ကျွဲခြံရွာတိုက်ပွဲအပြီး အသက်မပြည့်သေးသည့် ကလေး ၂ ဦးအပါအဝင် ဒေသခံ ၅ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွား

ကျွဲခြံရွာတိုက်ပွဲအပြီး အသက်မပြည့်သေးသည့် ကလေး ၂ ဦးအပါအဝင် ဒေသခံ ၅ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွား

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်ရှိ ကျွဲခြံရွာမှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအပြီး အသက်မပြည့်သေးသည့် ကလေး ၂ ဦးအပါအဝင် ဒေသခံ ၅ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၃ ရက်နေ့ မနက်ပိုင်းမှာ ကျွဲခြံရွာမှာ စစ်ကောင်စီတပ်နှင့်ဒေသခံ ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

"မနေ့က တိုက်ပွဲအပြီး ဒေသခံတွေကို ဓါးစာခံအဖြစ်ခေါ်သွားတာနေမယ်။ သူတို့ဘက်က ထိခိုကိကျဆုံးမှုရှိတယ်လို့ သိရတယ်။ အိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးတာတွေလုပ်သွားတယ်" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

တိုက်ပွဲဖြစ်နေစဉ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကျေးရွာအတွင်းရှိ နေအိမ်တစ်လုံးကို မီးရှို့ဖျက်စီးခဲ့ပါတယ်။

ဒါ့အပြင် လက်နက်ကြီးထိမှန်တာကြောင့် နေအိမ်တစ်လုံးပျက်စီးကာ နေအိမ် ၂ လုံးကိုလည်း ထပ်မံရိုက်ချိုးဖျက်စီးခဲ့ပြီး စျေးဆိုင်ရောင်းချသည့်နေအိမ်မှ ပစ္စည်းများကို ကားဖြင့် သယ်ဆောင်သွားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒေသခံအမျိုးသား ၃ ဦးနှင့်အသက်မပြည့်သေးသည့် ကလေး ၂ ဦး စုစုပေါင်း ၅ ဦးကို ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားပြီးနောက် ကျွဲခြံရွာ ဘုန်းတော်ကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေက သဲချောင်းကြီးရွာဘက်ကို တပ်ပြန်ဆုတ်ပြီး အင်အားဖြည့်တင်းနေတယ်လို့ သိရပါတယ်။

 
 

 

 

May 9, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်အစိုးရဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့က တရားဝင်သဖွယ် ခွင့်ပြုထားတဲ့...
May 8, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထီးခီးဒေသတဝိုက်အခြေပြုတဲ့ လှုပ်ရှားနေတဲ့ KTLA တပ်ဖွဲ့ဝင် ၃၀...
May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...
May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...