ကိုဗစ်တတိယလှိုင်းအတွင်း မွန်မှာ ကူးစက်ခံရသူ (၁၅၀၀၀) ကျော်ရှိ

ကိုဗစ်တတိယလှိုင်းအတွင်း မွန်မှာ ကူးစက်ခံရသူ (၁၅၀၀၀) ကျော်ရှိ

မွန်ပြည်နယ်မှာ ကိုဗစ်တတိယလှိုင်းကာလအတွင်း ကိုဗစ်ရောဂါပိုး ကူးစက်ခံရသူ ၁၅၀၀၀ ကျော်ထိရှိလာပြီး အဲဒီထဲမှာ ကိုဗစ်အတည်ပြုလူနာ ၁၃၀၀ ကျော် သေဆုံးထားတယ်လို့ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီရဲ့ထုတ်ပြန်ချက်ဟာ ဆေးရုံတက်ရောက်ကုသသူ စာရင်းသာဖြစ်တဲ့အတွက်ကြောင့် မြေပြင်အခြေအနေမှာ ဒီထက်အများကြီး ပိုနိုင်ပါတယ်။

မွန်ပြည်နယ် ကိုဗစ်ရောဂါဖြစ်ပွားမှုဟာ အောက်တိုဘာလကစပြီး သိသိသာသာကျဆင်းလာပေမယ့် ရောဂါပိုးကူးစက်ခံရသူနဲ့ သေဆုံးသူတွေ နေ့စဉ်နဲ့အမျှ ရှိနေဆဲဖြစ်ပါတယ်။

ဒါကြောင့် ပြည်သူတွေအနေနဲ့ ကိုဗစ်ရောဂါပိုးကို မပေါ့ဆကြဖို့နဲ့ နေအိမ်အပြင်ထွက်တိုင်း မဖြစ်မနေ Mask တပ်ဆင်ကြဖို့ ကိုဗစ်အရေးကူညီနေသူတွေက တိုက်တွန်းနေပါတယ်။

“ကာကွယ်ဆေးထိုးပြီး သတ်မှတ်စည်းကမ်းချက်တွေနဲ့နေဖို့ တိုက်တွန်းချင်ပါတယ်။ mask တပ်ဖို့နဲ့ လူစုလူဝေးတွေထဲမသွားဖို့ ပြောချင်ပါတယ်”လို့ ဆိုပါတယ်။

မွန်ပြည်နယ်အတွင်းမှာတော့ မော်လမြိုင်၊ သံဖြူဇရပ်၊ ချောင်းဆုံနဲ့ ရေးမြို့နယ်ဟာ ကိုဗစ်ရောဂါပိုးတွေ့ရှိသူနဲ့ သေဆုံးသူအများဆုံး ဖြစ်ပေါ်ခဲ့တာပါ။

လက်ရှိမှာတော့ ပြည်နယ်အတွင်းက ကိုဗစ်ကုသရေးဆေးရုံတချို့ စတင်ပိတ်သိမ်းလာပြီးဖြစ်ပါတယ်။

 
 

 

 

Most read this week

August 3, 2026
စစ်အုပ်စု အနေဖြင့် နိုင်ငံတော်သစ်တည်ဆောက်ရေးကို အရှိန်ရအောင် နှစ်နှစ် အချိန်ယူမည်ဖြစ်ပြီး...
July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...
July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...