Published
Monday, October 04, 2021
ရှမ်းမြောက် မုံးကိုးမြို့နယ်ထဲ စစ်ကောင်စီတပ်ဖွဲ့နဲ့ ကိုးကန့်တပ်ဖွဲ့အကြား တိုက်ပွဲတွေပြန်လည်ပြင်းထန်
တရုတ်-မြန်မာနယ်စပ် မုံးကိုးမြို့နယ်ထဲမှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ကိုးကန့်တပ်ဖွဲ့တွေအကြား ဒီရက်ပိုင်းအတွင်း တိုက်ပွဲတွေ အပြင်းအထန် ပြန်လည်ဖြစ်ပွားနေပါတယ်။
ကယားပြည်နယ် လွိုင်ကော်အနီးမှာလည်း စက်တင်ဘာလကုန်ပိုင်းက ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေဟာ ဒီးမော့ဆိုမြို့နယ်ထဲမှာ သုံးရက်အတွင်း အိမ်အလုံး ၅၀ ခန့်ကို ဖျက်ဆီးပစ်ခဲ့ပါတယ်။






