ဘီးလင်းမြို့တွင် ဗုံးပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ပွား

ဘီးလင်းမြို့တွင် ဗုံးပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ပွား

ဘီးလင်းမြို့တွင် ယနေ့ အောက်တိုဘာ ၁၂ ရက်နေ့ မနက်ပိုင်းတွင် ဗုံးပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ယနေ့ မနက်ပိုင်း ၆ နာရီခန့်တွင် ဘီးလင်းမြို့ ခလရ (၈) အနီး မြန်မာ့စီးပွားရေးဘဏ်ရှေ့တွင် အသံဗုံးတစ်လုံးပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

မနက် ၈ နာရီခန့်တွင်လည်း ဘီးလင်းမြို့ဝင် ဘီးခွန်ကောက်ခံသော စည်ပင်သာယာဂိတ်အနီးတွင် ဗုံးတစ်လုံးထပ်မံပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

"မနက် ၆ နာရီလောက်ဗုံးပေါက်ပြီး နောက်ပိုင်း စည်ပင်ဂိတ်မှာ ထပ်ပေါက်တယ်လို့ သိရတယ်။ မြန်မာ့စီးပွားရေးဘဏ်ရှေ့မှာတော့ မပေါက်သေးတဲ့ ဗုံးတစ်လုံး ထပ်တွေ့တယ်ဆိုလား ကြားမိတယ်။ သူတို့ဘက်ကတော့ စစ်ဆေးတာတွေလုပ်နေတယ်" လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် လူများ ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ စည်ပင်သာယာ ဘီးခွန်ဂိတ်တစ်ခုသာ အနည်းငယ်ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဗုံးပေါက်ကွဲမှုများကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လမ်းပိတ်ဆို့စစ်ဆေးမှုများ ပြုလုပ်နေပါတယ်။

 
 

 

 

Most read this week

August 3, 2026
စစ်အုပ်စု အနေဖြင့် နိုင်ငံတော်သစ်တည်ဆောက်ရေးကို အရှိန်ရအောင် နှစ်နှစ် အချိန်ယူမည်ဖြစ်ပြီး...
July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...
July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...