မွန်ကဈေးတချို့ ပုံမှန်အတိုင်း ရောင်းချခွင့်ပြန်ပေး၊ မော်လမြိုင်ရဲ့ အဓိကဈေးတွေ မပါဝင်

မွန်ကဈေးတချို့ ပုံမှန်အတိုင်း ရောင်းချခွင့်ပြန်ပေး၊ မော်လမြိုင်ရဲ့ အဓိကဈေးတွေ မပါဝင်

မွန်ပြည်နယ်ရဲ့ မြို့နယ်တချို့က ဈေးတွေကို ပုံမှန်အတိုင်း ပြန်လည် ဖွင့်လှစ် ရောင်းခွင့်ပေးအပ်လိုက်ပေမယ့် မော်လမြိုင်ရဲ့ အဓိကဈေးတွေဖြစ်တဲ့ အမှတ် ၁ ဈေးနဲ့ မြိုင်ရတနာဈေးတွေ မပါဝင်သေးဘူးလို့ သိရပါတယ်။

နေအိမ်အတွင်း နေထိုင်ဖို့ Stay at Home မသတ်မှတ်ထားတဲ့ ကျိုက်ထို၊ ပေါင်၊ ကျိုက်မရော၊ မုဒုံနဲ့ရေးမြို့နယ်တွေမှာရှိတဲ့ စည်ပင်သာယာဈေးတွေကို ပုံမှန်အတိုင်း ရောင်းချခွင့် ပေးအပ်လိုက်တာ ဖြစ်ပါတယ်။

စစ်ကောင်စီဟာ ကိုဗစ်ကပ်ရောဂါကြောင့် ဈေးတွေမှာ အခြေခံစားသောကုန်နဲ့ ဆေးဝါးတွေကိုသာ ရောင်းချဖို့နဲ့ ကျန်ကုန်ပစ္စည်းဆိုင်တွေကို ဖွင့်လှစ်ရောင်းချခွင့် ကန့်သတ်ထားတာ ဖြစ်ပါတယ်။

“မနေ့ညကမှ ဆိုင်ခန်းတွေပြန်ဖွင့်ခွင့်ရပြီးလို့ သိရတယ်။ ဒီနေ့မနက်မှာတော့ ဆိုင်သွားပြန်ဖွင့်တယ်၊ ဆိုင်တွေအတော်များများလည်း ပြန်ဖွင့်ကြပါတယ်” လို့ ကျိုက်ထိုမြို့ ပြည်သူ့ဈေးက ဆိုင်ခန်းပိုင်ရှင် တစ်ဦးက ပြောပါတယ်။

နေအိမ်အတွင်း နေထိုင်ဖို့ Stay at Home သတ်မှတ်ထားတဲ့ မော်လမြိုင်၊ သထုံ၊ ဘီးလင်း၊ သံဖြူဇရပ်နဲ့ ချောင်းဆုံမြို့နယ်က ဈေးတွေကတော့ ပုံမှန်အတိုင်း ဖွင့်လှစ်ရောင်းချခွင့်မရသေးပါဘူး။

ပုံမှန်အတိုင်း ရောင်းချခွင့်မရသေးတဲ့ ဈေးတွေကိုတော့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက Stay at Home အစီအစဉ်က ပယ်ဖျက်ပေးမယ်ဆိုရင် ပြန်လည် ဖွင့်လှစ်ခွင့်ပေးအပ်သွားမယ်လို့ မွန်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဈေးတွေအားလုံး ပုံမှန်အတိုင်း ဖွင့်လှစ်ရောင်းချခွင့် မရသေးတဲ့အတွက်ကြောင့် ဈေးတွေအပေါ် မှီခိုလုပ်ကိုင်စားသောက်နေရတဲ့ မိသားစု ထောင်ချီ စားဝတ်နေရေး အခက်အခဲရှိလာကြတာ ဖြစ်ပါတယ်။

 
 

 

 

Most read this week

ဓါတ်ပုံ - ပုံဟောင်း (Crd)
August 4, 2026
မွန်ပြည်တွင် စစ်တပ်က ကျားဖြန့်လုပ်ငန်းများမှ သိမ်းဆည်းထားသည့် လူအသုံးအဆောင် ပစ္စည်းများကို...
August 3, 2026
စစ်အုပ်စု အနေဖြင့် နိုင်ငံတော်သစ်တည်ဆောက်ရေးကို အရှိန်ရအောင် နှစ်နှစ် အချိန်ယူမည်ဖြစ်ပြီး...
July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...
July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...