မိုင်းယော် စစ်ကောင်စီမှ လက်နက်ကြီးပစ်၊ ဒေသခံများ စိုးရိမ်ထိတ်လန့်

မိုင်းယော် စစ်ကောင်စီမှ လက်နက်ကြီးပစ်၊ ဒေသခံများ စိုးရိမ်ထိတ်လန့်

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်ကျေးရွာအနီး စစ်ကောင်စီတပ်မှ အောက်တိုဘာ ၂၇ ရက် မနက် ၁၁ နာရီတွင် တစ်ဘက်သတ် လက်နက်ကြီးပစ်ခတ်ရာ ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရှိရသည်။

အောက်တိုဘာ (၂၇) ရက် မနက် ၁၁ နာရီချိန်မှစပြီး လက်ရှိသတင်းရေးသားချိန်ထိ စစ်ကောင်စီဘက်မှ ဟွေ့ဟုတ်ကျေးရွာအနီးတွင်နေပြီး လက်နက်ကြီးဖြင့် တစ်ရစပ် ပစ်ခတ်နေသဖြင့် ဒေသခံများ နေအိမ်အပြင်သို့ မထွက်ရဲသေးကြောင်း စုံစမ်းသိရှိရသည်။

“ခုလောလောဆယ်တော့ ဒေသခံတွေ တစ်ယောက်မှ အပြင် မထွက်ရဲသေးဘူး။ အိမ်မှာပဲ နေနေကြတုန်းပဲ။ ဘယ်ပြေးရမှန်းလဲမသိဘူး” ဟု မိုင်းယော်ဒေသခံ အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မိုင်းယော်ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားမည်ကို ဒေသခံများစိုးရိမ်နေပြီး စစ်ကောင်စီတပ်မှ မပစ်ခတ်ခင်ကာလတွင် ကိုးကန့်တပ်ဖွဲ့ (MNDAA) နှင့် ရခိုင့်တပ်မတော် (AA) တို့ မိုင်းယော်အဝင်မှာ စောင့်ထားကြောင်း အမည်မဖော်လိုသူတစ်ဦးက ပြောသည်။

“ဖြစ်နိုင်ရင် ရွာနဲ့ အဝေးမှာပဲ တိုက်ပွဲဖြစ်စေချင်တယ်။ ခု ရွာနဲ့ တအားနီးတော့ တကယ်ဖြစ်လာရင် ကျနော်တို့ ထွက်ပြေးဖို့ မလွယ်ဘူး” ဟု မိုင်းယော်ဒေသခံတစ်ဦးက ပြောသည်။

မိုင်းယော်ကျေးရွာအုပ်စုတွင် ကိုးကန့်တပ်ဖွဲ့ (MNDAA)၊ ရခိုင့်တပ်မတော် (AA) နှင့် ဝမ်ပန်ပြည်သူ့စစ်တို့ရှိထားကြောင်း သိရှိရသည်။

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...