Published
Saturday, September 25, 2021
မြစ်ကြီးနားမြို့ကို ရောက်ရှိလာတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် ကို
မြို့တွင်းလုံခြုံရေးအထပ်ထပ်ချထားတဲ့ကြားက Kachin State Civilian Movement စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြလူငယ်အဖွဲ့နဲ့ အခြေခံပညာကျောင်းသားသမဂ္ဂအဖွဲ့က ဆန္ဒပြခဲ့ကြပါတယ်။
ရှမ်းပြည်မြောက်ပိုင်း မုံးကိုးဘုရားကျောင်းဝန်းအတွင်း တိမ်းရှောင်ခိုလှုံနေတဲ့စစ်ဘေးရှောင်ပြည်သူ ၁၀၀ ကျော် ကိုဗစ်ရောဂါကူးစက်ခံရတာကြောင့် စစ်ဘေးရှောင်တွေဆေးကုသဖို့အတွက် ကူညီထောက်ပံ့မှုတွေ အရေးပေါ် လိုအပ်နေတယ်လို့ သိရပါတယ်။
World Food Program (WFP)က စစ်ဘေးရှောင်ပြည်သူတွေအတွက် လစဉ် ပံ့ပိုးပေးနေတဲ့ကူညီထောက်ပံ့မှု ပြတ်တောက်သွားတဲ့ ၃ လစာအတွက် ပြန်လည်ပေးနေပြီဖြစ်တယ်လို့ သိရပါတယ်။






