ဖယ်ခုံမြို့ စစ်ကောင်စီ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်၊ ဒေသခံ ၂ ဦး ဒဏ်ရာရ

ဖယ်ခုံမြို့ စစ်ကောင်စီ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်၊ ဒေသခံ ၂ ဦး ဒဏ်ရာရ

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် ညောင်ပင်သာရပ်ကွက်တွင် စစ်ကောင်စီတပ်ဖွဲ့များ ရမ်းသမ်း ပစ်ခတ်နေပြီး ဒေသခံပြည်သူ (၂) ဦး ယမ်းစထိမှန်ပြီး ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။

ညောင်ပင်သာရပ်ကွက်တွင် ယနေ့ အောက်တိုဘာ (၂၆) ရက် မနက် ၁၀ နာရီဝန်းကျင်အချိန်တွင် စစ်ကောင်စီက တဖက်သတ် ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံ (၂) ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ဒီနေ့ မနက် စစ်ကောင်စီတွေက ညောင်ပင်သာ ရပ်ကွက်ထဲဝင်ပြီးတော့ လက်နက် လျှောက်ပစ်နေတာ။ (၂) ယောက် ထိခိုက်ဒဏ်ရာရတယ်။ အဲ့ဘက်က ရေကမ်းစပ်နဲ့နီးတယ်။ ရပ်ကွက်ထဲမှာ စစ်‌ကောင်စီတပ်တွေ အပြည့်ပဲ” ဟု ဖယ်ခုံမြို့ ဒေသခံတဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုပစ်ခတ်မှုကြောင့် ဒေသခံ (၂) ဦး ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာပြင်းထန်သူကို တောင်ကြီးဆေးရုံသို့ ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း သိရသည်။

“(၂) ယောက်ထိတယ်။ ယမ်းစမှန်သွားတာ။ တယောက်ကတော့ ဒဏ်ရာသိပ်မပြင်းထန်ဘူး။ ကျန်တစ်ယောက် ကိုတော့ တောင်ကြီးဆေးရုံကို ပို့လိုက်တယ်။ သူက ဒဏ်ရာနည်းနည်း ပြင်းထန်တယ်” ဟု ဒေသခံတဦးက ပြောသည်။

အောက်တိုဘာ (၂၄) ရက်နေ့တွင်လည်း ဖယ်ခုံမြို့တွင် စစ်ကောင်စီများ ရမ်းသမ်းပစ်ခတ်မှုကြောင့် ‌ဒေသခံပြည်သူအိမ်များ ပျက်စီးသွားရကြောင်း သိရသည်။

 
 

 

 

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...