မော်လမြိုင်မြို့ မောင်ငံရပ်ကွက်မှာ ရာအိမ်မှူးတစ်ဦး ပစ်သတ်ခံရ

မော်လမြိုင်မြို့ မောင်ငံရပ်ကွက်မှာ ရာအိမ်မှူးတစ်ဦး ပစ်သတ်ခံရ

မော်လမြိုင်မြို့၊ မောင်ငံရပ်ကွက်ရှိ မီးပ္ပိုင့်အနီးမှာ ဒီကနေ့ အောက်တိုဘာလ (၈) ရက်နေ့ ညနေ့ (၄) နာရီကျော်ခန့်က ရာအိမ်မှူးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

ပစ်သတ်ခံရသူမှာ မောင်ငံရပ်ရှိ ရာအိမ်မှူး ဦးလှဝင်းဆိုသူဖြစ်ပြီး သူရဲ့နေအိမ်အနီးမှာ သေနတ်သမားတွေက (၃) ချက်ခန့် လာရောက်ပစ်သတ်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“သေနတ်သံ (၃) ချက်လောက်တော့ ကြားတယ်၊ ကြားတော့ သွားကြည့်တော့ မီးပ္ပိုင့်အကျော်နားမှာ သွေးအိုင်ထဲမှာ လဲနေတာတွေ့ရတာပေါ့၊  ကျွန်တော်တို့ အနီးကပ်တော့ သွားမကြည့်ရဲဘူး၊ တခြားသူတွေပြောတာတော့ ရာအိမ်မှူးလို့တော့ သိရတယ်၊ အဲ့ဒီနေရာမှာ တစ်ခါတည်း သေသွားတယ်လို့ ပြောနေကြတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အခုလို ရာအိမ်မှူးဦးလှဝင်း ပစ်သတ်ခံရပြီးနောက် ရပ်ကွက်အတွင်း စစ်ကောင်စီလက်အောက်ခံ ရဲနဲ့စစ်သားတွေ ရောက်ရှိလာပြီး စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိ ပစ်သတ်မှုနဲ့ပတ်သက်ပြီး ပြည်သူတွေကို မတရားဖမ်းဆီးနှိပ်စက်ကာ အကြမ်းဖက်လုပ်ငန်းများ ပြုလုပ်နေတဲ့ စစ်အုပ်စုနဲ့ပူးပေါင်းပြီး သတင်းပေး လံပြုလုပ်နေတဲ့ မော်လမြိုင်မြို့ မောင်ငံရပ်ကွက်နေ ဦးလှဝင်းကို လောကကြီးမှ အနားပေးလိုက်ကြောင်း မွန်ပြည်နယ် နွေဦးတော်လှန်ရေးတပ်ဦးက ထုတ်ပြန်ထားပါတယ်။

Most read this week

August 3, 2026
စစ်အုပ်စု အနေဖြင့် နိုင်ငံတော်သစ်တည်ဆောက်ရေးကို အရှိန်ရအောင် နှစ်နှစ် အချိန်ယူမည်ဖြစ်ပြီး...
July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...
July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...