လွှတ်တော်ကိုယ်စားလှယ်ဟောင်း၏ မိခင်အား ပြန်လွှတ်ပေးပြီး သမီးဖြစ်သူအား ဆက်လက်ထိန်းသိမ်းထား

လွှတ်တော်ကိုယ်စားလှယ်ဟောင်း၏ မိခင်အား ပြန်လွှတ်ပေးပြီး သမီးဖြစ်သူအား ဆက်လက်ထိန်းသိမ်းထား

နေအိမ်ကတိမ်းရှောင်နေတဲ့ ရေးမြို့မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမျိုးဝင်းရဲ့ မိခင်နဲ့ သမီးဖြစ်သူအား အောက်တိုဘာလ ၂ ရက်နေ့ညနေပိုင်းက စစ်ကောင်စီတပ်တွေက နေအိမ်ကနေလာရောက်ခေါ်ဆောင်ခဲ့ပြီး ၄ ရက်နေ့နေ့လယ်ပိုင်းမှာတော့ အသက် ၉၄ နှစ်အရွယ် မိခင်ဖြစ်သူကို ပြန်လည်လွှတ်ပေးခဲ့ပေမယ့် သမီးဖြစ်သူကို ဆက်လက်ထိန်းသိမ်းထားပါတယ်။

နေအိမ်ကနေ တပ်ထဲသို့ခေါ်ဆောင်စစ်ဆေးခြင်းခံခဲ့ရတာဖြစ်ပြီး ယခုအခါ ရေးမြို့မရဲစခန်းမှာ ထိန်းသိမ်းထားရှိတယ်လို့ နီးစပ်သူတွေက ဆိုပါတယ်။

"ရဲစခန်းမှာ ထိန်းသိမ်းထားတယ်၊ ဓားစားခံသဘောမျိုးပဲလို့ယူဆလို့ရပါတယ်၊ ဘာမှအပြစ်လုပ်ထားတာမရှိလို့ ဓားစားခံသဘောမျိုးမဟုတ်ဘူးဆိုရင် အမြန်ဆုံး ပြန်လည်စေလွှတ်ပေးမယ်လို့ အားလုံးက မျှော်လင့်နေကြပါတယ်" လို့ နီးစပ်သူတစ်ဦးက ဆိုပါတယ်။

ဦးမျိုးဝင်းမိသားစုနေထိုင်ရာနေအိမ်ကို မကြာခဏ ဝင်ရောက်စစ်ဆေးမေးမြန်းခြင်းခံနေရသလို ပြီးခဲ့တဲ့ မေလ  ၉ ရက်နေ့ နံနက် ၃ နာရီဝန်းကျင်ခန့်က လူနှစ်ဦး ဆိုင်ကယ်နဲ့လာရောက်ပြီးတော့ လက်ပစ်ဗုံးနဲ့ ပစ်သွင်းခဲ့ပါသေးတယ်။

မွန်ပြည်နယ်မှာတော့ NLD ကိုယ်စားလှယ်တွေ၊ ပါတီထောက်ခံသူတွေနဲ့ တက်ကြွလှုပ်ရှားသူတွေကို စစ်ကောင်စီက ရှာဖွေဖမ်းဆီးတာတွေကိုဆက်တိုက် လုပ်ဆောင်နေတာဖြစ်ပြီး ယခုအခါ ဓားစာခံအသွင်ဖမ်းဆီးမှုတွေပါ လုပ်ဆောင်လာတာဖြစ်ပါတယ်။

May 9, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်အစိုးရဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့က တရားဝင်သဖွယ် ခွင့်ပြုထားတဲ့...
May 8, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထီးခီးဒေသတဝိုက်အခြေပြုတဲ့ လှုပ်ရှားနေတဲ့ KTLA တပ်ဖွဲ့ဝင် ၃၀...
May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...
May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...