ကျေးသီးမြို့နယ် ကုန်းကော်ကျေးရွာ ဒေသခံတစ်ဦး မိုင်းနင်းမိသေဆုံး

ကျေးသီးမြို့နယ် ကုန်းကော်ကျေးရွာ ဒေသခံတစ်ဦး မိုင်းနင်းမိသေဆုံး

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် ဝမ်ချင်ကျေးရွာအုပ်စု ကုန်းကော်ကျေးရွာ ဒေသခံတစ်ဦးသည် ခြံသွားစဥ် မြေမြှုပ်မိုင်းနင်းမိပြီး သေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။

ယမန်နေ့ အောက်တိုဘာ (၂၄) ရက် နံနက် (၉) နာရီဝန်းကျင်က လုင်းဆမ် (၅၀) နှစ်သည် ခြံသွားစဥ် မြေမြှုပ်မိုင်းနင်းမိကာ ခြေတချောင်းပြတ်ဒဏ်ရာရရှိပြီး ကျေးသီးမြို့နယ် ပြည်သူ့ဆေးရုံးသို့ရောက်ပြီးနောက် သေဆုံးသွားကြောင်း သိရသည်။

“သူတို့ (၃) ယောက် ခြံသွားတာတဲ့။ လုင်းဆမ်ဆိုတဲ့တယောက်က နောက်ဆုံးကနေ လိုက်သွားပြီး နင်းမိတာ။ ခြေတဖက် ပြတ်ကျသွားတယ်လို့ပြောတယ်။ ‌ဆေးရုံရောက်သွားသေးတယ်။ ဆေးရုံရောက်ပြီးမှ ဆုံးသွားတာ။ ဒဏ်ရာကပြင်းထန်တယ်” ဟု မိုင်းနင်းမိသူ၏ ဆွေမျိုးဖြစ်သူတဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုသို့ ဒေသခံများ မိုင်းနင်းမိမှုများရှိလာသောကြောင့် ကျွဲ၊ နွားများ ကျက်စားလွှတ်ရန်နှင့် ခြံသွားရာတွင်လည်း စိုးရိမ်မှုများစွာရှိလာကြောင်း ဒေသခံများက ပြောသည်။

“သူတို့တိုက်ပွဲက ဘယ်ချိန်တွေ ဖြစ်လာမလဲ မသိဘူးလေ။ မိုင်းကလည်း ရှိနေတော့ ခြံသွားဖို့ကလည်း စိုးရိမ်ရတယ်။ ကျွဲ၊ နွားတွေ ကျက်စားဖို့လည်း ကြောက်ရတယ်။ သူတို့မြေမြှုပ်မိုင်းသုံးတာကတော့ ကျနော်တို့ စားဝတ်နေရေး အတွက်ကော၊ ခြံသွားပြီး လုပ်စားဖို့အတွက်ကော အခက်ခဲများစွာရှိတယ်” ဟု ကျေးသီမြို့ ဒေသခံတဦးက ပြောသည်။

အလားတူ အောက်တိုဘာ (၂၀) ရက်နေ့ မိုင်းကိုင်မြို့နယ် ပန်ကေတုကျေးရွာဘက်တွင် ဒေသခံတို့၏ ကျွဲ၊ နွားများ ကျက်စားလွှတ်စဥ် မိုင်းနင်းမိသောကြောင့် (၄) ကောင်သေဆုံးသွားကြောင်း၊ အောက်တိုဘာ (၅) ရက်နေ့တွင်လည်း ဟမ်းငိုင်းကျေးရွာအုပ်စုတွင် ဒေသခံ (၂) ဦး လိမ္မော်ခြံသွားစဥ် မိုင်းနင်းမိခဲ့ပြီး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း သိရသည်။

ကျေးသီးမြို့နယ်တွင် တိုင်းရင်းသားလက်နက်ကိုင် သျှမ်းတပ် (၂) တပ်တို့သည် ဇွန်လကစတင်ပြီး တိုက်ပွဲပြင်းထန်မှုကြောင့် ‌ဒေသခံထောင်ချီ စစ်ဘေးရှောင်ခဲ့ရကြောင်း သိရသည်။

 
 

 

 

May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...
May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...