မူဆယ်မြို့နယ်အတွင်း တရုတ်မှ နယ်ကျော်သံဆူးကြိုးခတ် ဒေသခံများ သွားဖျက်ဆီးခဲ့

မူဆယ်မြို့နယ်အတွင်း တရုတ်မှ နယ်ကျော်သံဆူးကြိုးခတ် ဒေသခံများ သွားဖျက်ဆီးခဲ့

မြန်မာ–တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် ပန်ခမ်းကျေးရွာအုပ်စုတွင် တရုတ်ဘက်ခြမ်းမှ နယ်မြေကျုးကျော်ကာ သံဆူးကြိုးဖြင့် ခတ်ထားသည်ကို ဒေသခံများ ပြန်လည်ဖျက်ဆီးခဲ့ကြောင်း စုံစမ်းသိရှိရသည်။

အောက်တိုဘာ (၂၄) ရက်က တရုတ်ဘက်ခြမ်းမှ သံဆူးကြိုးဖြင့် မြန်မာဘက်ခြမ်းသို့ ပေ (၅၀) ကျော်ပြီး လာခတ်သဖြင့် ဒေသခံများ ပြန်လည်ဖြုတ်ခဲ့ကြောင်း ပန်ခမ်းဒေသခံတစ်ဦးက ပြောသည်။

“သူတို့လာခတ်ထားတဲ့ သံဆူးကြိုးတွေကို သွားဖျက်ပြီး ယူလာတယ်။ အရင်က သူတို့ အုတ်တံတိုင်းနဲ့ ခတ်ထားတာရှိတယ်။ အဲ့ဒါကို သံဆူးကြိုးနဲ့ မြန်မာဘက်ခြမ်းကို ပေ (၅၀) လောက်ဝင်လာတယ်။ အဲ့ဒါကို ပြန်သွားဖျက်တာ” ဟု ပန်ခမ်းဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အောက်တိုဘာ (၂၅) ရက် မနက် (၉) နာရီခန့်က ပန်ခမ်းကျေးရွာ ဒေသခံ (၂၄၀) ဝန်းကျင်က သံဆူးကြိုးကို ပြန်လည်သွားဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

“နယ်နိမိတ်မျဉ်းမှ တစ်ဖက်ကို ပေ (၃၀) ကွာရမယ်။ ဒါပေမဲ့ တရုတ်ဘက်က အဲ့စည်းမျဉ်းကို မလိုက်နာပဲ မြန်မာဘက်ခြမ်းကို ပေ (၅၀) ထပ်ဝင်လာပြီး သံဆူးကြိုးနဲ့ လာခတ်တယ်” ဟု ပန်ခမ်းကျေးရွာ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သက်ဆိုင်ရာဌာနကို စာတင်ထားပေမယ့် လက်ရှိအချိန်ထိ အကြောင်းကြားလာခြင်း မရှိသေးကြောင်း စုံစမ်းသိရှိရသည်။

ဖေဖော်ဝါရီ (၁)ရက် စစ်အာဏာသိမ်းယူပြီးနောက် တရုတ်နိုင်ငံမှ နယ်စပ်ဖြစ်သည့် ကျေးရွာဒေသများတွင် နယ်မြေကျူးကျော်လာပြီး ခြံစည်းရိုး ပိုမိုခတ်လာခဲ့ကြောင်း သိရှိရသည်။

အလားတူ အောက်တိုဘာ (၂၀) ရက် မူဆယ်ခရိုင် ပန်ဆိုင်းမြို့နယ် မန့်မိုင်းကျေးရွာအတွင်း တရုတ်ဘက်ခြမ်းမှ နယ်မြေကျူးကျော်ပြီး ခြံစည်းရိုးခတ်မှုကို ဒေသခံတို့သဘောမတူပါက ဒေသခံ၏ ကြံများကို ဝယ်ယူမည်မဟုတ်ကြောင်း တရုတ်ဘက်မှ ဖိအားပေး ပြောဆိုလာခဲ့ကြောင်း သိရှိရသည်။

အောက်တိုဘာ (၁၈) ရက်တွင်လည်း နမ့်ခမ်းမြို့နယ် နောင်ခမ်းကျေးရွာတွင် တရုတ်ဘက်မှ နယ်မြေကျုးကျော်လာပြီး ခြံစည်းရိုးထပ်မံလာခတ်ခဲ့ကြောင်း သိရသည်။

May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...
May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...