ဖယ်ခုံမြို့ စစ်ကောင်စီ ရမ်းသမ်းပြီး ထပ်မံပစ်ခတ်၊ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ရ

ဖယ်ခုံမြို့ စစ်ကောင်စီ ရမ်းသမ်းပြီး ထပ်မံပစ်ခတ်၊ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ရ

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် ရွှေပြည်အေး ကျေးရွာတွင် ယနေ့ အောက်တိုဘာ (၂၇) ရက် မနက် ၃ နာရီခွဲဝန်းကျင်တွင် စစ်ကောင်စီတပ်ဖွဲ့က ကျေးရွာအတွင်း လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သောကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်ရကြောင်း စုံစမ်းသိရှိရသည်။

ယနေ့မနက်တွင် စစ်ကောင်စီတပ် တဖက်သတ် ရမ်းသမ်းပစ်ခတ်မှုကြောင့် ကျေးရွာတွင်း အုတ်တံတိုင်များ၊ နေအိမ်များ ပျက်စီးသွားရကြောင်း သိရသည်။

“စစ်ကောင်စီတွေ ဒီနေ့မနက်အစောကြီးဘဲ သောင်းကျန်းတာ။ လက်နက်ကြီးတွေပစ်ခတ်ခဲ့တာပေါ့။ နေအိမ်တချို့ပျက်စီးသွားတယ်။ အုတ်တံတိုင်းတွေရော အကုန်ပျက်တယ်။ ကျနော်တို့တွေ မနက်အစောကြီး စစ်ဘေးရှောင်ထွက်ပြေးလာကြရတာ” ဟု မျက်မြင်တွေ့သူက ပြောသည်။

စစ်ကောင်စီ၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် ရွှေပြည်အေးကျေးရွာရှိ ဆေးခန်းလည်း ပျက်စီးသွားကြောင်း သိရသည်။

လက်ရှိတွင် ရွှေပြည်အေးကျေးရွာမှ ဒေသခံများသည် ပင်လောင်းမြို့နယ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရပြီး စားဝတ်နေရေးအတွက် အခက်ခဲများစွာရှိနေကြောင်း သိရသည်။

ထိုစစ်ရှောင်များထဲတွင် ကျန်းမာရေးမကောင်းသူများလည်း ပါဝင်ကြောင်း သိရသည်။

“ရုတ်တရက် မနက်အစောကြီး ထပြီးထွက်ပြေးလာတာလေ။ တချို့က မနက်စာတောင်မစားရသေးဘူး။ အဝတ်တွေကို မယူရသေးတာလည်း ပါတယ်။ ဝတ်စရာတွေ ဘာမှ မရှိတဲ့သူကော အများကြီးပါလာတယ်။ နေမ‌ကောင်းတဲ့သူတွေလည်းပါတယ်။ လူဘဲ ထွက်ပြေးလာခဲ့ကြတာ” ဟု ယနေ့မနက် စစ်ရှောင်လာသည့် သူကပြောသည်။

ယနေ့ မနက် တိုက်ပွဲကြောင့် ရွှေပြည်အေးကျေးရွာမှ ဒေသခံ (၂၇၀) ကျော် ထွက်ပြေးတိမ်းရှောင်လာခဲ့ရကြောင်း သိရသည်။

ဖယ်ခုံမြို့နယ်တွင် ယမန်နေ့ အောက်တိုဘာ (၂၆) ရက် ည (၅) နာရီဝန်းကျင်ကစပြီး စစ်ကောင်စီတပ်ဖွဲ့များက တဖက်သတ် ရမ်းသမ်းပစ်ခတ်မှုများပြုလုပ်ခဲ့‌ကြောင်း သိရသည်။

May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...
May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...