တာချီလိတ်မြို့ NLD အမတ် ဦးခင်မောင်တင့်နှင့် ဇနီး ပြန်လည်လွတ်မြောက်

တာချီလိတ်မြို့ NLD အမတ် ဦးခင်မောင်တင့်နှင့် ဇနီး ပြန်လည်လွတ်မြောက်

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့မှ ဖမ်းဆီးထိန်းသိမ်းထားခြင်းခံရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်နှင့် ဇနီးဖြစ်သူတို့ ပြန်လည်လွတ်မြောက်လာကြောင်း သတင်းသိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်ရှိ နေအိမ်မှာ ၎င်း၏ ဇနီးဖြစ်သူ ကျောင်းဆရာမ ဒေါ်ခင်မာဦးနှင့်အတူ ဖမ်းဆီးခံရသည့် ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်သည် ယနေ့ (အောက်တိုဘာလ ၁၉ ရက်) တွင် လွတ်မြောက်လာခြင်း ဖြစ်သည်။

ဦးခင်မောင်တင့်၏ ဇနီးဖြစ်သူ ကျောင်းဆရာမ ဒေါ်ခင်မာဦးကိုမူ ယမန်နေ့ (ဖေဖော်ဝါရီလ ၁၈ ရက်) က ပြန်လည်လွတ်မြောက်လာခြင်း ဖြစ်သည်။

တာချီလိတ်ခရိုင်ရဲစခန်းက ဖမ်းဆီးထိန်းသိမ်းထားသည့် မိုင်းဖြတ်မြို့မှ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၏ မြို့နယ် ဥက္ကဌ ဦးအက်စ်မာဂမ်ကိုမူ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅–က အပြင် မိုင်းဖြတ်မြို့ရဲစခန်းကလည်း (ပ)၂၆/၂၀၂၁၊ မတရားအသင်းများအက်ဥပဒေပုဒ်မ ၁၇(၁) ဖြင့် အမှုဖွင့်ထားသည့်အတွက် လွတ်ငြိမ်းခွင့်တွင် မပါဝင်ခဲ့ကြောင်း သိရသည်။

 
 

 

 

May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...
May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...