီဝန်းကျင် ကောလင်းမှ စစ်ကား ၇ စီးဖြင့်ချထားခဲ့သည့် တပ်ဖွဲ့ဖြစ်ကာ အင်အား ၅၀ ခန့်ရှိကြောင်း သိရသည်။

 

စစ်ကိုင်းတိုင်းတွင် စက်တင်ဘာလ ၂၂ ရက်နေ့ နောက်ပိုင်း စစ်ကောင်စီတပ်များ စစ်အင်အားပိုမိုဖြည့်တင်းလာသည့်အပြင် ဒေသခံကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ်တို့အကြား နေ့စဉ်နှင့်အမျှ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်သည်။

Most read this week

ဓာတ်ပုံ - (မန္တလေး - မြစ်ကြီးနား ကားလမ်းပိုင်းတစ်ခုကို တွေ့ရစဉ်။ / Credit)
September 15, 2026
ကချင်ပြည်၊ မြစ်ကြီးနားနှင့် မန္တလေးကို ဆက်သွယ်ထားသည့် အဓိကလမ်းပိုင်း၌ သွားလာရေး အခက်အခဲများ...
ကောင့်ဂျာယန်တိုက်ပွဲအတွင်းက စစ်အုပ်စုတပ်ဖွဲ့ဝင်အချို့၏ ရုပ်အလောင်းများ။
September 15, 2026
ကချင်ပြည်၊ ဗန်းမော်မြို့သို့ စစ်သင်္ဘောအချို့ ရောက်ရှိလာပြီးနောက် စစ်ရေးလှုပ်ရှားလာသည့်...
ဓာတ်ပုံ - (ရွှေကူမြို့နယ်အတွင်း စစ်အုပ်စုတပ်မှ ဗုံးကြဲတိုက်ခိုက်ခံရသည့် မြင်ကွင်း။ / Crd)
September 14, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် တစ်လခွဲအတွင်း ကျေးရွာပေါင်း ၁၈ ရွာအထိ စစ်အုပ်စုတပ်၏ လေကြောင်း...
စစ်အုပ်စု၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC / Crd
September 14, 2026
စစ်အုပ်စု၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) က ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)...