ပိုးတွေ့ လူနာများလာသည့်အတွက် လိုင်ဇာမြို့ ဒုတိယအကြိမ် Lockdown ပြန်လည်ချမှတ်

ပိုးတွေ့ လူနာများလာသည့်အတွက် လိုင်ဇာမြို့ ဒုတိယအကြိမ် Lockdown ပြန်လည်ချမှတ်

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့တွင် Covid-19 ပိုးတွေ့လူနာများလာသောကြောင့် နိုဝင်ဘာ ၂ ရက်နေ့မှစတင်ကာ Lockdown ချမှတ်လိုက်ပြီဖြစ်ကြောင်း ဗဟို ကိုဗစ်- ၁၉ ကာကွယ်ရေးထိန်းချုပ်ရေးနှင့်အရေးပေါ် ကော်မတီဝင် ဗိုလ်မှူးကြီးဟိန်းဝမ်ထံမှ သိရသည်။

 

"မနေ့ညစပြီး ပိုးတွေ့လူနာက သိသိသာသာ ပိုများလာသည့်အတွက် ဒီနေ့ကစပြီးတော့ တစ်မြို့လုံး Lockdown ပြန်သတ်မှတ်ထားလိုက်တာဟုတ်တယ်။ ရပ်ကွက်တိုင်း ရပ်ကွက်တိုင်း ပိုးတွေ့တဲ့သူ တစ်ဦးစ နှစ်ဦးစရှိလာပြီ" ဟု ဗိုလ်မှူးကြီးဟိန်းဝမ်က ပြောသည်။

 

လက်ရှိ လိုင်ဇာမြို့တွင်း ပိုးတွေ့လူနာများနေပြီး ရပ်ကွက်တိုင်း ကူးစက်မှုပျံ့နေသည့်အပြင် ဝေကျိုင်နှင့် ရပ်ကွက် (၁) တွင် ပိုးတွေ့ရှိမှု အများဆုံးဖြစ်နေကြောင်း ၎င်းက ဆက်ပြောသည်။

 

စစ်တပ်အာဏာသိမ်းပြီးနောက် လိုင်ဇာမြို့တွင် နေရာအနှံမှ လာရောက်ခိုလှုံသူ များလာသည့်အတွက် ကိုဗစ်-၁၉ ပိုးတွေ့ရှိမူ ပိုမိုများလာကာ ပြီးခဲ့သည့် ဇူလိုင်လ ၂၈ ရက်နေ့မှစကာ လိုင်ဇာတစ်မြို့လုံးအား  Lockdown ပထမအကြိမ် ချမှတ်ခဲ့ပြီးဖြစ်ရာ ယခုအကြိမ်သည် ဒုတိယအကြိမ်ပြန်လည်ချမှတ်ခြင်း ဖြစ်သည်။

 

ဗိုလ်မှူးကြီးဟိန်းဝမ်က "ပိုးတွေ့တဲ့သူတွေကိုတော့ သတ်မှတ်ထားတဲ့ Center မှာ ဆေးကုသမူခံယူရမယ်။ ဆက်စပ်တဲ့သူတွေကျတော့ ကိုယ့်အိမ်မှာ Stay at home အနေနဲ့နေရမှာဖြစ်ပါတယ်။ ဒီတစ်ခေါက်တော့ အရင်တစ်ခေါက်ထက် ပိုတွေ့ပိုများတဲ့အတွက် ပိုသတိထားကြပါလို့ ပြောချင်တယ်"ဟု ဆိုသည်။

 

ထို့အပြင် လိုင်ဇာ Covid-19 ထိန်းချုပ်ရေးကော်မတီမှ ပြီးခဲ့သည့် ဇွန်လ ၁၄ ရက်မှစကာ KIO ထိန်းချုပ်နယ်မြေသို့ ဝင်ရောက်လာသူများအား ဆေးစစ်သည့်အပြင် ကွာရန်တင်း ၁၄ ရက်ထိ ထပ်တိုးမြင့်ခဲ့ပြီး ပိုးကူးစက်မူ ပိုမိုများလာသည့်အတွက် လက်ရှိချိန် ကွာရန်တင်းဝင်ရောက်မှု ရက်အား ၂၁ ရက်ထိ ထပ်တိုး သတ်မှတ်ထားဆဲ ဖြစ်သည်။

 

လက်ရှိ လိုင်ဇာမြို့တွင်  ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးနေသည့်အပြင် အကြိမ်ပြည့်ထိုးပြီးသူ ဦးရေ ၁၃၀၀၀ ဝန်းကျင်ခန့်ရှိပြီး ဖြစ်သည်။

 

KIO ထိန်းချုပ်နယ်မြေ မိုင်ဂျာယာန်မြို့တွင် အများဆုံး ၂၄၆ ဦး၊ လိုင်ဇာမြို့တွင် ၁၀၀ ဦးကျော် ပိုးတွေ့ထားကြောင်း သိရသည်။

Most read this week

ဓာတ်ပုံ - (မန္တလေး - မြစ်ကြီးနား ကားလမ်းပိုင်းတစ်ခုကို တွေ့ရစဉ်။ / Credit)
September 15, 2026
ကချင်ပြည်၊ မြစ်ကြီးနားနှင့် မန္တလေးကို ဆက်သွယ်ထားသည့် အဓိကလမ်းပိုင်း၌ သွားလာရေး အခက်အခဲများ...
ကောင့်ဂျာယန်တိုက်ပွဲအတွင်းက စစ်အုပ်စုတပ်ဖွဲ့ဝင်အချို့၏ ရုပ်အလောင်းများ။
September 15, 2026
ကချင်ပြည်၊ ဗန်းမော်မြို့သို့ စစ်သင်္ဘောအချို့ ရောက်ရှိလာပြီးနောက် စစ်ရေးလှုပ်ရှားလာသည့်...
ဓာတ်ပုံ - (ရွှေကူမြို့နယ်အတွင်း စစ်အုပ်စုတပ်မှ ဗုံးကြဲတိုက်ခိုက်ခံရသည့် မြင်ကွင်း။ / Crd)
September 14, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် တစ်လခွဲအတွင်း ကျေးရွာပေါင်း ၁၈ ရွာအထိ စစ်အုပ်စုတပ်၏ လေကြောင်း...
စစ်အုပ်စု၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC / Crd
September 14, 2026
စစ်အုပ်စု၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) က ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)...