တာချီလိတ်မြို့ NLD အမတ် ဦးခင်မောင်တင့်နှင့် ဇနီး ပြန်လည်လွတ်မြောက်

တာချီလိတ်မြို့ NLD အမတ် ဦးခင်မောင်တင့်နှင့် ဇနီး ပြန်လည်လွတ်မြောက်

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့မှ ဖမ်းဆီးထိန်းသိမ်းထားခြင်းခံရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်နှင့် ဇနီးဖြစ်သူတို့ ပြန်လည်လွတ်မြောက်လာကြောင်း သတင်းသိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်ရှိ နေအိမ်မှာ ၎င်း၏ ဇနီးဖြစ်သူ ကျောင်းဆရာမ ဒေါ်ခင်မာဦးနှင့်အတူ ဖမ်းဆီးခံရသည့် ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်သည် ယနေ့ (အောက်တိုဘာလ ၁၉ ရက်) တွင် လွတ်မြောက်လာခြင်း ဖြစ်သည်။

ဦးခင်မောင်တင့်၏ ဇနီးဖြစ်သူ ကျောင်းဆရာမ ဒေါ်ခင်မာဦးကိုမူ ယမန်နေ့ (ဖေဖော်ဝါရီလ ၁၈ ရက်) က ပြန်လည်လွတ်မြောက်လာခြင်း ဖြစ်သည်။

တာချီလိတ်ခရိုင်ရဲစခန်းက ဖမ်းဆီးထိန်းသိမ်းထားသည့် မိုင်းဖြတ်မြို့မှ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၏ မြို့နယ် ဥက္ကဌ ဦးအက်စ်မာဂမ်ကိုမူ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅–က အပြင် မိုင်းဖြတ်မြို့ရဲစခန်းကလည်း (ပ)၂၆/၂၀၂၁၊ မတရားအသင်းများအက်ဥပဒေပုဒ်မ ၁၇(၁) ဖြင့် အမှုဖွင့်ထားသည့်အတွက် လွတ်ငြိမ်းခွင့်တွင် မပါဝင်ခဲ့ကြောင်း သိရသည်။

 
 

 

 

Most read this week

December 15, 2025
ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့တွင် စစ်ကော်မရှင်လက်အောက်ခံများမှ ကြိုတင်မဲများ...
December 10, 2025
သျှမ်းသံတော်ဆင့် သတင်းထောက် နန်းခမ်းကူနှင့် ကန္တရဝတီတိုင်း(မ်) သတင်းထောက် ခူးထွေးရယ်တို့...
December 9, 2025
သျှမ်းပြည် ဖယ်ခုံမြို့နယ်ရှိ စစ်ကော်မရှင်တပ်ဖွဲ့ တပ်စွဲထားသည့်နေရာကို ကရင်နီတော်လှန်ရေး...
December 8, 2025
သျှမ်းပြည် မိုးမိတ်မြို့နယ်ရှိ မြစ်ဆုံကျေးရွာအနီးသို့ စစ်ကော်မရှင်တပ်က လေကြောင်းဗုံးကြဲ...