ကိုဗစ်တတိယလှိုင်းအတွင်း မွန်မှာ ကူးစက်ခံရသူ (၁၅၀၀၀) ကျော်ရှိ

ကိုဗစ်တတိယလှိုင်းအတွင်း မွန်မှာ ကူးစက်ခံရသူ (၁၅၀၀၀) ကျော်ရှိ

မွန်ပြည်နယ်မှာ ကိုဗစ်တတိယလှိုင်းကာလအတွင်း ကိုဗစ်ရောဂါပိုး ကူးစက်ခံရသူ ၁၅၀၀၀ ကျော်ထိရှိလာပြီး အဲဒီထဲမှာ ကိုဗစ်အတည်ပြုလူနာ ၁၃၀၀ ကျော် သေဆုံးထားတယ်လို့ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီရဲ့ထုတ်ပြန်ချက်ဟာ ဆေးရုံတက်ရောက်ကုသသူ စာရင်းသာဖြစ်တဲ့အတွက်ကြောင့် မြေပြင်အခြေအနေမှာ ဒီထက်အများကြီး ပိုနိုင်ပါတယ်။

မွန်ပြည်နယ် ကိုဗစ်ရောဂါဖြစ်ပွားမှုဟာ အောက်တိုဘာလကစပြီး သိသိသာသာကျဆင်းလာပေမယ့် ရောဂါပိုးကူးစက်ခံရသူနဲ့ သေဆုံးသူတွေ နေ့စဉ်နဲ့အမျှ ရှိနေဆဲဖြစ်ပါတယ်။

ဒါကြောင့် ပြည်သူတွေအနေနဲ့ ကိုဗစ်ရောဂါပိုးကို မပေါ့ဆကြဖို့နဲ့ နေအိမ်အပြင်ထွက်တိုင်း မဖြစ်မနေ Mask တပ်ဆင်ကြဖို့ ကိုဗစ်အရေးကူညီနေသူတွေက တိုက်တွန်းနေပါတယ်။

“ကာကွယ်ဆေးထိုးပြီး သတ်မှတ်စည်းကမ်းချက်တွေနဲ့နေဖို့ တိုက်တွန်းချင်ပါတယ်။ mask တပ်ဖို့နဲ့ လူစုလူဝေးတွေထဲမသွားဖို့ ပြောချင်ပါတယ်”လို့ ဆိုပါတယ်။

မွန်ပြည်နယ်အတွင်းမှာတော့ မော်လမြိုင်၊ သံဖြူဇရပ်၊ ချောင်းဆုံနဲ့ ရေးမြို့နယ်ဟာ ကိုဗစ်ရောဂါပိုးတွေ့ရှိသူနဲ့ သေဆုံးသူအများဆုံး ဖြစ်ပေါ်ခဲ့တာပါ။

လက်ရှိမှာတော့ ပြည်နယ်အတွင်းက ကိုဗစ်ကုသရေးဆေးရုံတချို့ စတင်ပိတ်သိမ်းလာပြီးဖြစ်ပါတယ်။

 
 

 

 

Most read this week

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...