လားရှိုးမြို့မှာ covid-19 ပိုးတွေ့နှုန်းများလာသဖြင့် ဈေး‌‌ရောင်းခွင့် ပြန်လည်ကန့်သတ်

လားရှိုးမြို့မှာ covid-19 ပိုးတွေ့နှုန်းများလာသဖြင့် ဈေး‌‌ရောင်းခွင့် ပြန်လည်ကန့်သတ်

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ပိုးတွေ့နှုန်း ပြန်မြင့်တက်လာတာကြောင့် ဈေး‌‌ရောင်းခွင့် ပြန်လည်ကန့်သတ်လိုက်ကြောင်း COVID-19 Operation Team က ဆိုပါတယ်။

 

လားရှိုးမြို့မှာ နိုဝင်ဘာလ ၂ ရက်တစ်နေ့ထဲ ပိုးတွေ့လူနာ ၂၁ ဦးထိ ပြန်လည်တိုးလာပြီး စုစုပေါင်း ပိုးတွေ့လူနာ ၃၈၄၆ ဦး၊ ပျောက်ကင်းသက်သာလို့  ဆေးရုံဆင်း ခွင့်ရသူ လူနာ ၃၄၂၅ ဦး ရှိပြီး သေဆုံးလူနာ ၂၀၅ ဦး ရှိပြီဖြစ်ကြောင်း COVID-19 Operation Team ရဲ့ စာရင်းဇယား မှတ်တမ်း တွေအရ သိရပါတယ်။

 

"မနက်ဖြန် နိုဝင်ဘာ ၄ ရက် နေ့ကစပြီး လားရှိုးမြို့နယ် စည်ပင်သာယာရေးဌာနပိုင် ဈေးများဖြစ်တဲ့ မြို့မဈေး၊ မန်ဆူဈေး၊ အောင်မင်္ဂလာဈေး၊ လားရှိုးကြီးဈေးတွေမှာ ဆေးဝါးပစ္စည်းများနဲ့ အခြေခံစားသောက်ကုန် ဆန်၊ ဆီ၊ ဆား၊ ကုန်စိမ်းကုန်ခြောက်၊ သားငါးဆိုင်တွေကိုသာ ဖွင့်လှစ်ရောင်းချခွင့်ပြုမှာ" လို့ COVID-19 Operation Team တာဝန်ရှိ တစ်ဦးက ပြောပါတယ်။

 

နိုဝင်ဘာ ၂ ရက်နေ့အထိ ဆေးကုသမှုခံယူသူ ပိုးတွေ့ လူနာကတော့ လားရှိုး ပြည်သူ့ဆေးရုံမှာ ၇၈ ဦး၊ စစ်ဆေးရုံ (ကုတင် ၁၀၀) မှာ ၁၁ ဦး၊ ပိုးတွေ့အချုပ်သား ၁၆ ဦး၊ ပညာရေးကောလိပ် Positive စင်တာမှာ ၁၁၇ ဦးရှိပါတယ်။

 

ဈေးတွေကိုတော့ မနက် ၇ နာရီ ကနေ နေ့လည် ၁၂ ထိသာ ဖွင့်လှစ် ရောင်းချခွင့်ပြုမယ်လို့ ဆိုပါတယ်။

 

ပိုးတွေ့လူနာ လျော့နည်းသွားချိန်မှ  လူသုံးကုန်၊ အလှကုန်နဲ့ အထည်အလိပ်ဆိုင်တွေကို ပုံမှန်အတိုင်း ပြန်ဖွင့်ခွင့်ပြုမယ်လို့ သိရပါတယ်။

Most read this week

ဓာတ်ပုံ - (မန္တလေး - မြစ်ကြီးနား ကားလမ်းပိုင်းတစ်ခုကို တွေ့ရစဉ်။ / Credit)
September 15, 2026
ကချင်ပြည်၊ မြစ်ကြီးနားနှင့် မန္တလေးကို ဆက်သွယ်ထားသည့် အဓိကလမ်းပိုင်း၌ သွားလာရေး အခက်အခဲများ...
ကောင့်ဂျာယန်တိုက်ပွဲအတွင်းက စစ်အုပ်စုတပ်ဖွဲ့ဝင်အချို့၏ ရုပ်အလောင်းများ။
September 15, 2026
ကချင်ပြည်၊ ဗန်းမော်မြို့သို့ စစ်သင်္ဘောအချို့ ရောက်ရှိလာပြီးနောက် စစ်ရေးလှုပ်ရှားလာသည့်...
ဓာတ်ပုံ - (ရွှေကူမြို့နယ်အတွင်း စစ်အုပ်စုတပ်မှ ဗုံးကြဲတိုက်ခိုက်ခံရသည့် မြင်ကွင်း။ / Crd)
September 14, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် တစ်လခွဲအတွင်း ကျေးရွာပေါင်း ၁၈ ရွာအထိ စစ်အုပ်စုတပ်၏ လေကြောင်း...
စစ်အုပ်စု၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC / Crd
September 14, 2026
စစ်အုပ်စု၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) က ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)...