မူဆယ်ခရိုင်မှာ တစ်ရက်အတွင်း အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦး မြို့ပေါ်တွင် ပစ်သတ်ခံရ

မူဆယ်ခရိုင်မှာ တစ်ရက်အတွင်း အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦး မြို့ပေါ်တွင် ပစ်သတ်ခံရ

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့၊ ဟိုမွန်ရပ်၊ ကချင်ဈေးအနီး လမ်းမပေါ်မှာ နိုဝင်ဘာလ ၂ ရက် နေ့ ညနေ ၄ နာရီ ၁၅ မိနစ်ခန့်က အမျိုးသား ၁ ဦး ပစ်သတ်ခံရကြောင်း ဒေသခံ မျက်မြင်တွေဆီက သိရပါတယ်။

 

"နမ့်ခမ်းမြို့မ - ၃ ပြည်သူ့စစ်က Training ဆရာ ခရစ်ယာန်ရပ်ကွက်မှာ နေတာ။ စကစ နဲ့ပေါင်းပြီး စကားအပြောလွန်တာ" လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

 

အမည်မသိ သူတွေက သေနတ်ဖြင့် ပစ်ခတ်ခဲ့တာဖြစ်ပြီး ဘယ်ဘက် ဦးခေါင်းမှ ညာဘက် ဦးခေါင် ကျည်ဖောက်ထွက် ဒဏ်ရာ ၁ ချက် ဖြင့်သေဆုံးသွားကြောင်း အမည် မဖော်လိုသူ နောက် ဒေသခံ ၁ ဦးက ပြောပါတယ်။

 

သေနတ်ဒဏ်ရာဖြင့် သေဆုံးသူမှာ အသက် ၂၁ နှစ်ရှိ စိုင်း‌အေးဆိုင်ဖြစ်ပြီး ဈေးရပ်ကွက် နေထိုင်သူ ဖြစ်တယ်လို့ ဆိုပါတယ်။

 

အလားတူ နမ့်ခမ်းမြို့မှာလည်း နိုဝင်ဘာ ၁ ရက်နေ့က အသက် ၃၀ ခန့်အရွယ်ရှိ အမျိုးသမီးတစ်ဦး အပြင်ကနေ အိမ်ပြန်လာပြီး ကားပေါ်ကအဆင်း နောက်ကနေ အမျိုးသား ၂ ဦးက လည်ပင်းမှာ သေနတ် ၃ ချက်နဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

 

သေနတ်လာပစ်တဲ့ သူ ၂ ဦးက “သေအောင်ပစ်ပါ၊ သေအောင်ပစ်ပါ” လို့ ပြောတာ ကြားရတယ်လို့ အနီးနားက မျက်မြင် တစ်ဦးက ပြောပါတယ်။

 

သေနတ်ဒဏ်ရာ ပြင်းထန်တာကြောင့် နမ့်ခမ်းပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေစဉ် အောက်တိုဘာ ၂ ရက်နေ့မှာ သေဆုံးသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။

 

နိုဝင်ဘာလထဲ ၂ ရက်နေ့မှာဘဲ မူဆယ် ခရိုင်မှာ အမျိုးသား ၁ ဦး အမျိုး သမီး ၁ ဦးတို့ဟာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။

Most read this week

ဓာတ်ပုံ - (မန္တလေး - မြစ်ကြီးနား ကားလမ်းပိုင်းတစ်ခုကို တွေ့ရစဉ်။ / Credit)
September 15, 2026
ကချင်ပြည်၊ မြစ်ကြီးနားနှင့် မန္တလေးကို ဆက်သွယ်ထားသည့် အဓိကလမ်းပိုင်း၌ သွားလာရေး အခက်အခဲများ...
ကောင့်ဂျာယန်တိုက်ပွဲအတွင်းက စစ်အုပ်စုတပ်ဖွဲ့ဝင်အချို့၏ ရုပ်အလောင်းများ။
September 15, 2026
ကချင်ပြည်၊ ဗန်းမော်မြို့သို့ စစ်သင်္ဘောအချို့ ရောက်ရှိလာပြီးနောက် စစ်ရေးလှုပ်ရှားလာသည့်...
ဓာတ်ပုံ - (ရွှေကူမြို့နယ်အတွင်း စစ်အုပ်စုတပ်မှ ဗုံးကြဲတိုက်ခိုက်ခံရသည့် မြင်ကွင်း။ / Crd)
September 14, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် တစ်လခွဲအတွင်း ကျေးရွာပေါင်း ၁၈ ရွာအထိ စစ်အုပ်စုတပ်၏ လေကြောင်း...
စစ်အုပ်စု၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC / Crd
September 14, 2026
စစ်အုပ်စု၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) က ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)...