ဘီးလင်းမြို့တွင် ဗုံးပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ပွား

ဘီးလင်းမြို့တွင် ဗုံးပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ပွား

ဘီးလင်းမြို့တွင် ယနေ့ အောက်တိုဘာ ၁၂ ရက်နေ့ မနက်ပိုင်းတွင် ဗုံးပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ယနေ့ မနက်ပိုင်း ၆ နာရီခန့်တွင် ဘီးလင်းမြို့ ခလရ (၈) အနီး မြန်မာ့စီးပွားရေးဘဏ်ရှေ့တွင် အသံဗုံးတစ်လုံးပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

မနက် ၈ နာရီခန့်တွင်လည်း ဘီးလင်းမြို့ဝင် ဘီးခွန်ကောက်ခံသော စည်ပင်သာယာဂိတ်အနီးတွင် ဗုံးတစ်လုံးထပ်မံပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

"မနက် ၆ နာရီလောက်ဗုံးပေါက်ပြီး နောက်ပိုင်း စည်ပင်ဂိတ်မှာ ထပ်ပေါက်တယ်လို့ သိရတယ်။ မြန်မာ့စီးပွားရေးဘဏ်ရှေ့မှာတော့ မပေါက်သေးတဲ့ ဗုံးတစ်လုံး ထပ်တွေ့တယ်ဆိုလား ကြားမိတယ်။ သူတို့ဘက်ကတော့ စစ်ဆေးတာတွေလုပ်နေတယ်" လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် လူများ ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ စည်ပင်သာယာ ဘီးခွန်ဂိတ်တစ်ခုသာ အနည်းငယ်ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဗုံးပေါက်ကွဲမှုများကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လမ်းပိတ်ဆို့စစ်ဆေးမှုများ ပြုလုပ်နေပါတယ်။

 
 

 

 

Most read this week

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...