စလင်း NLD မြို့နယ် အလုပ်အမှုဆောင်တစ်ဦး ပစ်သတ်ခံရ

စလင်း NLD မြို့နယ် အလုပ်အမှုဆောင်တစ်ဦး ပစ်သတ်ခံရ

စလင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ မြို့နယ်အလုပ်အမှုဆောင်တစ်ဦး စက်တင်ဘာလ ၁၄ ရက်နေ့ တွင် ပစ်သတ်ခံခဲ့ရသည်ဟု မိသားစုဝင်များက ပြောသည်။

သေဆုံးသွားသူမှာ မကွေးတိုင်းဒေသကြီး စလင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ မြို့နယ်အလုပ်အမှုဆောင်တစ်ဦးဖြစ်သူ ကိုနိုင်လင်း ဖြစ်သည်ဟု ဒေသခံများနှင့် မိသားစုဝင်များက ပြောသည်။

ကိုနိုင်လင်း၏ နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့များက ယနေ့တွင် သေနတ်ဖြင့်ဝင်ပစ်ပြီးနောက်ပိုင်း သေဆုံးသွားခြင်းဖြစ်သည်။

စလင်းမြို့၊ ဝန်းရကျေးရွာအုပ်စု၊ ခင်ပလူကျေးရွာရှိ ကိုနိုင်လင်းအိမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ပစ်စဉ် အစောပိုင်းက ကိုနိုင်လင်းထွက်ပြေးသွားနိုင်ခဲ့သည်။ ထွက်ပြေးသွားသော်လည်း သေနတ်မှန်/မမှန်ကို မသိရကြောင်း ကိုနိုင်လင်း၏ဇနီးက ပြောသည်။

ထို့နောက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့များက ညနေ ၅ နာရီခွဲအချိန်ခန့်တွင် ကိုနိုင်လင်း၏အလောင်းကို စလင်းဆေးရုံကို ပို့သွားသည်ဟု သိရကြောင်း ဇနီးသည်က ပြောသည်။

”ကိုနိုင်လင်းက ဘယ်လိုပြေးပြီး ဘယ်နေရာမှာသေလဲဆိုတာ မသိရပါဘူး” ဟု ကိုနိုင်လင်း၏ ဇနီးက ပြောသည်။

ဇနီးသည်, သည် ဆေးရုံက အကြောင်းကြားလာမှသာ သေဆုံးကြောင်း သိရသည်ဟု ဆိုသည်။

စလင်းလမ်းဆုံတွင် ဦးခေါင်း သေနတ်မှန်ဒဏ်ရာဖြင့် သေဆုံးနေသည့် ကိုနိုင်လင်း၏အလောင်းကို ယခုခါ ဆေးရုံသို့ ပို့ဆောင်ထားခြင်းဖြစ်ပြီး ရဲဘက်က ဖမ်းဆီးစဉ် ခုခံ၍ ပစ်ခတ်ဖမ်းဆီးခြင်းဖြစ်သည်ဟု ရဲဘက်က ဖြေရှင်းချက်ပေးကြောင်း ကိုနိုင်လင်း၏ မိတ်ဆွေတစ်ဦးက ပြောသည်။

ကိုနိုင်လင်းသည် ၂၀၂၀  ပြည့်နှစ်၊ နိုဝင်ဘာလတွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် မဲရုံကိုယ်စားလှယ်အဖြစ်လည်း ဆောင်ရွက်ခဲ့ဖူးကြောင်း သိရသည်။  

ကိုနိုင်လင်းသည် ပုသိမ်-မုံရွာ လမ်းမပေါ်၊ ငါးလှိုင်တွင်းကျေးရွာလမ်းဆုံတွင် ကုန်စုံဆိုင်ဖွင့်ထားပြီး ကျန်းမာရေးမကောင်း၍ လင်းဇင်းဆေးရုံတွင် ဆေးကုသမှုခံယူနေကာ လက်ရှိတွင်လည်း ကျန်းမားရေးအခြေအနေ သိပ်မကောင်းဘူးဟု ဆိုသည်။

သေဆုံးသူ ကိုနိုင်လင်းတွင် ဇနီး၊ အသက် ၉ နှစ်အရွယ် သမီးတစ်ဦးနှင့် အသက် ၇ နှစ်အရွယ်သားတစ်ဦး ကျန်ရစ်ပြီး အလောင်းကို ပြန်ပေးမည် မပေးမည်ကိုလည်း မသိရသေးဘူးဟု မိသားစုဝင်များနှင့် မိတ်ဆွေများက ပြောသည်။

 
 

 

 

Most read this week

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...