မူဆယ်မြို့နယ် မော်တောင်းကျေးရွာ အနီး တိုက်ပွဲဖြစ်

မူဆယ်မြို့နယ် မော်တောင်းကျေးရွာ အနီး တိုက်ပွဲဖြစ်

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် မော်တောင်းကျေးရွာနှင့် ကောင်းဝှက်ကျေးရွာကြား ယနေ့ (အောက်တိုဘာ ၂၆ ရက်) ညနေ ၅ နာရီ ဝန်းကျင်တွင် စစ်ကောင်စီတပ်ဖွဲ့ နှင့် အမည်မသိလက်နက်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။

“သူတို့ မော်တောင်းကျေးရွာဘက်နဲ့ ကောင်းဝှက်ကျေးရွာကြားမှာ တိုက်ပွဲဖြစ်တယ်။ စစ်ကောင်စီဘက်က စပစ်ခံရတာ။ သူတို့က လက်နက်ကြီးတွေနဲ့ အဲ့ဘက်က တောင်ကို ပြန်ပစ်တယ်။ ဘယ်တပ်ဖွဲ့နဲ့ တိုက်ပွဲဖြစ်လည်းတော့ မသိဘူး။ တိုက်ပွဲကတော့ မိနစ် (၂၀) လောက်ကြာတယ်” ဟု မော်တောင်းကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့များသည် ပန်ဆိုင်းမြို့ဘက်သို့ စစ်အင်အားဖြည့်ရန်အတွက် တက်လာခြင်းဖြစ်ကြောင်း၊ ထို စစ်ကောင်စီတပ်ဖွဲ့သည် ပြည်သူပိုင်ပစ္စည်းများကို အကာအကွယ်ယူပြီး သွားလာလှုပ်ရှားနေကြောင်း သိရသည်။

“သူတို့ ဒီဘက် ပန်ဆိုင်းဘက်က စစ်အင်အားသွားဖြည့်ပေးမလို့ထင်တယ်။ မူဆယ်ဘက်တောင် မရောက်သေးဘူး။ အခုက သူတို့စီးလာတဲ့ကားကို ကားကြီးတွေနား အကာအကွယ်ယူထားပြီးတော့ ထားထားတာ။ သူတို့လူတွေကလည်း ခြေကျင်နဲ့သွားလာနေတယ်” ဟု ၎င်းဒေသခံတစ်ဦးက ပြောသည်။

မူဆယ်ခရိုင်၊ ပန်ဆိုင်းမြို့နယ်တွင် စစ်ကောင်စီ တပ်ဖွဲ့များနှင့် ကိုးကန့်တပ်မတော် (MNDAA)၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့နှင့် တိုက်ပွဲပြင်းထန်နေလျက်ရှိကြောင်း သိရသည်။

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...