အရာတော် ဘောင်းကျကျေးရွာအတွင်း အာဏာသိမ်းတပ် တပ်စွဲထားကာ ညမထွက်ရ အမိန့်ထုတ်ပြန်

အရာတော် ဘောင်းကျကျေးရွာအတွင်း အာဏာသိမ်းတပ် တပ်စွဲထားကာ ညမထွက်ရ အမိန့်ထုတ်ပြန်

စစ်ကိုင်းတိုင်း အရာတော်မြို့နယ် ဘောင်းကျကျေးရွာသား ၃၀ ခန့်ကို စစ်ကောင်စီက လူသားဒိုင်းအဖြစ်တပ်စွဲထားပြီး ဒေသခံများကိုလည်း ညမထွက်ရ မာရှယ်လော လိုက်လံအော်နေကြောင်း ဒေသခံများထံမှ သိရသည်။

"နေ့လည် ၂ နာရီ ဝန်းကျင်လောက်မှာ စစ်ကြောင်း ၂ ကြောင်းရောက်လာတာ ဝက်လက်နယ်ဘက်က စစ်ကြောင်းတစ်ခု၊ အရာတော်နယ် ငြိမ်းစံရွာဘက်မှ စစ်ကြောင်းတစ်ခုဝင်လာတာ သူတို့လာတဲ့ လမ်းတစ်လျှောက်တွေ့တဲ့ပြည်သူတွေ ၃၀ လောက်ကို လူသားဒိုင်းအဖြစ်ခေါ်လာတယ်။ ခုရွာထဲတပ်စွဲပြီး ညမထွက်ရ မာရှယ်လောဆိုပြီး လိုက်အော်နေတယ်လို့ သိရတယ်" ဟု အဆိုပါဒေသနဲ့ နီးစပ်သူတစ်ဦးက ပြောသည်။

လက်ရှိ စစ်ကောင်စီတပ်အင်အား ၁၀၀ ခန့်သည် ဘောင်းကျ ကျေးရွာဘုန်းကြီးကျောင်းများဖြစ်သည့် အရှေ့ကျောင်းနှင့် မြောက်ကျောင်းတို့တွင် အင်အားခွဲဝေ၍ နေရာချတပ်စွဲထားပြီး ဒေသခံများကို ည ၉ နာရီမှ နံနက် ၆ နာရီထိ ညမထွက်ရ အမိန့်ထုတ်ပြန်ထားကြောင်း သိရသည်။

ထို့ပြင် စစ်ကောင်စီတပ်များရွာတွင်းသို့ ဝင်ရောက်လာစဉ် သေနတ်ဖောက်ကာဝင်လာသည့်အတွက် ဒေသခံတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိထားကြောင်း သိရသည်။

လက်ရှိ ရွာအတွင်းစစ်ကောင်စီတပ်များ တပ်စွဲထားသည့်အတွက် ဒေသခံပြည်သူအများစု ထွက်ပြေးတိမ်းရှောင်နေရကြောင်းလည်း သိရသည်။

စစ်ကောင်စီတပ်သည် အောက်တိုဘာလဆန်းမှစကာ စစ်ကိုင်းတိုင်းမြို့နယ်အချို့ရှိ ကျေးရွာများအား ဝင်ရောက်သောင်းကျန်းမှု ပိုများလာကြောင်း စစ်ကိုင်းတိုင်း ဒေသခံများက ပြောသည်။

အောက်တိုဘာလ ၂၂ ရက် တစ်ရက်တည်း၌ပင် စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်၊ ညောင်ပင်သာရွာနှင့် အရာတော်မြို့နယ်တွင်းရှိ ကန်ရင်းကျေးရွာ၊ ဘောင်ကျကျေးရွာများတွင် စစ်ကောင်စီတပ်များ ဝင်ရောက်ကာ ရွာတွင်း စစ်ဆေးဖမ်းဆီးမူများ ပြုလုပ်ခဲ့ကြောင်း စစ်ကိုင်းဒေသခံများက‌ အတည်ပြုပြောဆိုသည်။

 
 

 

 

မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်းကျေးရွာအတွင်း ရွှေတူးဖော်နေသည်ကို တွေ့ရစဉ် / Credit
September 16, 2026
ကချင်ပြည်၊ မချမ်းဘော့မြို့နယ်ရှိ ဆင်လုံဒမ်းကျေးရွာကို ဖြတ်သန်းစီးဆင်းနေသည့်...
ဓာတ်ပုံ - (မန္တလေး - မြစ်ကြီးနား ကားလမ်းပိုင်းတစ်ခုကို တွေ့ရစဉ်။ / Credit)
September 15, 2026
ကချင်ပြည်၊ မြစ်ကြီးနားနှင့် မန္တလေးကို ဆက်သွယ်ထားသည့် အဓိကလမ်းပိုင်း၌ သွားလာရေး အခက်အခဲများ...
ကောင့်ဂျာယန်တိုက်ပွဲအတွင်းက စစ်အုပ်စုတပ်ဖွဲ့ဝင်အချို့၏ ရုပ်အလောင်းများ။
September 15, 2026
ကချင်ပြည်၊ ဗန်းမော်မြို့သို့ စစ်သင်္ဘောအချို့ ရောက်ရှိလာပြီးနောက် စစ်ရေးလှုပ်ရှားလာသည့်...
ဓာတ်ပုံ - (ရွှေကူမြို့နယ်အတွင်း စစ်အုပ်စုတပ်မှ ဗုံးကြဲတိုက်ခိုက်ခံရသည့် မြင်ကွင်း။ / Crd)
September 14, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် တစ်လခွဲအတွင်း ကျေးရွာပေါင်း ၁၈ ရွာအထိ စစ်အုပ်စုတပ်၏ လေကြောင်း...