ကျိုင်းတုံ စစ်အာဏာရှင်ဆန့်ကျင်သူ ၇ ဦးကို စစ်ကောင်စီမှ ထောင်ဒဏ် ၃ နှစ်စီချ

ကျိုင်းတုံ စစ်အာဏာရှင်ဆန့်ကျင်သူ ၇ ဦးကို စစ်ကောင်စီမှ ထောင်ဒဏ် ၃ နှစ်စီချ

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့မှ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွင်ပါဝင်သည့် အရပ်သား (၇) ဦးကို စစ်ကောင်စီမှ အမှုချလိုက်ပြီး ထောင်ဒဏ် (၃) နှစ်စီ ချလိုက်ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၉ ရက်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ ဖြင့် တရားစွဲထားခြင်းခံရသည့် ကျောင်းဆရာမ မမီဆော (ခ) နန်းရှဲန်လာ၊ ကျိုင်းတုံ မြို့နယ် NLD အတွင်းရေးမှူး ဦးမြင့်စိုး၊ ဆိုင်ကယ် Taxi မောင်းသူ ဦးမိုးအောင်နှင့် မချော (ခ) ဒေါ်ခင်မမလှိုင်တို့အား ထောင်ဒဏ် ၃ နှစ်စီ ချမှတ်လိုက်ကြောင်း သိရသည်။

“ဒါက အမြင့်ဆုံး ပစ်ဒဏ်လို့တောင် ပြောလို့ရတယ်၊ ဘေး/စီ ပုဒ်မ ၂၅ က ဥပဒေအရဆိုရင် ဒဏ်ငွေနဲ့ ထောင်ခြောက်လက အမြင့်ဆုံးပစ်ဒဏ်ပဲ၊ ခုလို စစ်တပ်ကမတရားဖမ်းတယ်၊ မတရားထောင်ချပြီးတော့ ပစ်ဒဏ်ချတယ်၊ ဒါက သူတို့အနေနဲ့ ဥပဒေကိုမလေးစားတာ၊ ဥပေဒအထက်မှာ ရှိနေတယ်ဆိုပြီး လုပ်ပြနေတာ” ဟု ပစ်ဒဏ်ချမှတ်ခြင်းခံရသူတစ်ဦးရဲ့ မိသားစုဝင်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အတူ ဖေဖော်ဝါရီလ ၁၅ ရက်နေ့က အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲအပြီး အပြန်လမ်းတွင် ဖမ်းဆီးခံရသည့် မောင်ဂျူးလီ၊ မယွန်းလဲ့နန္ဒာနှင့် မနန်းခမ်းဖူးမြတ်တို့ကိုလည်း စစ်တပ်အားဆန့်ကျင်မှုဖြင့်ဟုဆိုတာက ရာဇသတ် ကြီးပုဒ်မ ၅၀၅-က ဖြင့် ဖမ်းဆီးတရားစွဲဆိုထားပြီး ထောင်ဒဏ် (၃) နှစ်စီ ချမှတ်လိုက်သည်။

မောင်ဂျူးလီကိုမူ လိုင်စင်မဲ့မော်တော်ယာဉ်နှင့်အတူ ဖမ်းမိသည်ဟုဆိုကာ သွင်းကုန်ပို့ကုန် ဥပဒေ ပုဒ်မ ၈ ဖြင့်ပါ ထပ်မံတရားစွဲဆိုပြီး ထောင်ဒဏ် ၃ နှစ်ထပ်မံချမှတ်ခဲ့သည်။

ပုဒ်မ ၅၀၅-က မှာ ယခင်က အမြင့်ဆုံးထောင်ဒဏ် ၂ နှစ်ဖြစ်သော်လည်း စစ်တပ်အာဏာသိမ်းပြီးနောက် ပြစ်ဒဏ်ကို အမြင့်ဆုံး ၃ နှစ်အဖြစ် ပြင်ဆင်ကာ စစ်အာဏာသိမ်းမှုဆန့်ကျင်သူများကို စစ်ကောင်စီက ပုဒ်မ ၅၀၅-က ဖြင့် အများအပြား အမှုဖွင့်ခဲ့သည်။

၈ လကျော် ကြာသည်အထိ ဖမ်းဆီးထိန်းသိမ်းထားခြင်းခံရပြီး ထောင်တွင်းမှသာ တရားရင်ဆိုင်နေရသည့် အဆိုပါ ၇ ဦးတို့ကို စစ်ကောင်စီတို့မှ မတရာဖမ်းဆီးထားသည့်အပြင် ရှိရင်းဥပဒေထက်ပိုမိုပြီး ပြစ်ဒဏ်ချမှတ်လိုက်သည့်အတွက် စစ်ကောင်စီလက်ထက် တရားရေးမဏ္ဍိုင်သည် အကျင့်ပျက်နေကြောင်း ပြည်သူများက ဝေဖန်ပြောဆိုနေကြသည်။

May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...
May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...