ကျိုက်ထိုမှာ ရဲတပ်ကြပ်တစ်ဦးသေနတ်နဲ့ပစ်ခံရပြီး သေဆုံး

ကျိုက်ထိုမှာ ရဲတပ်ကြပ်တစ်ဦးသေနတ်နဲ့ပစ်ခံရပြီး သေဆုံး

ကျိုက်ထိုမြို့နယ်၊ ဖက္ကလိပ်ကျေးရွာနေ ရဲတပ်ကြပ်တစ်ဦး အောက်တိုဘာလ ၃ ရက်နေ့ ညနေပိုင်းက သေနတ်နဲ့ပစ်သတ်ခံရပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။

သေဆုံးသူမှာ ကျိုက်ထိုမြို့မရဲစခန်းမှ ရဲတပ်ကြပ် ကျော်စိုးမိုးဆိုသူဖြစ်တယ်လို့ သိရပါတယ်။

ယနေ့ညနေ ၆ နာရီခန့်မှာ ဖက္ကလိပ်ကျေးရွာ အုပ်ချုပ်ရေးရုံး အနီးတွင် နေထိုင်သော ရဲတပ်ကြပ် ကျော်စိုးမိုး နေအိမ်ကို ဆိုင်ကယ်ဖြင့်လာသည့် အမည်မသိ သေနတ်သမား တစ်စုက ဝင်ရောက်ပစ်ခတ်သွားတယ်လို့ သိရပါတယ်။

"သူအိမ်ရှေ့မှာ တံမြက်စည်းလှည်းနေတယ်ဆိုလားပဲ အဲ့အချိန်မှာ လာပစ်သွားတာ။ သေနတ် ၆ ချက်ပစ်ခံရတယ်လို့ သိရတယ်။ သေသွားတယ်" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ရဲတပ်ကြပ် ကျော်စိုးမိုးသေနတ်နဲ့ပစ်ခတ်ခံရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်ရှိစစ်ဆေးနေပြီး ပစ်ခတ်သွားသူတွေကို လိုက်လံရှာဖွေနေတယ်လို့ သိရပါတယ်။

 
 

 

 

May 9, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်အစိုးရဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့က တရားဝင်သဖွယ် ခွင့်ပြုထားတဲ့...
May 8, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထီးခီးဒေသတဝိုက်အခြေပြုတဲ့ လှုပ်ရှားနေတဲ့ KTLA တပ်ဖွဲ့ဝင် ၃၀...
May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...
May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...