Published
Wednesday, September 29, 2021
DKBA ဒုဗိုလ်ချုပ်ကြီးစောစတီးကို စစ်ဦးစီးချုပ်နေရာနဲ့ ဒုစစ်ဦးစီးချုပ်တာဝန်ပူးတွဲထမ်းဆောင်သွားဖို့ခန့်အပ် (စက်တင်ဘာလ ၂၉၊ ၂၀၂၁)
DKBA ရဲ့ ဒုတိယဗိုလ်ချုပ်ကြီးစောစတီးကို လစ်လပ်နေတဲ့ စစ်ဦးစီးချုပ်နေရာနဲ့ ဒုစစ်ဦးစီးချုပ်တာဝန်ကိုပါ ပူးတွဲထမ်းဆောင်သွားဖို့ ခန့်အပ်လိုက်ပါတယ်။
KNU တပ်မဟာ-၅ နယ်မြေမှာ စက်တင်ဘာလအတွင်း စစ်ကောင်စီနဲ့ နှစ်ဖက်ထိတွေ့တိုက်ပွဲ တိုးလာသလို စစ်ကောင်စီဘက်ကလည်း အကျအဆုံးပိုများလာတယ်လို့ KNU ရဲ့ တိုက်ပွဲမှတ်တမ်းမှာ ဖော်ပြထားပါတယ်။
ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွေမှာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေးနေတဲ့တစ်ချိန်တည်းမှာပဲ ရောဂါကူးစက်မှု ဆက်လက်ဖြစ်ပွားနေတဲ့အတွက် ရောဂါကာကွယ်ရေး လမ်းညွှန်ချက်တွေကို လိုက်နာဆောင်ရွက်ဖို့ အရေးကြီးတယ်လို့ ကျန်းမာရေးတာဝန်ရှိသူတွေက ဆိုပါတယ်။






