Published
Monday, October 04, 2021
ချင်းပြည်နယ်အတွင်း မြို့နယ် ၈ မြို့နယ်မှာ ဆက်သွယ်ရေးအင်တာနက်လိုင်းတွေကို စစ်ကောင်စီကဖြတ်တောက်ထား
စစ်ကောင်စီတပ်ဖွဲ့နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲပြင်းထန်နေတဲ့ ချင်းပြည်နယ်အတွင်း မြို့နယ် ၈ မြို့နယ်မှာ ဆက်သွယ်ရေးအင်တာနက်လိုင်းတွေကို စစ်ကောင်စီက ဖြတ်တောက်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ငလိုင်ကျေးရွာက ခရစ်ယာန်အမှုတော်ဆောင်ပါစတာ ဦးငိုင်ကုံးကို စစ်ကောင်စီကဖမ်းဆီးသွားပြီး မိသားစုဝင်တွေနဲ့လည်း တွေ့ခွင့်မပေးဘူးလို့ မတူပီမြို့ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီက ပုဒ်မ ၅၀၅(က)နဲ့အမှုဖွင့်အရေးယူထားတဲ့ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့က ချင်းလူငယ် ၅ ဦးထဲကတစ်ဦးဖြစ်တဲ့ ဦးရာကျော် ပြန်လည်လွတ်မြောက်လာပြီလို့ သိရပါတယ်။






