မိုင်းယော် စစ်ကောင်စီမှ လက်နက်ကြီးပစ်၊ ဒေသခံများ စိုးရိမ်ထိတ်လန့်

မိုင်းယော် စစ်ကောင်စီမှ လက်နက်ကြီးပစ်၊ ဒေသခံများ စိုးရိမ်ထိတ်လန့်

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်ကျေးရွာအနီး စစ်ကောင်စီတပ်မှ အောက်တိုဘာ ၂၇ ရက် မနက် ၁၁ နာရီတွင် တစ်ဘက်သတ် လက်နက်ကြီးပစ်ခတ်ရာ ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရှိရသည်။

အောက်တိုဘာ (၂၇) ရက် မနက် ၁၁ နာရီချိန်မှစပြီး လက်ရှိသတင်းရေးသားချိန်ထိ စစ်ကောင်စီဘက်မှ ဟွေ့ဟုတ်ကျေးရွာအနီးတွင်နေပြီး လက်နက်ကြီးဖြင့် တစ်ရစပ် ပစ်ခတ်နေသဖြင့် ဒေသခံများ နေအိမ်အပြင်သို့ မထွက်ရဲသေးကြောင်း စုံစမ်းသိရှိရသည်။

“ခုလောလောဆယ်တော့ ဒေသခံတွေ တစ်ယောက်မှ အပြင် မထွက်ရဲသေးဘူး။ အိမ်မှာပဲ နေနေကြတုန်းပဲ။ ဘယ်ပြေးရမှန်းလဲမသိဘူး” ဟု မိုင်းယော်ဒေသခံ အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မိုင်းယော်ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားမည်ကို ဒေသခံများစိုးရိမ်နေပြီး စစ်ကောင်စီတပ်မှ မပစ်ခတ်ခင်ကာလတွင် ကိုးကန့်တပ်ဖွဲ့ (MNDAA) နှင့် ရခိုင့်တပ်မတော် (AA) တို့ မိုင်းယော်အဝင်မှာ စောင့်ထားကြောင်း အမည်မဖော်လိုသူတစ်ဦးက ပြောသည်။

“ဖြစ်နိုင်ရင် ရွာနဲ့ အဝေးမှာပဲ တိုက်ပွဲဖြစ်စေချင်တယ်။ ခု ရွာနဲ့ တအားနီးတော့ တကယ်ဖြစ်လာရင် ကျနော်တို့ ထွက်ပြေးဖို့ မလွယ်ဘူး” ဟု မိုင်းယော်ဒေသခံတစ်ဦးက ပြောသည်။

မိုင်းယော်ကျေးရွာအုပ်စုတွင် ကိုးကန့်တပ်ဖွဲ့ (MNDAA)၊ ရခိုင့်တပ်မတော် (AA) နှင့် ဝမ်ပန်ပြည်သူ့စစ်တို့ရှိထားကြောင်း သိရှိရသည်။

May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...
May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...