ဘီးလင်းမှာ မီတာခ အတင်းအကြပ် လိုက်လံကောက်ခံနေ

ဘီးလင်းမှာ မီတာခ အတင်းအကြပ် လိုက်လံကောက်ခံနေ

ဘီးလင်းမြို့နယ်အတွင်းက ကျေးရွာတွေမှာ ကျေးရွာမီးလင်းရေးကော်မတီအဖွဲ့တွေက ဒေသခံတွေဆီမှာ မီတာခတွေ အတင်းအကြပ် လိုက်လံကောက်ခံနေတယ်လို့ သိရပါတယ်။

မီတာခတွေကောက်ခံဖို့ ကျေးရွာမီးလင်းရေးကော်မတီတွေကို မြို့နယ်လျှပ်စစ်ရုံးက ညွန်ကြားလာလို့ အတင်းအကြပ် လိုက်လံကောက်ခံတာ ဖြစ်ပါတယ်။

ကျေးရွာတွေမှာ ကိုယ်ထူကိုယ်ထ မီးလင်းရေးဆောင်ရွက်ထားတာဖြစ်ပြီး လျှပ်စစ်မီတာခတွေကိုတော့ ကျေးရွာမီးလင်းရေးကော်မတီတွေကနေတဆင့် မြို့နယ်လျှပ်စစ်ရုံးကို အခွန်ပေးသွင်းရတာဖြစ်ပါတယ်။

လတ်တလောအခြေနေမှာ ကျေးရွာနေပြည်သူတွေက အခြေခံစားသောက်စျေးနှုန်းမြင့်တက်နေတာ၊ စက်သုံးဆီစျေးနှုန်းမြင့်တက်ပြီး အလုပ်အကိုင်အဆင်မပြေကြတာကြောင့် မီတာခတွေကို တစ်ပါတည်းပေးဆောင်ဖို့ အခက်အခဲရှိနေကြတာ ဖြစ်ပါတယ်။

"ကျေးရွာတွေမှာက ကိုယ်ထူကိုယ်ထပေါ့။ မီတာခကောက်ဖို့ကျတော့ မြို့နယ်ကပြောလို့ သူတို့လိုက်ကောက်တာပေါ့။ ဒီအချိန်မှာ စားဖို့တောင် အနိုင်နိုင်ဖြစ်နေကြတာပါ။ အခုတော့ မီခဆောင်ဖို့ လိုက်ပြောနေတာရှိတယ်။ တစ်လုံးတစ်ခဲတည်းပေးဖို့ကျ အခက်ခဲတွေရှိနေကြတယ်" လို့ ဒေသခံတစ်ဦးက သံလွင်တိုင်မ်းကိုပြောပါတယ်။

လျှပ်စစ်မီတာခ မပေးဆောင်ပါက မီးဖြတ်တာအပြင် မီတာပုံးတွေဖြုတ်သိမ်းမယ်လို့ ခြိမ်းခြောက်လာတာ ဖြစ်ပါတယ်။

လတ်တလောအခြေနေမှာ ဘီးလင်းမြို့နယ်အတွင်းမှာရှိတဲ့ အောက်ကွင်းကျေးရွာတွေမှာ မီတာခတွေပေးဖို့ လိုက်လံပြောဆိုနေပြီး KNU နဲ့နီးစပ်တဲ့ ကျေးရွာတွေဘက်မှာ လိုက်လံပြောဆိုမရှိသေးဘူးလို့လည်း သိရပါတယ်။

အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) က အိမ်သုံးလျှပ်စစ်မီတာခတွေကို အခမဲ့ (ကင်းလွတ်ခွင့်) ပေးအပ်ထားတယ်လို့ သြဂုတ်လ ၈ ရက်နေ့မှာ ထုတ်ပြန်ထားတာဖြစ်ပါတယ်။

 
 

 

 

Most read this week

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...