ဖယ်ခုံမြို့ စစ်ကောင်စီ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်၊ ဒေသခံ ၂ ဦး ဒဏ်ရာရ

ဖယ်ခုံမြို့ စစ်ကောင်စီ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်၊ ဒေသခံ ၂ ဦး ဒဏ်ရာရ

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် ညောင်ပင်သာရပ်ကွက်တွင် စစ်ကောင်စီတပ်ဖွဲ့များ ရမ်းသမ်း ပစ်ခတ်နေပြီး ဒေသခံပြည်သူ (၂) ဦး ယမ်းစထိမှန်ပြီး ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။

ညောင်ပင်သာရပ်ကွက်တွင် ယနေ့ အောက်တိုဘာ (၂၆) ရက် မနက် ၁၀ နာရီဝန်းကျင်အချိန်တွင် စစ်ကောင်စီက တဖက်သတ် ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံ (၂) ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ဒီနေ့ မနက် စစ်ကောင်စီတွေက ညောင်ပင်သာ ရပ်ကွက်ထဲဝင်ပြီးတော့ လက်နက် လျှောက်ပစ်နေတာ။ (၂) ယောက် ထိခိုက်ဒဏ်ရာရတယ်။ အဲ့ဘက်က ရေကမ်းစပ်နဲ့နီးတယ်။ ရပ်ကွက်ထဲမှာ စစ်‌ကောင်စီတပ်တွေ အပြည့်ပဲ” ဟု ဖယ်ခုံမြို့ ဒေသခံတဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုပစ်ခတ်မှုကြောင့် ဒေသခံ (၂) ဦး ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာပြင်းထန်သူကို တောင်ကြီးဆေးရုံသို့ ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း သိရသည်။

“(၂) ယောက်ထိတယ်။ ယမ်းစမှန်သွားတာ။ တယောက်ကတော့ ဒဏ်ရာသိပ်မပြင်းထန်ဘူး။ ကျန်တစ်ယောက် ကိုတော့ တောင်ကြီးဆေးရုံကို ပို့လိုက်တယ်။ သူက ဒဏ်ရာနည်းနည်း ပြင်းထန်တယ်” ဟု ဒေသခံတဦးက ပြောသည်။

အောက်တိုဘာ (၂၄) ရက်နေ့တွင်လည်း ဖယ်ခုံမြို့တွင် စစ်ကောင်စီများ ရမ်းသမ်းပစ်ခတ်မှုကြောင့် ‌ဒေသခံပြည်သူအိမ်များ ပျက်စီးသွားရကြောင်း သိရသည်။

 
 

 

 

May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...
May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...