ထားဝယ်မှာ လူငယ် ၁၀ ဦး ထပ်မံဖမ်းဆီးခံရ

ထားဝယ်မှာ လူငယ် ၁၀ ဦး ထပ်မံဖမ်းဆီးခံရ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှာ အောက်တိုဘာလ ၄ ရက်နေ့က လူငယ် ၁၀ ဦးကို စစ်ကောင်စီတပ်တွေက ထပ်မံဖမ်းဆီးသွားခဲ့ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လူငယ်တွေကို စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပါဝင်တာ၊ ဒလန်တွေကို သတ်ဖြတ်တာ၊ ဖောက်ခွဲရေးလုပ်ငန်းတွေ ပါဝင်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးသွားခဲ့တာ ဖြစ်ပါတယ်။

"စကစ တပ်ဖွဲ့တွေက လူငယ်တွေကို ပိုမိုဖမ်းဆီးလာတာ သတိထားမိတယ်။ မနေ့ကဆိုလည်း လူငယ်တွေ ၁၀ ဦးလောက် ဖမ်းခံရတယ်လို့ သိရတယ်။ တက္ကသိုလ်ကျောင်းသားတွေလည်းပါတယ်။ အချို့ဆို ဘယ်နေရာမှာမှ မပါဝင်တဲ လူငယ်တွေကိုလည်း ဖမ်းဆီးတာတွေလုပ်တယ်" လို့ ဒေသခံတစ်ဦးကပြောပါတယ်။

အောက်တိုဘာ ၄ ရက်နေ့ မနက်ပိုင်းက ထားဝယ်မြို့ ဥသရံရပ်ကွက်အတွင်းမှ လူငယ် ၂ ဦးကို လက်ပြန်ကြိုးတုပ် ဖမ်းဆီးသွားသလို နေ့လည်ပိုင်းမှာ ဆန်းချီရပ်ကွက်မှ ကိုလင်းထက်ပိုင်နဲ့ သူငယ်ချင်းဖြစ်သူ ကိုမြတ်ကျော်တို့ ၂ ဦးကို ဖမ်းဆီးသွားခဲ့ပါတယ်။

ဒါ့အပြင် နေ့လည်ပိုင်းမှာ ထားဝယ်တက္ကသိုကျောင်းသား မောင်ဆောင်းယုထွန်းကို ၎င်းနေအိမ်မှာ စစ်ကောင်စီတပ်တွေက ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။

ညနေပိုင်းမှာ ထားဝယ်မြို့မစျေးကြီးအနီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လမ်းသွားလမ်းလာတွေကို စစ်ဆေးနေစဉ် အမျိုးသမီးငယ် ၃ ဦးကိုလည်း ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

ညပိုင်းမှာ ဝဲကျွန်းထိန်ဟောင်းရပ်ကွက်နေ ကိုကျော်စိုးနှင့် မသန္တာတို့အား ၎င်းတို့နေအိမ်တွေမှာ ဝင်ရောက်ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

ဖမ်းဆီးသွားတဲ့လူငယ်တွေကို မည်သည့်နေရာကို ခေါ်ဆောင်သွားသည်ကို မသိရသေးဘဲ မိသားစုတွေနဲ့ အဆက်သွယ်မရသေးဘူး။

Most read this week

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...